Part - 9

343 62 4
                                    

ℙ𝕠𝕝𝕪𝕖𝕤𝕥𝕖𝕣

Part - 9

*ဒေါက်..ဒေါက်...ဒေါက် *

"ယူဂျင်း...သားဖေဖေရောက်နေတာ ဆင်းခဲ့ပါအုံးလား "

တံခါးခေါက်ကာခေါ်လာခဲ့တဲ့ မေမေ့အသံကိုကြားကြားခြင်း ယူဂျင်းကစက္ကန့်မလပ်ပဲကိုကို့မျက်လုံးလေးလှန်ကြည့်မိသည်။ ယူဂျင်းနဲ့မျက်နှာချင်းဆိုင်တည့်တည့်မှာ နံရံကိုမှီပြီးထိုင်နေတဲ့ကိုကိုက sleeveless shirt အဖြူပေါ်မှာ အစိမ်းပုပ်ရောင်ရိုးရိုးရှပ်အပွကိုထပ်ဝတ်ထားပြီး ယူဂျင်းမျက်လုံးထဲ ၁၀၀ ရာခိုင်နှုန်းကိုကျော်လွန်ကာ ပြည့်စုံနေခဲ့ပါတယ်။

"သွားချင်လား "

ကိုကို့ဆီက ခပ်တိုးတိုးအမေးကို ယူဂျင်းကသွက်လက်စွာနဲ့ပြန်ဖြေပါတယ်။ ခေါင်းလေး ဘယ်ညာခါပြစ်ရင်း...

"မ...မသွား"

"ကိုကို အန်တီ့ကို​ပြောလိုက်မယ် နောက်မှဆင်းလာမယ််လို့လေ "

"အွန်း..."

ပြီးတာနဲ့ သူ့ရှေ့ကနေ ထသွားတဲ့ကိုကိုဟာ အခန်းတံခါးကိုနည်းနည်းလေးဟရုံသာဖွင့်ပြီး သူနဲ့မေမေ့ကြားကစကားကို အပို့အကြိုလုပ်ရသည်။ယူဂျင်းတယောက် ကြမ်းပြင်ပေါ်ကအမွှေးပွကော်ဇောတွေပေါ်မှာ ခြေထောက်လေးဆင်းထိုင်ပြီး ကိုကိုသွားတဲ့နောက်ကို ခေါင်းလေးလည်ကာလိုက်ကြည့်ဖြစ်ပါတယ််။

"အန်တီ...နိုအာက နောက်မှလာခဲ့မယ်တဲ့ "

"ဪ အေးပါကွယ် သူ့အဖေကိုရီးယားက ခဏပြန်ရောက်လို့လေ တွေ့ချင်မလားလို့ လာခေါ်တာ...ဒါဆိုလည်း နောက်မှလာပါစေ "

"ဟုတ်ကဲ့ "

မေမေနဲ့စကားပြောနေသည်ကို နားပါးတဲ့ယူဂျင်းကအစအဆုံးကြားရပေမယ့် မျက်နှာတည်လေးလုပ်ကာ မသိချင်ယောင်ဆောင်ဖြစ်ဆဲ။

လက်ထဲက စက္ကူကြယ်လေးကို သပ်ရပ်စွာအနားသက်လိုက်ရင်း ဖောင်းဖောင်းလေးဖြစ်သွားအောင် ပုံသွင်းယူရသည်။ စက္ကန့်နည်းနည်းလေးအတွင်းမှာတင် အသစ်ရရှိိလာတဲ့ ကြယ်လေးတလုံးကို လက်ဖဝါးပေါ်တင်ကာ ယူဂျင်းကအကြောင်းအရင်းမရှိပဲ တမေ့တမောငေးပါတယ်။

ℙ𝕠𝕝𝕪𝕖𝕤𝕥𝕖𝕣Where stories live. Discover now