"ကိုကို"
သူမ စိတ်ကိုမထိန်းနိုင်တော့ သူမ ချစ်ရတဲ့သူနဲ့ ကောင်မလေးတစ်ယောက် သူမ ဘယ်လိုစိတ်ထိန်းရမလဲ
ခေတ်သစ် ဒီရေလှိုင်းဆီကို မြန်မြန်သွားပြီး
သူတို့နှစ်ယောက်ကို ဆွဲဖယ်ကာ
"ဖြန်း"
ဒီရေ မျက်လုံးပြူးသွားတယ် ခေတ်သစ် စမ်းရေကို ပါးရိုက်လိုက်တယ်
"မင်း ဘာလုပ်တာလဲ ခေတ်သစ်"
"ပါးရိုက်လိုက်တာလေ သူများကောင်လေးကို စနှိုက်ကျော်ချင်တဲ့ဟာတွေ ဒါနဲ့မှတန်တာ"
ဒီရေ စမ်းရေကိုကြည့်လိုက်တော့ ဒေါသကို တော်တော်ထွက်နေပုံပဲ သူမ မျက်လုံးထဲမှာ မျက်ရည်ဥတွေ တော်တော်လဲရှက်သွားပုံပဲ စမ်းရေ မျက်တောင်ခတ်ပြီး မျက်ရည်ကိုသိမ်းလိုက်တယ် ခေတ်သစ်ကို ဆွဲလှည့်ပြီး
"ဖြန်း"
"စမ်းရေ မင်းဘာလုပ်တာလဲ"
စမ်းရေ နောက်တစ်ချက် ထပ်ရိုက်မယ်လုပ်တော့ ဒီရေ သူမ လက်ကို တားလိုက်တယ် သူမ က ရုန်းပြီး ထပ်ရိုက်မယ်လုပ်တော့ သူမ ကိုဆောင့်တွန်းမိသွားတယ် စမ်းရေ ကြမ်းပြင်ပေါ်ကို ကျသွားတယ် စမ်းရေ ရင်ဘတ်တွေအောင့်လာတယ်
ဒီရေ စမ်းရေကြည်ကို အပြေးလေးထူမယ်လုပ်တော
"ရှင် မထိနဲ့ ဒီရေလှိုင်း"
သူမ သူ့ကို အကြည့်စူးစူးတွေနဲ့ ကြည့်ပြီးပြောလိုက်တယ်
"ရှင် ကျမ အသားကို ဘယ်တော့မှ လာမထိနဲ့"
"စမ်းရေကြည်"
"တကယ်ကို လိုက်တဲ့ အတွဲပဲ"
သူမ မျက်ရည်တွေ နဲ့ ရီရင်းပြောလိုက်တယ်
"စမ်းရေကြည် ကိုယ်"
"ဖယ်"
သူ စမ်းရေကို တားမယ်လုပ်တော့
"ကိုကို"
"ခေတ် ဘာလို့ သူ့ကိုအဲ့လိုသွားလုပ်တာလဲ"
"ကိုကို ခေတ်ကို ဆူနေတာလား"
"ကိုကို ခေတ်ကို မဆူပါဘူး"
သူမ ကိုရင်ခွင်ထဲ ထည့်ထားလိုက်တယ် သူ့စိတ်ထဲမှာတော့ သူမကို တွန်းလိုက်မိတဲ့ ကိုယ့်ကိုယ်ကို ကြိမ်ဆဲနေမိတယ် သူ့လက်တွေကိုလဲ တင်းတင်းဆုပ်ထားလိုက်တယ်'စမ်းရေ ကိုယ်တောင်းပန်ပါတယ်'
ခေတ် သိပါတယ် ဒီရေ သူ့ကို တကယ်မချစ်ဘူးဆိုတာ ဒီရေ စမ်းရေကြည်ကို ကြည့်နေတဲ့ အကြည့်တွေကို သူမ ရိပ်မိပါတယ် ကိုကို ဟာ သူမက သူ့အသက်ကိုကယ်ထားတဲ့အချစ်ဆုံးသူငယ်ချင်းရဲ့ ညမ မို့ အခုလို သည်းခံပေးနေတယ် ဆိုတာ သူမသိပါတယ် ဒါပေမဲ့ သူမ ကိုကိုချစ်တယ် သူမ အဲ့လို တွေးရင် ဒီရေ ကိုတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်တယ်
စမ်းရေ ဒီအိမ်မှာ ဆက်မနေချင်တော့ပါ စမ်းရေ သူ့မျက်နှာကိုလဲ ထပ်မမြင်ချင်တော့ပါသူမ မျက်ရည်တွေကို သုတ်ရင်း သူမ အဝတ်တွေကို သိမ်းနေတယ်
"ဟဲ့ စမ်းရေ နင်တကယ်အိမ်ပြန်မို့လား"
နှိုင်းက မေးလိုက်တယ်
"ငါ ဒီမှာ မနေချင်တော့ဘူးဟာ"
စမ်းရေကြည့်ရတာ စကားမပြောချင်တဲ့ပုံစံမို့ သူမ တို့ ဘာမှ မပြောပဲ တိတ်တိတ်လေး အဝတ်အစားသိမ်းပေးနေတယ်
"ဂျူလီ နင့်ကားနဲ့ ငါ့အိမ်လိုက်ပို့"
"အေးအေး"
သူမ အဝတ်အစားတွေ သိမ်းရင်း ပြောလိုက်တယ် သူမ အဝတ်သေတ္တာကို သယ်လာတယ်။
ဒီရေ ခေတ်သစ်ကို အခန်းပြန်လွှတ်ပြီးတဲ့ ကုတင်ပေါ် လှဲချလိုက်တယ် သူမ ကို သူ တေွ့ဖို့သတ္တိမရှိပေ သူ သူမ ကိုဘယ်လိုခေျာ့ရမလဲပဲသူ တေွးနေမိတယ် သူ အလုပ်လဲ ရှိသေးတာမို့ ခနပဲလှဲပြီး လင်းသန့်ကို လှမ်းခေါ်လိုက်တယ်
"ဘော့စ်"
"ပြော"
"မမလေး သွားစရာရှိလို့လား"
"ဘာလို့လဲ"
"မမလေး အဝတ်သေတ္တာတွေကို သူ့သူငယ်ချင်း ကားပေါ်တင်နေတယ်"
"ဘာပြောတယ်"
ဒီရေ မတ်တတ် ထ ရပ်လိုက်တယ် ဒီရေ အောက်ထပ်ကို အပြေးဆင်းသွားလိုက်တယ်
"စမ်းရေကြည်"
သူမ အဝတ်သေတ္တာကို ကားထဲ ထည့်နေရင်းကနေ သူမကို အသံကျယ်ကြီးနဲ့ လှမ်းအော်တဲ့ ဒီရေလှိုင်း
"မင်း ဘာလုပ်နေတာလဲ"
သူမ ပြန်မဖြေ သူမ အဝတ်ေသတ္တာတွေကိုတင်နေတယ်
"မင်း ဘာလုပ်နေတာလဲလို့မေးနေတယ်လေ"
ဒီရေ သူမ လက်တစ်ဖက်ကို ကိုင်ပြီး သူမ ကိုမျက်နှာချင်းဆို မေးလိုက်တယ်
သူမ မျက်နှာကိုမြင်တော့ သူ့မှာ တင်းမာမှုတွေပင်ပျောက်သွားတယ်
သူမ ငိုနေတယ် သူမ မျက်လုံးတွေ မို့အစ်နေတယ်
"ဖယ် ရှင် ကျမ အသားကို ထိစရာမလိုဘူး"
သူမ သူ့လက်ကို ရုန်းလိုက်တယ်
"မင်း ဘယ်သွားမို့လဲ"
"ကျမ အိမ်ပြန်မို့"
"မင်း ဒီမှာ နေလို့ မရဘူးလား"
"ကျမ ရှင့်မျက်နှာ မမြင်ချင်ဘူး"
"မင်း ဘာစကားပြောတာလဲ"
"ရှင်ကြားတဲ့အတိုင်းပဲ"
"မင်း သား နဲ့မနေတော့ဘူးလား"
"ကျမ တွေ့မှာပါ"
"မင်း ဒီအိမ်က ခွာသွားရင် မင်း သားနဲ့ တွေ့ရမယ်မထင်နဲ့"
သူမ လက်တွေရပ်တန့်သွားတယ် သားတဲ့ ထပ်အနိုင်ယူလိုက်ပြန်ပြီ သူမ မျက်ရည်တွေ မရပ်ပဲ ကျလာတယ်
"စမ်းရေကြည် မင်း ဘာလို့ ငိုနေတာလဲ"
သူ သူမ ပခုံးကို ကိုင်ပြီး မေးလိုက်တယ်
"ကျမကို မထိနဲ့ ရှင်ကျမကို မထိနဲ့"
သူမ ဒီရေ ရင်ဘတ် ကို ရိုက်နှက်ရင်းငိုနေတယ်
"စမ်းရေကြည် မင်းဘယ်မှ ထွက်မသွားရဘူးနော်"
စမ်းရေ သူ့ကို ခပ်စိမ်းစိမ်းကြည့်လိုက်တယ်
"ရှင် နိုင်ပါတယ်"
သူမ အဲ့လိုပြောပြီး အိမ်ထဲကို ဝင်သွားတယ်
"လင်းသန့် "
"ဗျာ"
"သူ့အိတ်တွေပြန်ထည့်ပေးလိုက်"
"ဟုကဲ့"
ဒီရေ သူမ နောက်ကို လိုက်သွားတယ် နှိုင်းနဲ့ဂျူလီ တွေတွေလေး ရပ်ကြည့်နေမိတယ်
"နှိုင်း အခြေအနေ မကောင်းဘူးနော်"
"အေးနော် ပြန်ရင် ကောင်းမလား"
သူမ တို့ ကားပေါ်တက်ပြီး ပြန်သွားကြတယ်
"စမ်းရေကြည်"
သူမ သူ့နောက်ကို မြန်မြန်လိုက်ပြီး သူမ လက်ကို ဆွဲလိုက်တယ်
"ရှင် လွှတ်"
"မင်း ကိုယ် မင်း ဘာလုပ်နေတယ်ထင်နေတာလဲ"
"ကျမ ဘာသာ ဘာလုပ်လုပ် ရှင် နဲ့ မဆိုင်ဘူး"
"မင်း ဘာပြောတယ်"
"ဖယ် ရှင့် ဟာမလေး မြင်နေလို့ အလကားနေ စနှိုက်ကျော် ဖြစ်နေမယ်"
သူမ ရုန်းလိုက်တယ်
"နောက်တစ်ခါ ဘယ်တော့မှ ကျမအသား လာမထိနဲ့ အဲ့လောက် မနေနိုင် ဖြစ်နေရင်လဲ ရှင့်ဟာမ သွားထိ"
"ငါ စိတ်ပါတာက မင်းလေ"
"ရှင့် စောက်ကြောင်း"
"မင်းရိုင်းလှချည်းလား"
"ခပ်ရိုင်းရိုင်းပဲ"
သူမ ကြည့်ရတာ စိတ် အဆင်မပြေတာမို့
ဒီရေ အလျော့ပေးလိုက်တယ် သူမ လဲ ချက်ချင်း ထွက်သွားတယ် တကယ်လို့ သား သာမရှိရင် သူမ သူ့ကို ထားသွားမှာအမှန်ပင်'စမ်းရေကြည် ဘယ်သူကိုမှ ထွက်မသွားဖို့ မတောင်းဆိုခဲ့ဖူးတဲ့ငါက မင်းနဲ့ကျမှ အရူးတစ်ပိုင်းပါလား'
............................................................................
စမ်းရေ အဲ့ပြဿနာ ဖြစ်ပြီးကတည်းက ဒီရေနဲ့စကားမပြောတော့ပေ မသိချင်ယောင်ဆောင်နေလိုက်တယ် ဒီနေ့ သားပြန်လာမှာမို့ သူ အလုပ်မသွားပေ သူမ နဲ့အတူ ဧည့်ခန်းမှာ ထိုင်စောင့်နေတယ် ထိုအချိန်
"မားမား"
သူမ လက်လေးကမ်းလိုက်တော့ သူမကို ပြေးဖက်တယ် ဒီရေကိုမြင်တော့
"ပါးပါး သားသားကို လာဖက်လေ"
သူ့ သားက လည်လွန်းတယ် သူနဲ့သူမကို နီးစပ်အောင်လုပ်ပေးနေတာ သိတာပေါ့ ဒီရေ က ဖက်ဖို့ပြင်တော့ သူမက နောက်ကိုဆုတ်ပြီး သားကို ချကာ
"မေမေ သားအတွက် အသီးပြင်ထားတယ် သွားယူပေးမယ်နော်"
သူမ အဲ့လိုပြောပြီး ထွက်သွားတယ် ဒီရေ ရင်ထဲ အောင့်သက်သက်ဖြစ်သွားတယ် သူ့သားသားကိုဖက်လိုက်တယ်
"ဟိုတစ်ယောက်ပြန်ရောက်နေပြီကြားတယ်"
ဒေါ်စိန်ရတီ မေးလိုက်တယ်
"ဟုပါတယ် မေမေ"
"မင်းဘယ်လောက်ထိ အဲ့တစ်ယောက်အတွက် ပေးဆပ်နေမှာလဲ"
"ကျနော် သူငယ်ချင်း..."
"တော်စမ်း ဒီရေလှိုင်း မင်း သူငယ်ချင်းကတိ တည်တာလို့ မပြောနဲ့တော့ မင်း အကုန်လုပ်ပေးပြီးသွားပြီ မင်းသူ့ကိုလိုလေသိပ် မရှိအောင် အကုန်ထားပြီးပြီ နိုင်ငံခြားမှာလဲ ပညာသင်ပြီးပြီ မင်းဘာများလုပ်ပေးစရာကျန်သေးလို့လဲ"
ဒီရေ ခေါင်းငုံ့မိသွားတယ်
"အန်တီ ရောက်နေတာပဲ ခေတ်က အန်တီရောက်နေတာမသိလို့ ဆင်းမကြိုတာပါ"
"ငါ့အိမ်ငါလာတာ ကြိုစရာမလိုပါဘူး တစ်ချို့တွေက သာ ဖိတ်မခေါ်ပဲ ရောက်လာတာ"
ခေတ် ဒေါ်စိန်ရတီ ဘာပြောလဲ သိပါတယ်
"ဟို သမီးက ဖိတ်မခေါ်ပဲ လာတာမဟုပါဘူး"
"မင်းကိုပြောလို့လား"
"မဟုပါဘူး သမီးက သူစိမ်းလေ အဲ့တော့ သမီးက အဲ့လိုထင်မိတာပါ"
မျက်နှာငယ်ငယ်လေး အသံသိမ်သိမ်လေးနဲ့ပြောနေတယ့်မိန်းခလေး
"ရွံစရာ ကောင်းလိုက်တာ"
ခေတ် လက်သီးကို ဆုပ်ထားလိုက်တယ်
"မေမေ"
"မင်းဆီက ဘာတစ်ခွန်းမှမကြားချင်ဘူး ဒီရေခေတ်သစ် မင်း အကျင့် မင်းပြင်ပါ မင်းအကိုမျက်နှာကြောင့်သာ မဟုရင် မင်းက အဲ့လောက် အရေးမပါဘူး ပြီးတော့ ငါ့သားကို ကိုကို ကိုကို ဆိုပြီး ကုတင်ပေါ် တက်ဖို့ကြိုးစားနေတာငါမသိဘူးမှတ်နေလား"
ခေတ်သစ် မျက်လုံးတွေပင် ပြူးသွားတယ် ကိုကိုရှေ့မှာ ဒေါ်စိန်ရတီ အဲ့လိုပြောလိမ့်မယ်မထင်ထားပေ။
သူမ မျက်ရည်တွေ ကျလာတယ် ဒီရေက သူမဆီ သွားဖို့လုပ်တော့
နောက်ဖေးက နေ အသံတွေကြားလိုက်တယ်
"မမလေး ရရဲ့လား"
ဒီရေ အဲ့အသံကြားတော့ နောက်ဖေးခန်းကို မြန်မြန်သွားလိုက်တယ်
ခေတ်သစ် မခံမရပ်နိုင် ဖြစ်သွားတယ် သူမ က ဒီကို ဒီရေ မျက်နှာနဲ့လာခဲ့တာလေ
ဒေါ်စိန်ရတီ က ခနဲ့ပြုံးပြုံးပြတယ်
"မင်းက ငါ့သားအတွက် စမ်းရေကြည်လောက် တန်ဖိုးမရှိဘူး"
ခေတ်သစ် အဲ့စကားကို အနာဆုံးဖြစ်တယ်
"အန်တီ ဘာလို့ အခုမှ တွေ့တဲ့ မိန်းခလေးကို အဲ့လောက်ကြည်ဖြူနေတာလဲ"
"မင်းနဲ့ မတူလို့လေ စမ်းရေကြည်က မင်းလို့ ပတ်ချွဲနှပ်ချွဲနဲ့ စပွန်ဆာ မရှာတတ်ဘူး ကောင်မလေး မင်းက နိုင်ငံခြားမှာ ကျောင်းတက်ပြီး စမ်းရေကြည် ခြေဖျားတောင် လိုက်မမှီဘူး"
ခေတ်သစ် သူမ အမုန်းဆုံးက သူများနဲ့ယှဥ်တာပင် အထူးသဖြင့် စမ်းရေကြည်
ဒေါ်စိန်ရတီ ထွက်သွားတယ် နောက်ဖေးခန်းကို သွားလိုက်တာဖြစ်တယ် နောက်ဖေးခန်းရောက်တော့ သူ့သား အသည်းအသန်ဖြစ်နေတာကို မြင်တော့ ပြုံးမိတယ် စမ်းရေကြည်ကလဲ အထိမခံပေ။
"ရှင်မထိနဲ့"
"မထိလို့ရမလား မထိရင် ဘယ်လိုဆေးထည့်မလဲ"
သူမ ခြေထောက်ကိုကြည့်တော့ သွေးတွေ မြင်မကောင်းပေ သူမကတော့ မျက်နှာတစ်ချက်မပျက်
စောနက ပန်းကန်ကွဲပြီး သူမ ခြေထောက်ကို ကြွေပြားစ အကြီးကြီးသွားစိုက်ထားတာ
"ဆေးခန်းပြရမယ်"
"ရတယ် ဆေးပဲထည့်"
"မင်းဟာက ကြွေပြားဖယ်ပြီးတာတောင် သွေးတွေ နည်းတာမဟုဘူး မင်း မျက်နှာလဲ ကြည့်အုံး ဖြူဖျော့နေပြီ"
"ကျမ ဘာမှမဖြစ်ဘူး ဆေးထည့်ပြီး ပတ်တီးစီးလိုက်"
"စမ်းရေ ကိုယ့်စကားနားထောင်ပေးပါ ဆေးခန်းသွားရအောင်နော်"
ဒီရေ တောင်းဆိုတဲ့ ပုံစံနဲ့ပြောလိုက်တယ် ဘေးက အိမ်ကူတွေပင် လန့်သွားတယ် သူတို့သခင်လေးမှာ အဲ့လိုပုံစံရှိမယ် မထင်
ဒေါ်စိန်ရတီ ပြုံးလိုက်တယ် 'မင်း နောက်ဆုံးတော့ နုညံ့လာပြီပဲ'
ဒေါ်စိန်ရတီ ခေတ်သစ်ဘက်ကိုကြည့်လိုက်တယ် မဲ့ပြုံးတစ်ချက်ပေးလိုက်တယ်
ဒေါ်စိန်ရတီ ခေတ်သစ်ကို သနားပေမဲ့ သူ့လုပ်ရပ်တွေကို မကြိုက်ပေ။ ကိုယ့်သားက ညမလေးတစ်ယောက်လို ဂရုစိုက်ပေမဲ့ အဲ့ကောင်မလေးဘက်က ကိုယ့်သားကို သူ့လူတစ်ယောက်လိုမှတ်ယူထားတာ အဲ့ခလေးမ အတွက်ဆို သားက အဆင်သင့် အဲ့တာကို ခလေးမ လေးက အကိုတစ်ယောက်ထက် အဆင့်တွေပိုလာတယ် ကိုယ့်သားက မချစ်မှန်းသိတော့ ကိုယ်ကိုယ်တိုင်က မဖြစ်သင့်တာ မဖြစ်ရအောင်တားတော့ ကိုယ့်ကို သားရှေ့ကျ တစ်မျိုး သားကွယ်ရာတစ်မျိုးလုပ်နေတော့ ကိုယ်ကလဲ အလျှော့မပေးချင်
ဒေါ်စိန်ရတီ သူမနားလျှောက်သွားပီ
"မင်းလုပ်သင့်တာ မင်းသိသင့်တယ် ခေတ်သစ်"
![](https://img.wattpad.com/cover/366170117-288-k912823.jpg)
YOU ARE READING
ထိုလူသားကြောင့်
Romantizm"ငါမှန်နေသရွေ့ ဘယ်ပတ်ဝန်းကျင်ကိုမှ ဂရုမစိုက်တတ်ဘူး" စမ်းရေကြည် "ငါ့ကို သစ္စာဖောက်ရင် ရှင်လမ်း ဆိုတာမရှိဘူးနော် စမ်းရေကြည်" ဒီရေလှိုင်း စာလုံးပေါင်းသတ်ပုံမှားရင် တောင်းပန်ပါတယ် နည်းနည်းရှမ်းတတ်လို့ပါ😁😁 လိုအပ်ချက်လေးတွေရှိလည်း ထောက်ပြပေးပါ🤔🤔...