Part - 11

320 59 3
                                    

ℙ𝕠𝕝𝕪𝕖𝕤𝕥𝕖𝕣

Part - 11

"အခု သားလည်း အတော်လေးနှုတ်သွက်လာပြီမို့လား စာချုပ်ချုပ်ထားတာ ၆ လလည်းပြည့်ပြီကို ထပ်မချုပ်နဲ့တော့လေ မိန်းမရယ်...ကိုယ်လည်းအချိန်ပြန်ပေးနိုင်နေပြီပဲကို သားလိုအပ်နေသေးရင် ကိုယ်ဖေးမပါ့မယ် သူစိမ်းတယောက်ကိုသားဘေး ကြာကြာကြီးခေါ်ထားတာလဲ မကောင်းဘူးလေ။ မင်းကပါ သံယောဇဉ်တွယ်နေပုံပဲ  "

အခန်းပြင်ဆီ ထွက်ဖို့ပြင်နေတဲ့ ခြေလှမ်းတွေက တန့်သွားမိရသည်။ အောက်ထပ်က သဲ့သဲ့ကြားရသော ဖေဖေ့အသံ။ ဟိုတခါယူဂျင်းနဲ့ကတောက်ကဆနည်းနည်းဖြစ်ပြီး အခုနောက်တခေါက်ဒီကို မနက်အစောထဲက လေယာဉ်ဆိုက်လို့ ပြန်ရောက်သည်လေ။ယူဂျင်းကတော့ ရှိရှိတယ်တောင်မမှတ်ပဲ ကိုကိုနဲ့ပဲ အခန်းထဲမှာ ရှိနေခဲ့တာ ခုညနေအထိ။

ကိုကိုက ယူဂျင်းအတွက် သူစိမ်းမဟုတ်ပါဘူး။ သူစိမ်းလို့ ဆိုမှရမယ်ဆိုရင်တောင် အရင်းနှီးဆုံး သူစိမ်းပါပဲ။အိပ်ယာနိုးချိန်ကစလို့ ပြန်အိပ်ချိန်အထိသူ့အတွက် တခုတည်းသောလိုအပ်ချက်က ကိုကိုရယ်ပါ။

"နိုအာဘာဖြစ်လို့လဲ...ရေဘူးသွားယူမို့ဆို "

ဆက်မသွားပဲ ရပ်နေတဲ့ သူ့ကြောင့် ကိုကိုက လှမ်းမေးလာခဲ့သည်။ အထဲပြန်ဝင်ကာ တံခါးကိုဆွဲပိတ်လိုက်ပြီး တခါထဲ လော့ခ်ပါ ချပြစ်လိုက်သည်။ကိုကို့မှာ ယူဂျင်းသဘောကျမိတဲ့အချက်တွေများလွန်းသည်လေ။ ယူဂျင်းဘာလုပ်လုပ် ဘာလို့လဲ ဆိုတဲ့ မေးခွန်းမျိုးလည်းမထုတ်တတ်သလို၊မလုပ်ရဘူး ဆိုပြီးတားဆီးတာမျိုး မရှိ။

ယူဂျင်းနားကိုလျှောက်လာတဲ့ ကိုကို့ကိုလက်ကနေ ပြန်ဆွဲခေါ်ပြီး ကုတင်ပေါ်တူတူထိုင်ခိုင်းလိုက်၏။ပြီးမှ အရင်ကလောက်ကြီး လေးပင်မနေတဲ့ လေသံလေးဖြင့်.....

"နို...နိုအာ့ကို အမြဲတမ်းလာကြည့်ပေး...ဖို့...စာချုပ်၆လထဲလား "

"အွန်း...မှတ်မှတ်ရရမနက်ဖြန် ပြည့်မှာ "

ယူဂျင်းရင်ထဲ ကိုကို့စကားကြောင့် ဒိတ်ခနဲဆောင့်ခုန်သည်။ တခုခုကို ပူထူသွားရင် ဖြစ်လာတတ်တဲ့ ခံစားချက်နဲ့ ဆင်တူစွာ။ ထပ်ပေါင်းအနေနဲ့ နယ်ချဲ့သည်က ဝမ်းနည်းစိတ်ကလေး။ စာချုပ်ပြည့်လို့ ကိုကိုသာမလာတော့ရင် ယူဂျင်းရဲ့နေ့စဉ်လည်ပတ်နေပုံဟာ ကြယ်လေးမရှိတော့သလိုမျိုး မှေးမှိန်သွားတော့မှာ။

ℙ𝕠𝕝𝕪𝕖𝕤𝕥𝕖𝕣Where stories live. Discover now