အပိုင်း(၃)

367 25 0
                                    

(Unicode)

မိုရ်ရှင်း ကျောင်းဝန်းထဲ ပြန်ရောက်သည်နှင့်ခိုးကြောင်ခိုးဝှက်ဖြင့် အဖေ့ရုံးခန်းဖက်မသွားဘဲ တခြားလမ်းရှိရာ ကျောင်းအုပ်ကြီး ရုံးခန်းဖက်ကနေ ပတ်သွားလိုက်သည်။ သူတို့မေဂျာအဆောက်အုံက သွားဖို့ အဲလမ်း၂လမ်းပဲ ရှိတာလို့! ။

ကျောင်းအုပ်ကြီး ရုံးခန်းရှေ့ကအဖြတ် ရုတ်တရက် အခန်းထဲကနေ အသံတွေ ထွက်လာတာကြောင့် စပ်စုချင်စိတ်အရ ရုံးခန်းနား ကပ်သွားလိုက်ပြီး ခိုးနားထောင်လိုက်သည်။

"ရောဂါက အဖြေရှာမရဘူးလား"
"ခုထိ မရသေးဘူး။ အ‌နောက်တိုင်းဆေးဖက်ကနေလဲ ဘာမှ မကျိုးမထူးဘူးလို့ပြောတယ်။ ရောဂါက တဖြည်းဖြည်းနဲ့ တစ်ရွာလုံး ပျံ့သွားပြီး အခုဆို Bနိုင်ငံနယ်စပ်က ရွာတွေကိုပါ ကူးစက်ကုန်ပြီလို့ သတင်းပို့လာပါတယ်။ ဒါကြောင့် သမ္မတကြီးဖက်ကနေ တိုင်းရင်းဆေးရော အနောက်တိုင်းဆေးကျောင်းကနေပါ ကျွမ်းကျင်သူတွေကို စေလွှတ်ပြီး ရောဂါမကုသနိုင်ရင်တောင် ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေပါတယ်။ B နိုင်ငံဖက်ကလဲ သူတို့ဖက်ထိ ကူးစက်ကုန်တယ်ကြားလို့ သူတို့ဖက်ကပါ လူလွှတ်ပေးမယ်ပြောတယ်။ ဒါကြောင့် ၂နိုင်ငံ ချစ်ကြည်ရေးအနေနဲ့ သွားရမှာပါ။ ဒီညနေ ချက်ခြင်းထွက်မှာမလို့ ဆရာတို့ဖက်ကနေ အမြန်ပြင်ဆင်လိုက်တာ ကောင်းပါမယ်"

"ကောင်းပြီ၊ ဘယ်လောက်ကြာနိုင်လဲ"
"အနည်းဆုံး ၁လပါ"

မိုရ်ရှင်း နားထောင်နေရင်း နားရွက်လေးထောင်သွားသည်။ တစ်လဆိုပါ့လား။ တစ်လလောက် သူနယ်စပ်ကို သွားနေလိုက်ရင် ဟိုပြည်သူ့အချစ်တော်လေးနဲ့ ရန်ဖြစ်ခဲ့သမျှ လူတွေ မေ့လောက်ပြီမလားလို့။
ချက်ခြင်း စိတ်ဓာတ်တက်ကြွသွားပြီး ဆက်နားထောင်နေလိုက်သည်။

"ကောင်းပြီ ညနေကျရင် ကျောင်းပေါက်ဝမှာ စောင့်နေလိုက်ပါ။ ကျွန်တော်တို့ အသင့်ပြင်ပြီး လာခဲ့ပါ့မယ်"
"ကျေးဇူးတင်ပါတယ် ဆရာ"

စကားသံ ပြီးဆုံးသွားတာကြောင့် မိုရ်ရှင်း အမြန်ပြေးပုန်းလိုက်သည်။ ခြေသံမှန်မှန်နှင့်အတူ စစ်ဝတ်စုံဝတ်ထားသော လူကြီးတစ်ဦးက ရုံးခန်းထဲမှ ထွက်လာပြီး သူ့ကို ကျော်သွားကာမှ ရုံးခန်းထဲ အပြေးဝင်သွားကာ

Virulent Spiders Where stories live. Discover now