အပိုင်း(၅)

289 15 2
                                    

(Unicode)

"မင်း! ဖြစ်ပြန်ပြီ ! မင်းကြောင့်ကြီးပဲ ငါကံဆိုးနေတာ"

ဒုမောဟန် သူ့ကိုလာထူပေးတဲ့လူကိုမြင်တော့ တစ်ညနေလုံး ဘူနေသမျှ အုံကြွလာပြီး တစ်ဖက်လူကို တွန်းထုတ်လိုက်တော့သည်။ မိုရ်ရှင်း မထင်ထားတာကြောင့် ဖင်ထိုင်ပြုတ်ကျသွားပြီး တင်ပါးအောင့်သွားပေမယ့် ဒီတစ်ခါတော့ တကယ်သူ့အမှားမလို့ ငြိမ်ခံနေလိုက်သည်။

"ဒီတစ်ခါ ငါတကယ် မရည်ရွယ်တာပါ၊ နာသွားလား"

"‌ဒီမှာကြည့်၊ ငါ့‌နှာခေါင်းထဲ အချည်ရည်လောင်းထည့်ထားတယ် မြင်လား"
မိုရ်ရှင်း သေချာကြည့်လိုက်ကာ
"ဟုတ်လို့လား။ ဘယ်တုန်းက ပါလာတာ။ အသားရောပါလား၊ ကျွေးဦး"

တစ်ဖက်လူက ကြုံးအော်တော့သည်။

"မင်းအဖေငါ့နှာခေါင်းသွေးကွ! သွေးထွက်မှတော့ မနာနေမလား ပြောမလို့။ မင်းဘိုးအေအသားပါရမှာလား"

အခန်းဝမှာ လေယာဉ်ပေါ်ထဲက စပ်စုချင်နေသည့် လူများက သမ္မတသား အခန်းထဲလဲဝင်ရော အော်သံလဲ တန်းထွက်လာရောဆိုတော့ အုံနေတော့သည်။
ဒုမောဟန်မှာ ထို့ကြောင့် ပိုပြီး ရှက်သွားကာ မျက်စိရှေ့ကကောင်ကို အမှုန့်ချေချင်နေတော့သည်။

မိုရ်ရှင်းမဲ့ပြလိုက်သည်။ သိဘူးလေ ၊ သူကသာ ရွဲ့တတ်သာ သူ့ပြန်လာရွဲ့ရင် သိတာမဟုတ်။
*ဒေါက်ဒေါက်*

ပျဉ်ချပ်ပေါ် ခေါက်သံထွက်လာပြီး ထောင်ထောင်မောင်းမောင်းတစ်ယောက် အခန်းထဲဝင်လာကာ
"ညနက်လို့ တပ်သားတွေ အနားယူချိန်ရောက်နေပါပြီ။ အနှောက်ယှက်ဖြစ်အောင် မဆူညံပါနဲ့။ ပထမဆုံးဖြစ်လို့ သက်ညှာပေးလိုက်ပါမယ်။ နောက်တစ်ခါဖြစ်ရင် တစ်ညလုံး ဒိုက်ထိုးရမယ်မှတ်။ ကောင်းသောညပါ"

အသံက ဩရှရှဖြင့် deep voice။ ပြောသွားသည့်ထဲ လေသံမာမာ တစ်ခွန်းမှမပါ။ သို့သော် မာန်အပြည့်။ တိကျပြတ်သားပြီး နားမထောင်ဘဲ မနေရဲသည့် ဩဇာအပြည့်နှင့်။

စွာစိလန်လေး၂ယောက်မှာ အချင်းချင်းသာစွာတာ ၊ကိုယ့်ထက် မိုက်တဲ့လူနှင့်တွေ့ရင် ငြိမ်ကုတ်သွားသည့် အမျိုး။ အိမ်ကျယ်လေးတွေလေ။
ထိုလူအသံကြားတာနှင့် ၂ယောက်လုံး တိတ်သွားကာ အသက်ရှူသံပင် ရဲရဲမထွက်ရဲ။ အမှောင်ကြောင့် တစ်ဖက်လူကို မမြင်ရတာတောင် အရှိန်ဝါက ခန့်ညားထည်ဝါနေရော။

Virulent Spiders Where stories live. Discover now