အပိုင်း(၁၀)

613 21 3
                                    

(Unicode)

ဓာတ်ခွဲရုံမှာ တစ်ခန်းကို 4ယောက်ခန်းဖြစ်ပြီး အပေါ်အောက် စင်များဖြင့် အိပ်စင်များ ထည့်ထားကာ စားပွဲကြီး 2လုံးကို အခန်းအလည်မှာ ထည့်ပေးထားပြီး အိပ်စင်ဘေးမှာတော့ အဝတ်ဗီဒိုများ ပါသည်။ မိုရ်ရှင်းက အောက်ကုတင်ဝင်လှဲလိုက်ကာ ရှင်းခန့်က အပေါ်ထပ်တက်သွားပြီး အိပ်ရာခင်းပြင်သည်။
"Hello..ကျွန်တော်ဒီအခန်းမှာ နေလို့ အဆင်ပြေမလားဗျ"

မိုရ်ရှင်း တံခါးဖွင့်ပေးလိုက်တော့ အနောက်တိုင်းဆေးကျောင်းက ကျောင်းသားတစ်ယောက်။
"တခြားခန်းက အကုန်လူပြည့်ကုန်ပြီ၊ ဒီအခန်း လွတ်သေးတယ်မလား"

မိုရ်ရှင်း ပြုံးပြီး ‌ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်တော်က ရှိုင်းရစ်ခွန်ပါ။ အနောက်ဆေး နောက်ဆုံးနှစ်က"
" ငါက မိုရ်ရှင်းသန့်၊ ဟိုကောင်က မိုရ်ရှင်းခန့်၊ အမြွှာတွေ၊ တိုင်းရင်းဆေး တတိယနှစ်က "

အချင်းချင်း မိတ်ဆက်အပြီးမှ မပိတ်ရသေးတဲ့ တံခါးမှာ လူရိပ်ထပ်မံပေါ်လာပြီး မှောင်မဲနေသောာမျက်နှာဖြင့် ဒုမောဟန် ပေါ်လာသည်။  ရှိုင်းရစ်ခွန်က ဒုမောဟန်လက်ထဲက အိတ်ကို ပြေးသယ်ပေးကာ
" မောဟန်၊ လာလေ။ အောက်ထပ်နေမလား။ ငါအပေါ်ထပ်မှာ နေလိုက်မယ်"

ဒုမောဟန် တစ်ဖက်ကုတင်က အမြွှာ၂ယောက်ကို ကြည့်ပြီး ပြန်ထွက်သွားချင်ပေမယ့် သွားစရာ အခန်းမရှိတော့။

ကျန်လူအားလုံး သူနှင့်မနေရဲဘဲ ကန်ထုတ်ခံလိုက်ရသည်။ အိပ်ခန်းတွေကလဲ ၉ခန်းပဲ ပါကာ ပါမောက္ခနှင့် ကျောင်းသား အားလုံး ၃၆ယောက်မလို့ အခန်း ၉ခန်းစာ ကွက်တိပင်။ တပ်သားတွေက ဓာတ်ခွဲရုံထဲ မနေဘဲ ဓာတ်ခွဲရုံနောက်က တန်းလျားမှာ နေသည်။

အားလုံး အနားယူ စားသောက်ပြီးသည်နှင့် တပ်သားတစ်ယောက်က ဆက်သွယ်ရေးစက်ပါသော နာရီများ အယောက်ချင်းဆီတိုင်းကို ပေးပြီး ချက်ချင်းဝတ်ဆင်ဖို့ ပြောလာသည်။ နာရီ၌ location ထောက်သည့် စနစ်နှင့်နှလုံးခုန်နှုန်းတိုင်းသည့် function ပါ ပါကာ အသက်ရှင်နေသ၍ လူတိုင်းဟာ သူတို့ ဗိုလ်ချုပ်ကြီး ဓာတုဘုဏ်းမင်းရဲ့ ဆက်သွယ်ရေးစက်၌ ပေါ်နေမည်ဖြစ်ကြောင်းပြောပြီး ပြန်ထွက်သွားသည်။

Virulent Spiders Where stories live. Discover now