ထိုလူသားကြောင့်part19

876 15 0
                                    

သက္ကရာဇ် အပေါ်ထပ်က ဆင်းလာတော့ ရေခဲ သေတ္တာဖွင့်နေတဲ့ မိန်းမ တစ်ယောက် သူခိုးလို့ပြောရအောင်လို့လဲ ကိုယ့်အိမ်လုံခြုံရေးအဲ့လောက်မညံ့ မိန်းမတစ်ယေက်က အဲ့အစောင့်တွေကို ကျော်နိုင်တာကလဲ ယုံနိုင်ဖွယ်မရှိ
"မင်းဘယ်သူလဲ"
သူမ သူ့ကို လှည့်ကြည့်လိုက်တယ်
နှိုင်း အသံလာရာကိုကြည့်တော့ မှောင်နေတော့ လူရိပ်ပဲ မြင်တယ် ဘယ်သူမှန်းမသိ ဒီအိမ်ကလူလား သူမ ဘာဖြေရမှန်းမသိ ထိုလူသူမ ဆီ လျှောက်လာတယ်
"ငါမေးနေတယ် မင်းဘယ်သူလဲ"
"ဘာကို မေးတာလဲ နာမည်မေးတာလား"
သက္ကရာဇ် မျက်ခုံးပင့်မိသွားတယ် ကိုယ်က မေးတာ အခုကိုယ့်ကို မေးခွန်းလာထုတ်နေတာပဲ
"ဒီမှာ အမိ ကျုပ်က ခင်ဗျားဘယ်သူလဲ မေးနေတာ အကုန်ဖြေရမှာပေါ့"
"ရှင်က ကျမကို ကယ်ထားတာလား"
သက္ကရာဇ် သိသွားပါပြီ သူမ က မရီးသူငယ်ချင်းဆိုတဲ့ တစ်ယောက်ပဲ သူက သူမကိုအခုမှမြင်ဖူးတာပါ သူ့တပည့်တွေကိုပဲ ပုံတွေပေးပြီး ရှာခိုင်းလိုက်တယ် တွေ့တော့လဲ သူမကို သွားမကြည့်ပေ သူမ ကိုယ့်ကိစ္စမှ မဟုတာ အဓိက က ကိုယ်က ခနစောင့်ရှောက်ထားရုံပဲ
"မင်းက ဘာပါလိမ့်...."
သက္ကရာဇ် နာမည်ကို စဥ်းစားနေတယ်
"နှိုင်းလင်္ကါပါ"
"အော် ဟုတယ်"
"ရှင် ကျမကို ကယ်ပေးထားတာ ကျေးဇူးတင်ပါတယ်"
"မလိုပါဘူး မင်းကိုကယ်ရင် ငါက အကျိုးအမြတ်ရမှာလေ"
နှိုင်း ခနစဥ်းစားလိုက်တယ် သူက ဘာကိုအကျိုးအမြတ်ရမှာ
"ဟို စိတ်မရှိဘူးဆို ကျမကို ဖုန်းလေး ငှားပေးလို့ရမလား မနက်ကျရင်ပြောတာပါ"
"ကောင်းပြီ မနက်ကျ အိမ်ဖော်တစ်ယောက်ကို ငါပေးခိုင်းလိုက်မယ် မင်း အခုဘာလုပ်နေတာ မင်းကြည့်ရတာ ကျန်းမာပုံမပေါ်သေးဘူး"
"ကျမ ရေဆာလို့ပါ"
"အပေါ်မှာ ရှိတယ်မလား"
"ကျမ ဘေးဘက်သေချာမကြည့်မိလိုက်လို့ပါ"
"ကောင်းပြီ ရေသောက်မှာမလား သောက်ပါ"
"အင်းး"
သူ ရေတစ်ဗူးကို အားရှိပါရှိ ယူသောက်လိုက််တယ် သူမ သက်ပြင်းချလိုက်တယ်
"အခုမှ နေလို့ကောင်းသွားတယ်"
သူမ ပြုံးလိုက််တယ် သူမ တော်တော်ရေဆာနေပုံပဲ သူမ တစ်ကိုယ်လုံးကိုကြည့်လိုက်တော့ မိန်းမ ဆန်တဲ့ အလှ သိပ်မရှိပေ။ ဆွဲဆောင်မှုမရှိ ကောက်ကြောင်းမရှိတဲ့ မိန်းမပဲ
နှိုင်း ကိုယ့်တစ်ကိုယ်လုံးကိုခြုံကြည့်နေတဲ့ သူကို မျက်မှောင်ကြုတ်လိုက်တယ်
"ကျမ သွားတော့မယ်"
"အင်း"
နှိုင်းအဲ့လိုပြောပြီး အပေါ်ထပ်ကို ဖြေးဖြေးချင်းတက်လာလိုက်တယ်။
..........................................................................
နောက်နေ့ နှိုင်းရယ် ဂျူလီရယ် စမ်းရေရယ် စကားပြောရတယ် ဂျူလီကတော့ အခုမှ စိတ်ထဲ ကအလုံးကြီးကျသွားသလို ခံစားနေရတယ် စမ်းရေ ဒီရေကို မျှော်နေတာပါ ဂျူလီ ကိုမေးတော့ အရေးကြီး ကိစ္စရှိလို့ ပြောပြီး ထွက်သွားတာတဲ့ စမ်းရေလဲ ဒီတိုင်းပြန်လှဲလိုက်တယ် ထိုအချိန် တံခါးဖွင့်သံ ကြားလို့ လှည့်ကြည့်တော့ ဒီရေ ပြန်ရောက်လာတယ်
"ကို"
"စမ်းရေ အမြန်မထနဲ့လေ သက်သာသေးတာမဟုပဲနဲ့"
"ရပါတယ် အဲ့လောက် မဆိုးပါဘူး"
"စမ်းရေ က သာ အဲ့လောက် မဆိုးဘူးပြောတာ ဆေးရုံတင်တုန်းက ကို မှာလေ သေမလိုပဲ သိလား"
"အပိုတွေ"
သူမ ပြုံးပြီးပြောလိုက်တယ်
"မပိုပါဘူး ကို တကယ်ပြောတာ စမ်းရေကို လေ နောက်တစ်ကြိမ် ဒီလို ထွေးပွေ့ ခွင့်မရမှာကို စိုးရိမ်နေတာ"
သူမ ညင်ညင်သာသာ လေး ဖက်ရင်းပြောလိုက််တယ်
"ကျေးဇူးတင်ပါတယ်"
"ဘာကို ကျေးဇူးတင်တာတုန်း"
"အကုန်လုံး အတွက်ပါ နှိုင်းကို ကယ်ပေးတာရော စမ်းရေ ဘဝထဲကို ဝင်ပေးလာတာကိုရော"
ဒီရေ သူမကို နုညံ့ညင်သာတဲ့ အပြုံးလေး တစ်ခု ပြုံးပြလိုက်တယ် သူမ ဆံပင်လေးကို သပ်တင်ပေးရင်း
"ကိုယ်က ပိုကျေးဇူးတင်ရမှာပါ"
သူမ သူ့ကို ထွေးပွေ့လိုက်တယ်
ဒီရေ တကယ်ကိုပင် ကြည်နူးမိပါတယ် သူမကို အဆုံးရှုံး မခံနိုင်ပါဘူး ထပ်ပြီးတော့လဲ ဒီလိုကိစ္စမျိုးမဖြစ်အောင် သူကြိုးစားမှာပါ ' ဦးရဲဇေနောင်' ခင်ဗျားကြီး ကျုပ်မိန်းမကို ထပ်မထိရဲအောင် ကျုပ်လုပ်ပြမယ် ဒီရေ သူမကို ပိုတိုးပြီးဖက်လိုက်တယ်
"ကို ဖြေးဖြေး နာတယ်"
"ဆောရီး ဆောရီး ကိုလက်လွန်သွားတယ်"
သူမ ကိုလွှတ်ပေးလိုက်တယ် ထိုအချိန် တံခါးကို အတင်းတွန်းဖွင့်ပြီး ဝင်လာတဲ့ ယောက်ျားတစ်ယောက်
"စမ်းရေ"
"ကိုတေဇ"
"စမ်းရေ အဆင်ပြေရဲ့လား"
တေဇ စမ်းရေ နားကို တိုးလာပြီး ဂရုဏာသက်တဲ့ လေသံနဲ့မေးလိုက်တယ်
"စမ်းရေ အဆင်ပြေပါတယ်"
"ခင်ဗျား က ဘယ်သူလဲ"
ဒီရေ မျက်မှောင်ကြုတ် ကြည့်ပြီးမေးလိုက်တယ်
"မင်းကကော ဘယ်သူလဲ"
"ငါမေးတာ အရင်ဖြေစမ်းပါ"
"မင်းက ဘာမို့လို့လဲ"
"ကို တေဇ ဒီကိုဘာလာလုပ်တာလဲ မသိဘူး"
"အကိုက မနက်ကမှ ပြန်ရောက်တာ အဲ့တာ နှိုင်းကိုဖုန်းဆက်တာမကိုင်ဘူး ဂျူလီကိုဆက်တော့ ဂျူလီပြောပြတာနဲ့ အကိုချက်ချင်းလာလိုက်တာ နှိုင်းကော"
"သူ ဘာမှဖြစ်ပါဘူး"
"နှိုင်းက အခုဘယ်မှာလဲ"
"သူ ဒီမှာမရှိဘူး"
"အော် ဟုလား ဘယ်မှာလဲ အကိုသွားတွေ့မို့"
"အော် သူကလား သူက သက်သာနေပါပြီ အခုတစ်ယောက်တည်းနေချင်လို့တဲ့ အဲ့တာကြောင့် စမ်းရေတို့က သွားမတွေ့တာပါ အကိုလဲ နောက်မှ အေးဆေး လာတွေ့ပေါ့"
ဒီရေ မျက်ခုံးပင့်လိုက်တယ် သူမ ဘာလို့ လိမ်လိုက်တာလဲ သူမ လိမ်လိုက်တာ အရမ်းသိသာတယ် အဓိပ္ပါယ်မှ မရှိတာ ပြောတာတွေက
တေဇ နားလည်ပါပြီ သူမလေးက သူ့ကို မတွေ့ချင်သေးပုံပဲ
"ကောင်းပါပြီ နောက်မှ အကို အေးဆေး လာတွေ့မယ်နော်"
"ဟုကဲ့"
တေဇ ထွက်သွားတယ်
"bae ဘာလို့ လိမ်တာလဲ"
"အရမ်းသိသာသွားလား"
"တော်တော်ကို သိသာတယ် အဲ့ကောင်ကလဲ ရိပ်မိပုံပဲ"
"မသိဘူး အဓိက က သူ့ကို နှိုင်းနဲ့ မတွေ့စေချင်ဘူး သူ့ကို တွေ့ရင် နှိုင်းအဆင်ပြေမှာမဟုဘူး"
"ဘာလို့တုန်း"
"နှိုင်းရဲ့ အချစ်ဆုံးလူသားတစ်ယောက်ပေါ့"
"ဘယ်လို"
"ဟုတယ် နှိုင်းသူ့ကြောင့် ဘယ်ယောက်ျားနဲ့ မတွဲခဲ့ဘူးလေ ဘယ်ယောက်ျားကိုမှ အခွင့်အရေးမပေးခဲ့ဘူးလေ"
"အဲ့ဆို အဲ့လူကိုတွေ့ရင် နှိုင်းလင်္ကါပျော်မှာပေါ့ ဘာလို့ မတွေ့အောင်လုပ်နေတာတုန်း"
"အဲ့လူက အချစ်ဆုံးဆိုပေမဲ့ အမုန်းဆုံးလဲ ဟုတယ်"
"ဘယ်လို ကို နားမရှင်းဘူး"
"နှိုင်းက ကိုတေဇ ကိုသိပ်ချစ်တယ် ကိုတေဇ ကလဲ နှိုင်းအပေါ်သံယောဇဥ်ရှိတယ် ဒါပေမဲ့ သူတို့ပေါင်းဖက်ဖို့ ကံမပါလာတဲ့အပြင် နှိုင်းရဲ့ အချစ်ဆုံးသူက အမုန်းဆုံးလူဖြစ်သွားတယ်"
ဒီရေ စမ်းရေ မျက်နှာကိုသေချာကြည့်မိနေတယ် မင်းမှာ လျှို့ဝှက် ချက်တွေ သိပ်များတာပဲbaeရယ် မင်းအကြောင်းစုံစမ်းလေ မင်းမှာ စိတ်ဝင်စားစရာတွေ များလေပဲ မင်းရဲ့ ကြည်လင်ရှင်းသန့်နေတဲ့ မျက်နှာလေး အောက်မှာ ဘယ်လို လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားနေတာလဲ။
............................................................................
နှိုင်း တနေကုန် အိပ်ယာထဲပဲ လှဲနေရတယ် စားမယ်ဆိုလဲ အသင့် ဘေးမှာ special nurse က အသင့် အိမ်သာသွားတာတောင် လိုက်မယ်လုပ်နေလို့ မနည်းတားခဲ့ရ ကိုယ်ကိုယ်တိုင်က လွပ်လွပ်လပ်လပ်နေတတ်သူမို့ အိမ်ခွဲနေခဲ့တာ အခုတော့ ချုပ်ချယ် ခံနေရတယ်
"ဟူးး ဘယ်ဘဝက ဒုက္ခ တွေလဲ"
သူမ ငြီးတွားနေလိုက်တယ် ဘေးက nurse က ကိုကြည့်ပြီး
"ကျမ ခန ခြံထဲ ဆင်းချင်တယ် လေကောင်းလေသန့်ရှူမလို့"
"ဒါပေမဲ့ လူက အရှင်းမပျောက်သေးတော့"
"ရပါတယ် ကျမ သက်သာတယ်"
ဆေးပိုက်ကို ဖြုတ်ပြီး ကုတင်ပေါ်က အတင်းဆင်းလိုက်တယ်
"လူနာ ဒါပေမဲ့"
"ဟ ကျမ စားဆိုလဲ စားတယ် သောက်ဆိုလဲ သောက်တယ် စားလိုက်သောက်လိုက် တနေကုန်အိပ်ရာထဲ လှဲနေရတယ် ကျမလဲ လူပါ နည်းနည်းပါတော့ အပြင်ထွက်ချင်သေးတာပေါ့"
သူမ အသံက နည်းနည်းမာသွားတယ်
"ကောင်းပါပြီ အဲ့ဆို ခနပဲနော် လူနာက အဆုတ်ထဲ ရေဝင်ထားတော့ အဆုတ်ကို အရမ်းအလုပ်ပေးလို့ မရဘူး အသက်ကိုအရမ်းပြင်းပြင်းမရှူပါနဲ့"
"အင်းအင်း အပြင်ထွက်ရရင်ပြီးရော"
သူမ အောက်ကို ဆင်းသွားလိုက်တယ် သူမ လှေကားကနေ မြန်မြန်ဆင်းသွားတယ်
"လူနာ ဖြေးဖြေးသွားပါ"
nurse က နောက်ကနေ လိုက်ရင်း ေအာ်ပြောတယ် နှိုင်းကတော့ မကြားချင်ယောင်ပဲ ဆောင်လိုက်တယ် သူမ ခြံဝန်းထဲရောက်တော့ သူမကြည့်လိုက်တော့ သစ်တော တစ်ခု ခြံကြီးတစ်ခုလုံး အစောင့်တွေနဲ့ သူမတကယ်ကို အံ့ဩရပါတယ် ဒီရေလှိုင်း ညီ က အမိုက်စားပဲလို့ တွေးလိုက်တယ် သူမ စောနက nurse ပြောတာကို နားမထောင်ပဲ အသက်ကိုခပ်ပြင်းပြင်းရှူလိုက်တယ်
ဗိုက်က ရုတ်တရက် အောင့်လာတယ်
"ကျစ်..ဒါက တစ်မျိုး"
သူမ တစ်ဖက်ကို လှည့်ကြည့်လိုက်တော့ လေ့ကျင့်နေတဲ့ လူတစ်စု သူမ အဲ့ဘက်ကို သွားလိုက်တယ် လေ့ကျင့်ရေးကွင်းကလူတွေ သူမကို ရုတ်တရက် လှည့်ကြည့်လိုက်တယ်
"ဆက်လုပ်ပါ ကျမ လာကြည့်တာ"
သက္ကရာဇ် အပေါ်ထပ်ကနေ သူ့လူတွေကြည့်နေတုန်းမှာ သူမ ဝင်လာတာကိုတွေ့လိုက်တယ် ယောက်ျားတွေ အများကြီးရှိတဲ့နေရာကို လာရဲတာ အံ့ဩစရာပဲ အဲ့ယောက်ျားတွေကလဲ အပေါ်
ပိုင်းဗလာကျင်း သက္ကရာဇ် လဲ ဝိုင်တစ်ခွက်ကို လှုပ်ခါပြီး သောက်လိုက်တယ်
နှိုင်း မျက်မှောင်ကြုတ်နေတယ် သူမ ဆိတ်နေဖို့ ကြိုးစားလိုက်ပေမဲ့
"ကန်ချက် မှားနေတယ်"
သူမ ပြောလိုက်မိတယ် အားလုံးရဲ့အကြည့်က သူမဆီ ရောက်လာတယ် သူပြောလိုက်တဲ့တစ်ယောက်က နည်းနည်းမျက်နှာပျက်သွားတယ် မိန်းမတစ်ယောက်က သူ့ကို ဝေဖန်နေတာကို မကြိုက်
"မင်း အဲ့လောက် တတ်နေရင်လဲ ကိုယ်တိုင် လာပြလေ"
သူမ ဆံပင်ကို စည်းလိုက်တယ် လေ့ကျင့်ရေးကွင်းထဲ ဝင်လိုက်တယ်
"မင်း သဲအိတ်ကို မကန်ပဲ ငါ့ကို ထိအောင်ကန်"
အဲ့ကန်ချက်က ကန်ပုံကန်နည်းမှန်ရင်တော်တော်အထိနာတယ်
"ရှင်သေချာရဲ့လား"
အဲ့လူက မျက်ခုံးပင့်ပြလိုက်တယ် သူမ အဲ့လူမျက်လုံးထဲက အထင်သေးတာကို မြင်နေရတယ်
နှိုင်းရေ ခြေထောက်ကို နည်းမှန်မှန်မြင့်လိုက်ပြီး သူ့မျက်ခွက်ကို ပိတ်ကန်လိုက်တယ် ဟိုလူ အရှိန်နဲ့ လဲကျသွားတယ်
"ဆောရီး ခြေထောက်က သိပ်အားမပါသွားဘူး ရှင့်ကို အထင်သေးတာမဟုဘူး"
နှိုင်း ကိုယ့်ကန်ချက်ကို ကိုယ်သိတာပေါ့ တမင်သပ်သပ် ရွဲ့ပြောလိုက်တာပါ
ထိုလူ ရှက်သွားတယ် သူမ ကိုကြည့်တော့နှုတ်ခမ်းတစ်ဖက် ပင့်ပြုံးပြလိုက်တယ်

ထိုလူသားကြောင့်Where stories live. Discover now