"ရှင်.."
"ဘာလဲ"
သူမကို သူ့ပေါင်ပေါ် ခေါ်ထားတော့ သူမ နေရခက်လာတယ် သူမ ထ ဖို့ပြင်လိုက်တယ် သူက လက်နဲ့ သူမ ပခုံးကို ဖိထားတယ် သူမ အသက်ပြင်းပြင်းရှူလိုက်တယ်
"ဘာလုပ်တာလဲ"
"ဘာလုပ်လို့"
"ရှင်လုပ်နေတာရှင်သိလေ"
"ဘာလဲ ငါ့ပေါင်ပေါ်ထိုင်ရတာ ဇိမ်မရှိလို့လား"
"ရှင် ဘာဖြစ်နေတာလဲ ဖယ်"
သူမ သူလက်ကိုဖယ်လိုက်တယ် သူမ ထ ပြီးတော့
"ရှင် နဲ့ ကျမ ဘာမှ ဆိုင်တာ မဟုဘူးနော် ဒီရေလှိုင်း"
သူ မျက်မှောင်ကြုတ်သွားတယ်
"ရှင် ကျမကို လုပ်ချင်တိုင်းလုပ်လို့မရဘူး"
"စမ်းရေကြည်"
သူအေးစက်စက်ခေါ်လိုက်တယ်
"မင်း ဗိုက်ထဲမှာ ခလေးမရှိရင် မင်း အဲ့စကားကို ထပ်မပြောအောင်ငါလုပ်လို့ရတယ်နော်"
"ကျမ ဗိုက်ထဲမှာ ခလေးမရှိရင် ရှင်နဲ့လဲတွေ့စရာအကြောင်းမရှိဘူး"
သူမက သူထင်ထားတာထက် စကားကိုလက်ပေါက်ကပ်အောင်ပြောတတ်တာပဲ
သူမ ကုတင်ပေါ်တက်အိပ်လိုက်တယ် သူမ အိပ်တော့ ဒီရေလဲ ကုတင်ပေါ်တက်လာတယ်
ဒီရေ သူမ ကိုကုတင်ပေါ်မှာမြင်တော့ အဲ့ညက အဖြစ်အပျက်က မျက်လုံးထဲ ပေါ်လာတယ်
သူ သူမဘေးမှာ အသာအယာလှဲလိုက်တယ် တိတ်ဆိတ်တဲ့ ညလေးပေါ့
"ဒီရေလှိုင်း"
သူမ အသံက တိတ်ဆိတ်တာလေးကို ဖောက်ထွင်းလိုက်တယ်
"ကျမ တို့က ဒီလို အတူရှိနေရလောက်တဲ့အထိ မပက်သက်ဘူးမလား"
သူ တိတ်နေတယ်
"ရှင်နဲ့ကျမ ကဘာလဲ သူငယ်ချင်းလဲမဟုဘူး သမီးရည်းစားလဲမဟုဘူး လက်ထပ်ထားတာလဲမဟုဘူး ဒါပေမဲ့ ရှင်နဲ့ တစ်ကုတင်တည်းအိပ်နေရတယ် ကျမတို့ဆက်ဆံရေးကဘာလဲ"
သူ သူမ ပြောတာကို မဖြေ
"ငါ့မှာ အဖြေမရှိဘူး သေချာကတော့ မင်းနဲ့ငါ ဘာမှမပက်သက်တာပဲ"
သူ့အသံကြားတော့ သူမ မျက်လုံးက စူးရှသွားတယ် သူမ ထ လိုက်တယ် ကုတင်ပေါ်ကဆင်းပြီး တံခါးဖွင့်မယ်လုပ်တော့
"မင်း ဘယ်သွားမို့လဲ"
"ကျမ တခြားအခန်းသွားမို့"
"မင်းကို ငါပြောပြီး...."
ဒီရေဆုံးအောင်ပင် မပြောလိုက်ရသေးဘူး သူမဖြတ်ပြောလိုက်တယ်
"ကျမက မိန်းမပျက်မဟုဘူး ဒီရေလှိုင်း"
"မင်းကို ငါမိန်းမပျက်လို့ငါမပြောဘူး"
"မှန်တယ် ရှင်မပြောဘူး ရှင်လုပ်နေတဲ့ ပုံစံတွေက ကျမက လုံးဝ မိန်းမပျက်ဖြစ်နေပြီ"
ဒီရေ မျက်မှောင်ကြုတ် ပြီး စဥ်းစားတဲ့ပုံလုပ်တယ်
"ဘယ်ပုံစံလဲ"
"ရှင် ကျမကို ခွင့်ပြုချက်မတောင်းပဲ နမ်းတယ် ကျမ ရှင်နဲ့တစ်ကုတင်တည်းအိပ်ရတယ် ကျမ ကိုရှင့်အပိုင်လိုမျိုး အမြဲလာချုပ်ချယ်တယ်"
"အဲ့တာက. ..."
"ဘာလဲ ခလေးကြောင့်လို့ပဲ ပြောအုံးမှာလား
ကျမလဲ လူပဲ ခံစားတတ်တယ် ကျမလေ ရှင် ကျမကို နမ်းတုန်းက ကျမ တို့ကဘာတွေလဲ ဆိုတာကိုတွေးမရဘူး ဒီရေလှိုင်း ကျမ က မိကောင်းဖခင်က မွေးလာတဲ့ မိန်းမတစ်ယောက် ရှင့်ဆီ မှာ အဲ့လိုဆက်ဆံခံနေစရာအကြောင်းမရှိဘူး"
သူမ မျက်ရည်တွေစီးကျလာတဲ့ သူမ ခံစားနေရတာကို ပွင့်ပွင့်လင်းလင်းပြောလိုက်တယ်
"ငါ့အမူအရာတွေက မင်းအပေါ် အဲ့လိုခံစားစေရတာလား"
"ကျမ တခြားအခန်းသွားအိပ်မယ် ရှင့်ခွင့်ပြုချက် မလိုဘူး ကျမကိုတခြားအခန်းအိပ်ခွင့်မပြုရင် ကျမ ပြန်မယ်"
သူမ ထွက်သွားတယ် ဒီရေ စဥ်းစားနေမိတယ် အမှန်တကယ်ဆို သူ သူမအပေါ်ကိုခံစားချက်မရှိပါ သူမ အပေါ် ယောက်ျားတစ်ယောက်အနေနဲ့ လိုချင်တပ်မက်မူကတော့ မကြာခနပေါ်လာတယ် သူအဲ့တာကြောင့်ပဲ သူမကို အဲ့လိုလုပ်ရပ်တွေလုပ်နေမိတယ်
စမ်းရေကြည် မနေ့က ငိုမိပြန်တယ် သူမ ငိုတာတွေများနေပြီပဲ သူမ ရေမိုးချိုးပြီး အောက်ထပ် ဆင်းလာတော့
"မင်းနောက်ကျတယ်နော်"
"အင်း"
ဒီရေ ကော်ဖီ သောက်ရင်း မေးလိုက်တော့ သူမကလဲ မနက်စာ စားဖို့ ဝင်ထိုင်ရင်းဖြေလိုက်တယ်
"ငါနိုင်ငံခြားကို ခရီးသွားရမယ် မင်းအတွက် လိုအပ်တာတွေ အကုန်ပြင်ဆင်ခဲ့တယ်"
"အင်း"
"မင်းအပေါ် လုပ်မိတဲ့ လုပ်ရပ်တွေအတွက် sorry"
"ရပါတယ်"
"ok ငါသွားp"
ဒီရေ ထွက်သွားတယ် သူ့ခရီးဆောင်အိတ်ကို လင်းသန့်က နောက်က သယ်ပေးတယ် ဒီရေ ဒီတစ်ခေါက်ခရီးက ကြာနိုင်တယ် သူ U.Sမှာကုမ္ပဏီ ကိစ္စရယ် သူရဲ့ မှောင်ခို လုပ်ငန်းတွေရယ် အတွက် သွားစီစဥ်ရမယ်
"ကြီးကြီးမေခ"
"ပြောပါ မမလေး"
"သူ ခရီးထွက်တာ ဘယ်လောက်ကြာမှာလဲ"
"အဲ့တာတော့ ကြီးမေခလဲ သေချာမသိဘူး သခင်လေး တစ်ခါတစ်လေဆို တစ်နှစ် နှစ်နှစ်ကြာတယ် တစ်ခါတစ်လေကျတော့ ခြောက်လ လောက်ကိုကြာတယ်"
"အော်.."
သူမ မနက်စာစားရင် တွေးနေတယ်'အဲ့တာလဲ ကောင်းတာပဲ ငါ့ဘာသာလွပ်လွပ်လပ်လပ် နေရတယ်'
တစ်လတစ်လ ကျော်လွန်ပြီးတဲ့နောက် သူမ ဗိုက်တစ်ဖြည်းဖြည်း ပူလာတယ် လူကလဲ တော်တော်စားလာတယ် သူမ နောက်လ ဆို မွေးတော့မယ် သူမ ညဘက်လဲ ကောင်းကောင်းအိပ်မရပေ။ဟိုလှိမ့် ဒီလှိမ့်ဖြစ်နေတယ် အခုလဲ အိပ်မပျော် ဗိုက်ကလဲ ဆာလာတယ် သူမ အခန်းက အပေါ်ထပ် မဟုပဲ အောက်ထပ်ကိုရွှေ့လိုက်တယ် သူမ သွားရ လာရ လွယ်ကူအောင်ပေါ့ သူမ အခုဗိုက်ဆာတော့ နေ့လည်က ကြီးမေခ ဝယ်လာတဲ့ ကိတ်မုန့်ကျန်သေးတာကို သတိရတော့ သူမ ဘေးမှာ အိပ်နေတဲ့ ကြီးမေခ မသိအောင် ဖြည်းဖြည်းချင်း ထ လိုက်တယ် မီးဖိုချောင်မီး ဖွင့်လိုက်တယ်
ဒီရေ သူမကို cctvကနေ ကြည့်နေတယ် သူ အလုပ်တွေနားပြီး အိမ်က cctvကိုကြည့်ဖို့ပြင်တော့ အိပ်ချိန်ရောက်နေတာသိပေမဲ့ ခနတော့ ဝင်ကြည့်မယ်လုပ်တော့ မီးဖိုချောင်မှ သူမကို တွေ့တယ် 'တော်တော် ဝ လာတာပဲ' သူမ ဘာလုပ်မလဲ စောင့်ကြည့်နေလိုက်တယ်
စမ်းရေကြည် ရေခဲသေတ္တာကိုဖွင့်လိုက်တော့ ကိတ်မုန့်ကိုတွေ့တော့ ပျော်သွားတယ် သူမ ယူလိုက်တယ် သူမ စားပွဲကို ယူလာတော့ ရုတ်တရက် ဗိုက်ကအောင့်လာတယ် သူမ ဘေးဘက်က တန်းတစ်ခုကို ကိုင်လိုက်တယ်
ဒီရေ သတိထားမိသွားတယ် သူမ ကြည့်ရတာ ဗိုက်က တစ်ခုခုဖြစ်နေပုံပဲ 'သူမွေးတော့မှာလား ဟာ မဖြစ်နိုင်ပါဘူး သူက နောက်လရက်ချိန်းပဲဟာ'သူ ဆက်ကြည့်နေတယ် သူမ လက်က ကိတ်မုန့်ပန်းကန်ပြုတ်ကျသွားတယ် သူမ ဗိုက်ကိုကိုင်ရင် တဖြည်းဖြည်းထိုင်ချတယ်
"ကြီးမေခ"
သူမ ခေါ်ပေမဲ့ အသံက သိပ်မထွက်
ဒီရေ လဲ ခြေမငြိမ်တော့ သူမ တစ်ခုခုဖြစ်နေပြီ
"လင်းသန့်"
သူ အခန်းရှေ့က လင်းသန့်ကို ခေါ်လိုက်တယ်
"ဗျာ ဘော့စ်"
"ငါ့အိမ်မှာ ရှိနေတဲ့ မင်းလူတွေ သတိပေးလိုက် မီးဖိုးခန်းကို ချက်ချင်းသွားလို့"
"ဟုကဲ့ ဘော့စ်"
"မြန်မြန်လုပ်"
သူ cctvကို အာရုံစိုက်နေတယ် သူမ လဲနေပြီ
လူကလဲ ဒေါသထွက်နေပြီ လင်းသန့်လဲ သူ့လူတွေကို မြန်မြန်ခေါ်နေတယ်
"ဟျောင့် မရသေးဘူးလား"
"သွားနေပါပြီ ဘော့စ်"
ကြီးကြီးမေခ ကော စံအိမ်က လူတွေကော မီးဖိုခန်းထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ် ဆေးရုံကားက်ိုခေါ်လိုက်တယ်
ဒီရေ စိတ်ပူတုန်းပဲ ခလေး တစ်ခုခုဖြစ်ရင် စံအိမ်ကလူတွေ အကုန်အသေပဲ ဆိုပြီးကြိမ်းနေတယ်
"ဘော့စ် စိတ်အေးအေးထားပါ ဆေးရုံကို ရောက်နေပြီတဲ့"
"ဘာတဲ့လဲ"
"မွေးခန်းထဲမှာတဲ့"
"မွေးတော့မှာလား"
"ဟုပါတယ်ဘော့စ် အချင်းပေါက်သွားတာတဲ့"
ဒီရေ ဟိုသွား ဒီသွားလုပ်နေတယ် လင်းသန့်လဲ စိတ်အေးအေးထားသာပြောလိုက်တာ သူလဲ တကယ်တော့ စိတ်ပူမိသည် 'မတော်လို့ အသေလေးမွေးလာရင်' ဆိုတာကိုတွေးပြီး ခေါင်းခါလိုက်တယ်' ငါဘာတွေတွေ တွေးနေတာလဲ'
"မင်း ဘာဖြစ်နေတာလဲ"
"ဘာမှဖြစ်ပါဘူး ဘော့စ်"
ထိုအချိန် ဟိုဘက်က လင်းသန့်ကို ဆက်သွယ်လာတယ်
"ဘော့စ် မွေးပြီတဲ့"
"ဘာလေးလဲ"
"ယောက်ျားလေး"
"yes.."
ဒီရေ အပျော်လွန်ပြီး လင်းသန့်ကိုဖက်လိုက်တယ် လင်းသန့်လဲ ကြောင်သွားတယ် ဒီရေ မျက်နှာက တော်တော်ကိုပျော်မိတယ် သူ့သွေးသားဆိုတဲ့ အတွေးနဲ့ တင်ပျော်မိတယ်
စမ်းရေကြည်မှာတော့ အသက်ကိုပင်လု ရှူနေရ ထိုအချိန် ခလေးချီလာတဲ့ ဆရာဝန်
"ယောက်ျားလေးပါ ခလေးက ကျန်းကျန်းမာမာပါပဲ အကုန်စစ်ဆေးပြီးပါပြီ ပေါင်လည်းပြည့်ပါတယ်"
သူမ ဘေးနားလေး လာသိပ်ပေးလိုက်တယ်
သူမ ခလေးမျက်နှာမြင်ပြီး ပြုံးလိုက်တယ် သူမ မျက်ဝန်းအိမ်ထဲကနေ မျက်ရည်ဥလေးတွေ ထွက်ကျလာတယ် သူမ သူ့သားလေး သေးသေးလေးပါးကို တို့လိုက်တယ်
ဒီရေ ထိုပုံကိုတွေ့တော့ ပြုံးမိတယ် ခွဲခန်းထဲမှာ ခလေး ပါးကို တို့ရင်း မျက်ရည်ကျနေတဲ့ သူမ သူလဲ မျက်ရည် ကျလာမိတယ် ထိုပုံကို သူ့တပည့်တစ်ယောက်က ရိုက်ပို့လိုက်တာပါ
သူမ မွေးမှန်းသိတော့ နှိုင်းနဲ့ ဂျူလီ အပြေးရောက်လာတယ် ညသန်းခေါင်ကြီး ဖုန်းလာဆက်တော့ သူမ တို့မှာ အိပ်ချင်စိတ်ပင် ပျောက်တယ် သူမ တို့ကိုခေါ်တာကတော့ ဒေါ်မေခပါ
နှိုင်းနဲ့ ဂျူလီ ဆေးရုံကို အပြေးရောက်လာတယ် ကောင်တာနားရောက်တော့
"ဆရာမ စမ်းရေကြည်ဆိုတဲ့ ကိုယ်ဝန်ဆောင်သည်က အခန်းဘယ်လောက်လဲမသိဘူး"
ဂျူလီ မြန်မြန်ပင်မေးလိုက်တယ် သူတို့နှစ်ယောက်ကြည့်ရတာတော်တော်မောနေပုံ
"ဟုကဲ့ အခန်းနံပါတ်****မှာပါ"
သူမ တို့သိသိချင်းပြေးသွားလိုက်တယ် သူမ တို့ ခွဲခန်းရှေ့မှာ ဒေါ်မေခကိုတွေ့တော့
"ကြီးကြီးမေခ"
"ဘာတဲ့လဲ"
"ယောက်ျားလေးတဲ့"
"ခလေးကကော ကျန်းမာရေးကောင်းလား စမ်းရေကော တစ်ခုခုဖြစ်မသွားဘူးမလား"
"ဂျူလီရယ် ဖြေဖြေမေးပါ"
"ခလေးလဲအကုန်ကောင်းတယ် မိခင်လဲ ဘာမှမဖြစ်ဘူး"
"အမယ်လေး တော်ပါသေးရဲ့"
"ကြီးကြီးမေခကို ကျေးဇူးတင်ပါတယ်"
"ရပါတယ် နှိုင်းရဲ့ ကြီးကြီးက မမလေးက သူငယ်ချင်းတွေ ရှိရင် ပိုအားရှိမယ်ထင်လို့ ခေါ်လိုက်တာပါ"
"ဟုကဲ့ပါ ကြီးကြီးရယ်"
သူတို့ နှစ်ယောက် ခွဲခန်းထဲက သူမကို မှန်တွေကနေ ကြည့်လိုက်တယ် သူတို့နှစ်ယောက် မျက်ရည် ကျလာမိတယ် သူတို့ မျက်ရည်သုတ်လိုက်တယ် သူတို့သူငယ်ချင်း ဒီအခက်အခဲ ကြီးကို ကျော်လွှားနိုင်ခဲ့ပြီ 'စမ်းရေ နင်ကောင်းကောင်းတောင့်ခံနိုင်ခဲ့ပါတယ်ဟာ' နှိုင်း စိတ်ထဲ ပြောလိုက်တယ် ဂျူလီကတော့ မျက်ရည်ကျနေတုန်းပဲ သူမ ဂျူလီကိုကော နှိုင်းကိုကောကြည့်ပြီး ပြုံးမိတယ် နှိုင်းကတော့ ခွဲခန်းထဲမှာ အိပ်ပျော်နေလေရဲ့ ဂျူလီ တို့ တစ်ညလုံး ဆေးရုံမှာ စောင့်နေတယ် ဒီရေရဲ့ လူတွေကလဲ တစ်ညလုံး မအိပ်ပဲ စောင့်နေကြတယ်။
ဒီရေလဲ အတတ်နိုင်ဆုံး မြန်မာနိုင်ငံကိုပြန်လာဖို့ကြိုးစားနေတယ် သူ့အလုပ်တွေကိုလဲ မြန်မြန်လက်စသက်နေတယ်။
YOU ARE READING
ထိုလူသားကြောင့်
Romance"ငါမှန်နေသရွေ့ ဘယ်ပတ်ဝန်းကျင်ကိုမှ ဂရုမစိုက်တတ်ဘူး" စမ်းရေကြည် "ငါ့ကို သစ္စာဖောက်ရင် ရှင်လမ်း ဆိုတာမရှိဘူးနော် စမ်းရေကြည်" ဒီရေလှိုင်း စာလုံးပေါင်းသတ်ပုံမှားရင် တောင်းပန်ပါတယ် နည်းနည်းရှမ်းတတ်လို့ပါ😁😁 လိုအပ်ချက်လေးတွေရှိလည်း ထောက်ပြပေးပါ🤔🤔...