Part -1၀

372 66 6
                                    

ℙ𝕠𝕝𝕪𝕖𝕤𝕥𝕖𝕣

Part -1၀

"နိုအာ သွားမယ်လို့ ပြောထားပြီးတော့ အခုစိတ်ပြောင်းသွားတာလား "

"အွန်း....မ...သွားတော့ဘူး "

"မဟုတ်သေးဘူးလေ မနေ့ညကတောင် ကိုယ်မပြန်ခင်ကသွားမယ်ပြောနေသေးတာကို "

5လ။ 5လဆိုတဲ့ အချိန်တခုနဲ့အတူ နိုအာ့ဘေးကို နေ့တိုင်းလိုလိုသွားနေပြီးအမျိုးစုံစိတ်ဖေးမပေးခဲ့တာ တနေ့တမျိုးမရိုးရအောင်ပါပဲ။ စစခြင်းကနဲ့မတူညီအောင် ပြောင်းလဲလာပေမယ့် တချို့နေရာတွေမှာတော့ ပြောရဆိုရအတော်ခက်ပါသည်။ 5 လလုံးလည်းပြောရဆိုရ အတော်လက်ပေါက်ကပ်တဲ့အပြင် အိမ်နဲ့ နေရာအဝေးကြီးကို အခုထိခေါ်ထုတ်လို့မရသေးပေ။

နိုအာက ခြံထဲနဲ့ အိမ်နား တဝိုက်ကိုသာ သွားဖို့လက်ခံပြီး ဥပမာကားစီးပြီးမှ သွားရမှာမျိုးကို လုံးဝလက်မခံ။

စိတ်အပြောင်းအလဲဖြစ်ဖို့နဲ့ တချို့သော ဒဏ်ရာတွေကို ကုစားဖို့အတွက် ဂယူဘင်းရဲ့ စကားလုံးတွေနဲ့ပဲ မသက်သာနိုင်ပါ။ အလည်အပတ်ထွက်စေချင်တာမျိုး အိမ်နဲ့ဝေးတဲ့ အပျော်လည်ပတ်စရာနေရာတွေမှာ ပတ်ဝန်းကျင်ဆီကနေ ကောင်းတဲ့အငွေ့အသက်ကို ယူစေချင်ရပါတယ်။ 

ဒါကြောင့် ခပ်လှမ်းလှမ်းမှာရှိတဲ့ မားကတ်လေးပဲ သွားကြမလား။နိုအာ သွားချင်တဲ့ နေရာရှိလားလို့ နေ့တိုင်းလိုလို သတိတရမေးခဲ့ပေမယ့်လည်း ထွေထွေထူးထူးအဖြေရှိမလာခဲ့ပါ။

တရက်ကဆို အိမ်နဲ့ ဝေးတဲ့အပြင်ကိုထွက်ကြည့်ဖို့ တွန်းအားပေးမိလို့ ငိုသည်အထိဖြစ်ခဲ့ပါသည်။သို့ပေမယ့် မနေ့ညကတော့ ထူးထူးဆန်းဆန်း သူဒီကမပြန်ခင်မှာ "ငါး...ငါးပြတိုက်...သွားကြမယ်" ဟု အသံတိုးတိုးလေးဖြင့်ပြောလာခဲ့သည်မို့ သူ့မှာ အဲ့ဒီ့စကားနဲ့တင် အပျော်လုံးစို့နေရတာ။

သူပြုပြင်ပေးတဲ့ ကောင်လေးအများကြီး ပြောင်းလဲလာတာဆိုတဲ့ အသိနဲ့ ပျော်ရွှင်မှုက ဘာနဲ့မှ လဲမရအောင်ပါပဲ။ သေချာပြင်ဆင်ပြီး အခုသွားမယ့်မနက်မှာ လာခေါ်တော့ကြ မသွားတော့ပါဘူးတဲ့။ မျက်နှာတည်လေးနဲ့ ဖြစ်နေပြီး ရေတောင်ချိုးထားပုံမရ။ ဂယူဘင်းရဲ့ တနေ့လုံး နိုအာ့ စိတ်ကလေး ပျော်အောင်လုပ်ပေးချင်တဲ့ မျှော်လင့်ချက်တွေဟာ ရေစုန်မျော။

ℙ𝕠𝕝𝕪𝕖𝕤𝕥𝕖𝕣Where stories live. Discover now