အပိုင်း(၄)

358 21 2
                                    

(Unicode)

စစ်တပ်သုံး ကားကြီးပေါ် အားလုံးတက်လိုက်ကာ နေရာယူလိုက်သည်။ မိုရ်ရှင်းက သူ့အကိုနှင့် အဝေးဆုံးသွားထိုင်ကာ ကားအတွင်းဆုံးသို့ရောက်သွားပြီး မိုရ်ရှင်းခန့်က ကားနောက်မှီးမှာ ထိုင်ဖြစ်သွားသည်။
သူတို့ကားက တိုင်းရင်းဆေးကျောင်းကနေ အနောက်တိုင်းဆေးကျောင်းရှေ့ ရပ်တန့်သွားပြီး အနောက်တိုင်းဆရာဝန်တွေ တက်လာပြန်သည်။ မိုရ်ရှင်းက စိတ်မဝင်စားဘဲ သူ့အဝတ်ထုတ်မှီကာ အိပ်နေသည်။ သူသာ ‌အနောက်တိုင်းဆေးကျောင်းသားတွေကို ကြည့်ဖြစ်ခဲ့လျှင် ချက်ခြင်းကားပေါ်က ဆင်းပြေးချင်သွားလိမ့်မည်။

အဘယ်ကြောင့်ဆိုသော်...

ဒုမောဟန် နောက်ဆုံးမှ တက်လိုက်သောကြောင့် ကားနောက်မှီးမှာသာ ထိုင်ရပြီး ခေါင်းမော့လိုက်သည်နှင့် ဒေါသကြောင့် နှုတ်ခမ်းစေ့သွားတော့သည်။

သူ့ပန်းပုရုပ်ကို ပစ်ပေါက်ခွဲပြီး ထွက်ပြေးသွားသော ကြမ်းပိုးကောင်က သူ့ရှေ့မှာ ထိုင်နေသည်လေ။
စိတ်တိုစွာ သူ့အိတ်ကို ခြေထောက်နား ပစ်ချလိုက်သည်။
နေ့လယ်က ကိစ္စကို သူလဲ မရည်ရွယ်။ အဖေ့ကိုယ်ရံတော်တွေကို အတင်းရှောင်ပြီး ပြေးလာတာဖြင့် ဝင်တိုက်မိသွားတာပင်။ သို့သော်လဲ သူ့နဂိုမျက်နှာကြောကိုက မျက်နှာမြင် ရိုက်ချင်ပါစေဟူသော မျက်နှာမျိုးဖြစ်နေလေရာ သူလဲ မတတ်နိုင်။ ဤသို့ ဤသို့ဖြင့် နောက်ဆုံးတော့လဲ တစ်ဖက်လူက တကယ်ကြီး ရိုက်မယ့်ပုံပြလာတော့ မတတ်နိုင်ဘဲ ကိုယ်ရံတော်တွေကို ပြန်ခေါ်လိုက်ရတော့သည်။ ဒါပေမယ့် ဘာဆက်ဖြစ်လဲ...တစ်ဖက်လူက ထွက်ပြေးသွားပြီး သတင်းက အားလုံးသိသွားကာ အဖေက အပြစ်ပေးသည့် အနေဖြင့် ဤခရီးစဉ်ထဲ ထည့်လွှတ်လိုက်သည်လေ။

ဗုန်းခနဲအသံနှင့် သူ့ခြေထောက်ထိပ်ဖျား နာသွားတာကြောင့် ရှင်းခန့် မော့ကြည့်လိုက်သည်။ဒါက.....သမ္မတသားပဲ။ ဒါပေမယ့် သူနဲ့ ပြဿနာတက်ထားတာက ရှင်းသန့်လေ.....

လို့ တွေးမိပေမယ့် လတ်တလော သူ့အဝတ်သူငုံ့ကြည့်ပြီး မတိုင်မှီလေးမှ ဂြိုလ်ကောင်ညီဖြစ်သူဟာ သူနှင့် အဝတ်စားလဲဝတ်သွားပြီး ပြန်မလဲရသေးသည်ကို သတိရသွားသည်။ ဆိုတော့ ...ဒီနိုင်ငံ့အချစ်တော်လေးက သူ့ကို ရန်လာစနေသည်ပေါ့..သူ့ညီမှတ်ပြီးလေ။

Virulent Spiders Where stories live. Discover now