Part - 8

401 76 16
                                    

ℙ𝕠𝕝𝕪𝕖𝕤𝕥𝕖𝕣

Part - 8

"တရားမှတ်ခိုင်းနေတာမဟုတ်ဘူးလေ သည်းမခံနိုင်ရင် အော်ပြစ်လည်းရတယ် နိုအာပေါက်ကွဲပြစ်ချင်လည်းရတယ် ကိုယ်ပြောတာနားလည်လား စစ်ကူလိုလည်းရန်ကူဖြစ်ပေးမယ် "

*ကောင်လေးက သိပ်အေးတာလေ * ဆိုတဲ့အပြောတွေကို ယူဂျင်းလက်မခံချင်တော့ပေ။ အဲ့အပြင် တချိန်ကလိုသည်းခံငြိမ်ကုပ်နေတတ်တဲ့ ဟန်ယူဂျင်းဟာအရောင်မှိန်သွားသလားမပြောတတ်။ နားရွက်တွေနီရဲတွတ်သည်အထိစိတ်တိုနေပြီး သူ့ကိုမျက်နှာရိပ်မျက်နှာကဲခပ်တတ်လွန်းသူက ဒေါသထွက်ပြစ်လိုက်လည်းရသည်ဆိုတာကို အစဖော်လာခဲ့ပါတယ်။

တချိန်ကဆို သူကရောဒေါသထွက်လို့ဖြစ်ပါ့မလားလို့ ပြန်သုံးသပ်ပြီးစိတ်ထိန်းနိုင်ခဲ့ပေမယ့် ယနေ့မှာကွဲလွဲပါသည်။ စကားတွေအများကြီးအသံကျယ်ကျယ်ပြောချင်ရသည်အထိ ယူဂျင်းဒေါသထွက်ရပါတယ်။ အိမ်ကိုလာလည်တဲ့ မေမေ့သူငယ်ချင်းတွေကိုရော ကိုကို့ကိုပါ။

လတွေကြာလာသည်အထိ မတိုးတက်လာဘူးဟုဆိုကာ သူ့ဆရာဝန်အားအပြစ်ဖို့ခြင်းကို ယူဂျင်းလက်မခံနိုင်ပါ။ အပြစ်တင်နေချိန်မှာတောင် အပြုံးမပျက်တဲ့ကိုကို့ကိုလည်း နားမလည်နိုင်ပေ။

"ကြည့်ရတာ....ရေခဲတုံးလည်းမအေးချင်တော့ဘူးထင်တယ်နော်..."

ယူဂျင်းကိုစိတ်ပြောင်းအောင်လေသံမျိုးစုံပြောနေမှန်းရိပ်မိပါတယ်။ ဒါပေမယ့် သူ့အိမ်ပေါ်ထိတက်ပြီး သူ့ဆရာဝန်ကို စော်ကားတာကျယူဂျင်းဟာ ဘယ်လိုစိတ်နဲ့ခွင့်လွှတ်ရမည်လဲ။ ဒါကြောင့် လက်ထဲက ခေါက်လက်စစက္ကူကြယ်လေးကို ပြစ်ချပြီး ယူဂျင်းကမတ်တပ်ထရပ်သည်။

"နိုနို ဘာလုပ်ချင်လို့လဲ "

"အ...အပြင်...သွား "

"ဟင် ခုနလေးတင် အပြင်ကဝင်လာတာလေ "

"ထပ်...ထပ်သွား "

ဒေါသလှိုင်းကြောင့် စကားလုံးတွေက မညီမညာ။ ပုံမှန်တိုးတက်လာတဲ့လေယူလေသိမ်းထက်ပင် ကဂျိုးကကြောင်ဖြစ်နေပြီး လက်ရှိမှာ ယူဂျင်းကဒါကိုအာရုံမစိုက်အားပေ။အိပ်ခန်းတံခါးဘက်ကို ဦးတည်တဲ့အခါ အရိပ်လိုကပ်ပါလာတဲ့ ကိုကိုက ယူဂျင်းပုခုံးကို နောက်ကနေ ထပ်ဖိကိုင်ပြီး....

ℙ𝕠𝕝𝕪𝕖𝕤𝕥𝕖𝕣Where stories live. Discover now