Part - 5

377 72 4
                                    

ℙ𝕠𝕝𝕪𝕖𝕤𝕥𝕖𝕣

Part - 5

"စကားနဲ့ မပြောချင်ရင် ခေါင်းငြိမ့်ပြပါလား "

"...."

"ဒါဆို ကိုယ်ပြောတာကိုသဘောတူရင် မျက်တောင်နှစ်ချက်ခတ်ပြ "

"...."

မလှုပ်။ တုတ်တုတ်မလှုပ်။

မသိရင် ပြတိုက်ကကြွေရုပ်လေးရှေ့မှာ ခုံတလုံးနဲ့ထိုင်ပြီး စကားပြောနေရသလိုတောင် သူ့ကိုယ်သူမြင်မိလာသည်။ နားထင်မှာ စို့တက်လာတဲ့ချွေးစေးတွေကို ဂယူဘင်းကလက်ခုံနဲ့ပွတ်သုတ်လိုက်ရင်း ရှေ့မှာ မျက်လွှာချကာမလှုပ်မရက်ထိုင်နေသော သူ့ရဲ့ နှစ်ယောက်မရှိတဲ့ရေခဲတုံးလိုလူနာလေးအား စာအုပ်အပါးလေးနဲ့ လေတဖြတ်ဖြတ်ခတ်ပေးနေမိသည်။

နိုအာနဲ့မတွေ့ခင်မှာတုန်းကတော့ တလောကလုံးမှာ ခေါင်းအမာနိုင်ဆုံးက သူ့ကိုယ်သူလို့ ဂယူဘင်းထင်ခဲ့မိတာ။ သို့သော် နိုအာနဲ့ဆုံပြီးချိန်မှာ နိုအာ့လောက်ဘယ်သူမှခေါင်းကျောမမာနိုင်မှန်း နားလည်ခဲ့ရသည်လေ။

"စိတ်မဆိုးပါနဲ့ ကိုယ်က နိုအာပူနေမလားလို့ ခြံထဲဆင်းဖို့အကြံပေးတာလေ နောက်ပြီး မင်းအတွက် အပြင်လောကကြီးက လိုအပ်နေသေးတာမို့ "

ကြာလာတာနဲ့အမျှ စိတ်ကောက်တတ်တာအကြိမ်ရေပိုများလာသလို ပြန်မပြောနားမထောင်လည်းလုပ်တတ်သည်။ ခံစားရတာကို ထုတ်မပြောတတ်သည်က အရင်ထဲကဖြစ်နေသည်မို့ ဒါကိုတော့ဂယူဘင်းက ဘာမှမပြောလို။

ဘယ်နေရာကနေ ဘယ်လိုလျှပ်စစ်က ရှော့ခ်ဖြစ်သလဲမသိပေမယ့် တအိမ်လုံးမှာ နိုအာ့အခန်းလေးရယ် မီးဖိုချောင်ရယ်မှာ လျှပ်စစ်မီးသုံးမရပေ။ ဂယူဘင်းကိုယ်တိုင်လည်းဟိုဟိုဒီဒီစစ်ကြည့်ပေမယ့် ပြင်ဆရာတွေလိုတော့ ကျွမ်းကျင်သည်မဟုတ်။ မနက်ကသူဒီကိုရောက်ရောက်ချင်း အန်တီကတော့ ဟင်းချက်မရလို့ တိုင်ပတ်နေခဲ့ပြီး သူ့ရေခဲတုံးလေးကတော့ အဲကွန်းမရတော့သည်မို့ အရည်ပျော်လုလု။

တခါတလေ မီးဆွဲအားတွေကလိုင်းပူးသွားရင် ချို့ယွင်းတာတွေဖြစ်ကုန်တတ်ပြီး ဒါက မီးမလောင်သွားတာပဲကံသီသည်ဟု ဆိုရလိမ့်မည်။ သားဖြစ်သူရဲ့ကျန်းမာရေးကို ကုသဖို့ခေါ်ခဲ့တဲ့ ဆရာဝန်ပေမယ့် မနက်စာအစ ညစာအဆုံး deliနဲ့မှာပြီး သူမရဲ့သားဖြစ်သူကို ကျွေးပေးဖို့ အကူညီတောင်းခံသွားသေးပါ၏။

ℙ𝕠𝕝𝕪𝕖𝕤𝕥𝕖𝕣Where stories live. Discover now