အပိုင်း(၉)

258 16 1
                                    

(Unicode)

ခရီးဆက်လိုက်၊ မောရင် ၂မိနစ်နားလိုက်ဖြင့် မိုရ်ရှင်းတို့ ၃၆ယောက်ရယ် တပ်သား၃၆ယောက်ရယ် စုစုပေါင်း ၇၂ယောက်မှာ သူတို့လက်ရှိနေတဲ့ တောင်တန်းကြီးကို ဖြတ်ကျော်ကာ နောက်ထပ် တောင်တန်းတစ်ခုဆီ လမ်းကြမ်းခရီးဖြင့် သွားနေရသည်။ တောင်က တောထူထပ်လွန်းတာကြောင့် ကားလမ်းမပေါက်။ မိုရ်ရှင်းတို့ဖုန်းတွေအားလုံးလဲ လိုင်းမမိတော့ဘဲ အသုံးမဝင်တော့ပေ။

သစ်ပင်အိုကြီးတွေက နေပြောက်မထိုးနိုင်အောင် အုပ်ဆိုင်းနေပြီး ရေညှိစိမ်းစိမ်းတွေ ကပ်နေကာ ပင်စည်ရော အရွက်တွေပါ စိမ်းစိုပြီး တောထဲမှာ အစိုဓာတ်က ကြီးစိုးပြီး ချမ်းစိမ့်စိမ့်ဖြင့်။ ရှေ့ကတပ်သားတွေ ဦးဆောင်ပြီး အလည်က မိုရ်ရှင်းတို့လိုက်ကာ အနောက်မှာ ဓာတုဘုဏ်းမင်းက စောင့်ကြပ်သည်။

အစက ဒီလောက်ထိ စောင့်ဖို့လိုလားလို့ မိုရ်ရှင်း စနောက်ချင်ပေမယ့် သူ့ဘေးကပ်လျှောက်နေသည့် အနောက်တိုင်းဆေးကျာင်းမှ တစ်ယောက်မှာ သစ်မြစ်တစ်ခုကို ခလုပ်တိုက်ပြီး ပစ်လဲကျသွားကာ ပြန်မထနိုင်။ ဓာတုဘုဏ်းမင်းက လျှင်မြန်စွာ ရောက်လာပြီး သစ်မြစ်ကို သူ့ဓားနှင့် ခုတ်ဖြတ်လိုက်တော့ သစ်မြစ်က သွေးစိမ်းရှင်ရှင်ထွက်ကာ စိမ်းစိုနေသည့် ပင်စည်ထက် ထင်းနေတော့သည်။

ဓာတုဘုဏ်းမင်းက ဓားပေါက သွေးကို ရေညှိထက် သုတ်ပြီး သန့်စင်လိုက်ကာ
"သတိထားလျှောက်ကြ။ နွယ်ရှင်တွေ ရှိတယ်။ မင်းတို့ သွားမထိမချင်း သူတို့ဖက်က မလှုပ်ရှားဘူး။ မင်းတို့ သွားထိမိရင်တော့ သေတဲ့ထိ ညစ်သတ်ခံရမယ်"

မိုရ်ရှင်း ကြက်သီးထသွားပြီး သူ့ပန်းပုထသည့် ခေါက်ဓားလေးကို ကျစ်ကျစ်ပါအောင်စုပ်ရင်း အီးတုံးကောင်နား သွားကပ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် အီးတုံးကောင်နား ကပ်နေရင် အလိုလိုကို စိတ်လုံခြုံသွားသည်။

လဲကျသွားတဲ့ ကျောင်းသားမှ ဒေါသတကြီးအော်တော့သည်။
"ဒီသောက်နွယ်တွေအကြောင်း ဘာလို့ အစထဲက သတိမပေးရတာလဲ၊ ကျွန်တော်တို့ကို တမင်သေစေချင်နေတာပဲ ခင်ဗျားတို့က"
"မင်းတို့ကို ကြိုပြောပြလိုက်ရင် မင်းတို့က ဒီတောအုပ်ထဲ လမ်းဖြတ်လျှောက်ရဲပါမယ်တဲ့လား။ မင်းတို့ကို ကုန်းပိုးသွားရလောက်တဲ့ထိ ငါ့တပ်သားတွေ မအားဘူး"

Virulent Spiders Where stories live. Discover now