အပိုင်း(၇)

241 17 0
                                    

(Unicode)

ဒုမောဟန် ပြေးရင်းပြေးရင်း ဟောဟဲလိုက်ကာ ချွေးတွေ ရွှဲနှစ်လို့ ခြေထောက်ပင် မ မချင်တော့ပေမယ့် သူ့ဘေးက ဗရုတ်သုတ်ခကောင်မှာ အေးဆေးပင် ပြေးနေသေးကာ ချွေးစို့ရုံလေး ရှိသေးသည်မြင်တော့ မနာလိုဖြစ်သွားမိသည်။

ကြည့်တော့ဖြင့် ဗရုတ်သုတ်ခနှင့် လေ့ကျင့်ခန်းတွေ ခိုးလုပ်ထားသည်ထင်သည်။

ဒုမောဟန် မျက်စောင်းထိုးလိုက်သည်နှင့် ချွေးသုတ်ပြီး ဒီဖက်လှည့်လာသည့် ရှင်းခန့်နှင့် တည့်တည့်စုံကာ ရှင်းခန့်မှာ အာစေးမိသွားတော့သည်။
ဒီကောင်လေး မျက်စောင်းထိုးစက်များ ဗိုက်ထဲ မြိုချထားတာလားလို့။ အားတိုင်းထိုးနေတာ သူ့အစား ရှင်းခန့်ပင် မျက်လုံးစွေချင်လာတော့သည်။

ထိုချိန်ပင် သူ့ကိုမျက်စောင်းအထိုးလွန်သွားသော ထိုကောင်လေးမှာ ကိုယ့်ခြေထောက်ကိုယ် ခလုပ်တိုက်ကာ ရှေ့ ဝမ်းလျားထိုး မှောက်လဲတော့သည်။

ခွပ်ခနဲ နာကျင်သွားတဲ့ မေးစိနှင့်အတူ ဒုမောဟန် မျက်လုံးထဲ ကြယ်တွေ လတွေပင် မြင်သွားပြီး ပြန်မထနိုင်တော့။
ရှေ့ဆုံးက ပြေးနေသော တပ်သားမှာ ရပ်လိုက်ပြီး အချိန်ကြည့်လိုက်ကာ

"ဟူး ထားလိုက်ပါတော့။ ပြန်လှည့်မယ်။ ဟို မှောက်နေတဲ့တစ်ယောက်။ လာပွေ့ခံရဖို့ စောင့်နေတာလား ။ ထမယ် ၊ ပြန်လှည့်မယ်"

ရှက်ရှက်နှင့် ဆက်မှောက်နေသော ဒုမောဟန်မှာ ထိုတပ်သားကို ပြေးကန်ချင်သွားပြီး ခုမှထနိုင်သလို ဟန်ဆောင်ကာ ကုန်းထလိုက်တော့ သူ့ကို လာကမ်းတဲ့ လက်တစ်ဖက်။

လက်ပိုင်ရှင်ကို ကြည့်ပြီး ဒုမောဟန် လက်ကို ပုတ်ထုတ်လိုက်ကာ ကုန်းရုန်းထပြီး အဝတ်စားခါလိုက်ကာ မေးစေ့ကို ပွတ်သပ်လိုက်မိသည်။

ရှင်းခန့် လက်ပြန်ရုတ်ကာ ဘာမှမပြောဖြစ်။
သူတို့ အုပ်စုလိုက် ပြန်လှည့်လာတော့ ခုမှ ပြေးလာနေဆဲ ၄ယောက်နှင့် ထိပ်တိုက်တိုးကာ တပ်သားက ဓာတုဘုဏ်းမင်းကို အလေးပြုလိုက်ပြီး ရပ်တန့်လိုက်သည်။
ဓာတုဘုဏ်းမင်း  နာရီကြည့်ကာ

"၁နာရီပဲ ရှိသေးတယ်၊ ဘာလို့ လှည့်လာတာလဲ"

တပ်သားမှာ အလေးပြုရင်း

Virulent Spiders Where stories live. Discover now