ℙ𝕠𝕝𝕪𝕖𝕤𝕥𝕖𝕣
Part - 12 [final]
"အယ်...နိုအာလေး ရောက်နေတာပဲဂယူဘင်းနဲ့ တွေ့ပြီးပြီလား "
"မ...မတွေ့ရသေးဗျ "
"ဂယူဘင်းက အဆောင် B ဘက်ကို သွားတယ်ထင်တယ် ခုနကရောက်လာတဲ့ patient တယောက်ကို သွားကြည့်ပေးတာ ခုထိပြန်မလာသေးတာထင် "
ကိုကို့ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အစ်မတယောက်ရဲ့အပြောကို ယူဂျင်းက ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် နားထောင်သည်။ ကိုကို့စားပွဲပေါ်မှာ ကြယ်တွေထည့်ထားတဲ့ ဖန်ပုလင်းလေးကို အဖုံးဖွင့်ကာ ယူဂျင်းက နေရာအကျအနယူပြီး စက္ကူကြယ်တွေခေါက်ရင်း ကိုကို့ကိုထိုင်စောင့်ဖြစ်ပါတယ်။
သူဖုန်းကြိုဆက်ခဲ့သင့်ပေမယ့် ဒီတိုင်းထွက်လာခဲ့တာမှားသည်ပဲ။ ဒါပေမယ့် သိပ်ဆိုးဆိုးရွားရွားဟုတ်မနေပါဘူး ကိုကို့ဆေးရုံက အသိတွေနဲ့ ယူဂျင်းကခင်နေခဲ့ပြီလေ။
"ကျွန်တော်....စောင့်...စောင့်နေလိုက်...ပါ့မယ် "
"အိုခေပါရှင် ရော့ နိုအာလေးက အချိုကြိုက်တယ်လို့ကြားမိလို့ "
စားပွဲပေါ်ကို လာတင်ပေးသွားတဲ့ ချောကလက်သကြားလုံးလေး သုံးလုံးအား ယူဂျင်းက စက္ကူကြယ်သုံးခုနဲ့လဲလှယ်ပါတယ်။ အဲ့အစ်မကြီးကတော့ ဘာတွေသဘောကျနေမှန်းမသိ ယူဂျင်းကို ပြုံးပြုံးနဲ့နှုတ်ဆက်နေတာ ချက်ချင်းမပြန်နိုင်သေး။
ကိုကိုပြောပြပုံအရဆို ဒီအစ်မကြီးက ယူဂျင်းဆီဆေးလာကုရမယ့် တကယ့်ဆရာဝန်ဖြစ်ကာ ကိုကို့ကို Patient လွှဲပေးခဲ့သည်တဲ့လေ။
ဒီအစ်မကြောင့်သာမဟုတ်ရင် ကိုကိုနဲ့သူ့ကြားမှာ ရေစက်ဆိုတာ ဖြစ်လာမည်မဟုတ်ပါ။
သကြားလုံးလေး သုံးလုံးကိုဖောက်မစားသေးပဲ ယူဂျင်းက ဒီတိုင်းပဲထိုင်ကြည့်သည်။ကိုကိုလာနိုးနိုးမျှော်ရင်း စက္ကူကြယ်လေးတွေတခုပြီးတခုခေါက်ဖြစ်သည်။ နာရီဝက်ကျော်လောက်ကြီး ကိုကို့ဆေးခန်းထဲမှာတိတ်ဆိတ်နေတော့ ယူဂျင်းမျက်လုံးလေးတွေမှေးဆင်းလာရသည်။
ဒါကြောင့် ခဏလေးပဲမှေးဖို့တွေးပါတယ်။ စားပွဲခုံပေါ်ခေါင်းမှောက်ကာ ငြိမ်ငြိမ်ကွေးကွေးလေး။ အဲကွန်းခန်းထဲ လွှင့်ပြစ်ခံလိုက်ရတဲ့ နီတာရဲပုဇွန်ကွေးလေးလိုမျိုး အနီရောင်တောက်တောက်ဆွယ်တာလေးက ယူဂျင်းကိုယ်ပေါ်မှာ ပနံ့သင့်စွာဖြင့်....