အပိုင်း(၈)

270 15 1
                                    

(Unicode)

သူ့အခန်းပြန်ရောက်သည်နှင့် မိုရ်ရှင်း အိပ်ရာပေါ် ခြေပစ်လက်ပစ် ဘုန်းခနဲလှဲအိပ်လိုက်ပြီး အမောဖြေလိုက်သည်။
"သေတော့မယ် သေတော့မယ်! အသက်ရှူမဝဘဲ သေတော့မယ်လို့!!"
သူ အမောမပြေမှီပင် အခန်းပြင်မှာ အသံကျယ်ကြီး ထွက်လာပြန်သည်။
"၁၀မိနစ်အတွင်း ထမင်းစားဆောင်ကို လာခဲ့ပါ။ နောက်ကျလို့ အစားစာမချန်ပါဘူး"

မိုရ်ရှင်း အား!!ခနဲအော်ငြီးလိုက်ကာ အိပ်ရာအောက်ကို လျောချလိုက်ပြီး ရေချိုးခန်းဖက်ကို ဝမ်းလျားမှောက်သာ မြွေသွားနည်းဖြင့် သွားလိုက်သည်။
"မစားရလဲ နေပါစေ! ငါ မုန့်တွေ ပါလာတယ်ကွ!"

မကြာလိုက် သူ့နောက်ကနေ အသံကျယ်ကြီးထွက်လာပြီး
"တပ်အတွင်းမှာ အပြင်စာ စားခွင့်မရှိဘူး။ အကုန်သိမ်းတယ် "
"ဘာ!"

မိုရ်ရှင်း ငေါက်ခနဲထထိုင်ကာ ရေချိုးဆောင်သို့ အသဲသန် ပြေးတော့သည်။ သူ့နောက်မှာ သူနဲ့ အပြိုင်ပြေးလာနေပါသော သမ္မတသား ဒုမောဟန်..
"ဟေး နိုင်ငံ့အချစ်တော်ကြီးလဲ ဒီရောက်တော့ ပြေးနေရတာပဲနော်။ ဘာလဲ အဖေက လုပ်ပေးဖို့ လူမထည့်ပေးလိုက်ဘူးလား"

ဒုမောဟန် ဒီအပြောနှင့် ဒီစုတ်တီးစုတ်ထောင်း အဝတ်စားနှင့်သူ အမြွှာ၂ယောက်ကို ခွဲတတ်လို့ သွားလေပြီ။
ဒီဂြိုလ်ကောင်ကို အဖက်လုပ်မပြောချင်တာကြောင့် ရေချိုးကန်သာ ဦးတည်သွားပြီး နေရာယူကာ ရေချိုးတော့သည်။
"ဟေး..အခန်းဖော်လေး၊ ရေချိုးဆပ်ပြာလေး ငှား"

ဝှစ်ဆို လက်တစ်ဖက်က သူ့ရေချိုးဆပ်ပြာဘူးကို ဆွဲသွားသည်။ တရားခံကတော့ မေးစရာမလိုတော့။
"မျက်နှာသစ်ဆေးလေးရော"

ဝှစ်ဆို ပါသွားပြန်သည်။ ဒုမောဟန် အံကြိတ်လိုက်ကာ
"မင်းဘာမှ မပါဘူးလား"

ဆပ်ပြာမြှုပ်တွေ ပြည့်နေသည့် မျက်နှာက မျက်လုံး တစ်ဖက် ဖြဲပြီး ဖွင့်လာကာ
"ပါဘူး။ ငါက ဒီက စီစဉ်ပေးထားမယ်ထင်တာလေ။ အဝတ်တောင် လျှော်ရမှာပျင်းလို့ ၅စုံပဲ ပါတာ။ ငါမနေ့ထဲက ကြည့်နေတာ ဒီမှာ အဝတ်လျှော်စက်လဲ မရှိဘူးကွ။ ငါ့အဝတ်ကုန်ရင် မင်းဟာငှားဦး... အ့ စပ်လိုက်တာ ရေ!ရေ! "

Virulent Spiders Where stories live. Discover now