အပိုင်း(၆)

311 18 0
                                    

(Unicode)

ဓာတုဘုဏ်းမင်းမှာ နင်သွားတဲ့ ရေကို အတင်းမြိုချလိုက်ကာ ထိုကလေးကို အပြူးသား ကြည့်မိသည်။ ညက အခန်းလိုက်စစ်ထဲက သတိထားမိနေတာ ပြောင်စပ်စပ်နှင့် အလေးနက်ကို မရှိ။ ရန်ကဖြစ်လိုက်သေးသည်။ သူဟောက်လိုက်မှသာ ငြိမ်သွားတဲ့ ကောင်လေး။
မနက်တွေ့ပြန်တော့လဲ ဆံပင်စုတ်ဖွားနှင့် မျက်မှန်ကြီးက မျက်နှာတစ်ခုလုံး ဖုံးကွယ်မတတ် ။ အဝတ်စားက ကပိုကယို။ သူ့ဟာသူဆို မသိသာပေမယ့် ဘေးက သမ္မတ သားလို သေသေသပ်သပ် ဝတ်ထားသူနှင့် ယှဉ်ရပ်လိုက်တော့ သူတောင်းစားအလား။
ခုလဲ လူ ၃၀လောက်ရှိတဲ့နေရာကြီးထဲ ထအော်ပြန်ပြီ ။ အီးပါချင်လို့တဲ့လေ ! ။ ရှိပါစေတော့။ မြို့ပေါ်က စည်းစိမ်ရှင်သူဌေးသားလေးတွေဆိုတော့လဲ..။ နောက်မှ ပြုပြင်ပေးသွားတော့မည်။

ဒုမောဟန်မှာ ဖုန်ကြားထဲ ချောင်းထဆိုးကာ ထိုဗရုတ်သုတ်ခကောင်ကို နောက်ကနေသာ ဖင်ပြေးကန်ချင်မိတော့သည်။
မကြာလိုက် ရှပ်အင်္ကျီကို ကြယ်သီးစေ့တပ်ထားပြီး ခဏက ဆံပင်ပုံနှင့် တစ်ခြားဆီဖြစ်ကာ သေသေသပ်သပ် ဖီးသင်ထားသော ဗရုတ်သုတ်ခကောင်က သူ့မြင်ကွင်းထဲ ဝင်လာသည်။

"ဟမ့် ဘာ အီးပါတာတုန်း။ အလှသွားပြင်လာတာ အသိသာကြီးကို၊ သူ့ကိုယ်သူ ရုပ်ရှင်လာရိုက်တယ် ထင်နေလားမသိဘူး၊ လိမ်က လိမ်သေးတယ်"

ဒုမောဟန်စကားက မတိုးတာကြောင့် ကွင်းထဲရှိ လူအားလူးက ကြားနိုင်သည်။ တချို့ အရာရှိတွေကလဲ ခေါင်းတခါခါဖြင့် ဒုမောဟန်စကားကို ထောက်ခံသည့် သဘောဖြင့် ပြန်ဝင်လာတဲ့ ကောင်လေးကို မကြည်တော့။

အခုမှ လာသော ရှင်းခန့် be like _  ငါဘာကောင်မှ မဟုတ်ဘူးလေ။ ငါ့ကို ဘာလို့ မုန်းနေကြတာလဲ(⁠。⁠ŏ⁠﹏⁠ŏ⁠)

တိုင်းရင်းဆေးကျောင်းမှ ပါမောက္ခက ရှင်းပြရန် ပြင်သော်လဲ အရာရှိထဲက အငယ်ဆုံးတစ်ယောက်က ထွက်လာပြီး လက်က နာရီမြှောက်လိုက်ကာ

"၁မိနစ်ပဲလိုတယ်။ မစောင့်တော့ဘူး ။ အရင်ရောက်တဲ့သူတွေ အရင်စထွက်မယ်။ ၂ယောက် တစ်တွဲ တန်းစီပါ"
"ဘယ်သွားဖို့လဲဗျ"
" ၃မိုင် ပြေးဖို့"

Virulent Spiders Where stories live. Discover now