Part - 7

444 74 5
                                    

ℙ𝕠𝕝𝕪𝕖𝕤𝕥𝕖𝕣

Part - 7

"အဝါရောင်တွေရဲ့ အဓိပ္ပာယ်က ပျော်ရွှင်ခြင်းတဲ့လေ ဒါကြောင့် ကိုယ်ကအမြဲနေကြာပန်းပေးဖြစ်တာ"

"နို...နိုအာ့ကို...ပျော်စေချင်တာ...လား "

"ဒါပေါ့ ဒါပေါ့ "

လက်ထဲကနေကြာပန်းသေးသေးလေးကို ကိုကိုက ငေးစိုက်ကြည့်ရင်းထိုသို့ပြောသည်။ ဖတ်လက်စဝတ္ထုစာအုပ်ကို စားပွဲခုံအဝိုင်းလေးပေါ်မှာမှောက်ယက်ချရင်း ယူဂျင်းကကိုကို့စကားကို တတ်သလောက်မှတ်သလောက်စကားထောက်တယ်။

အိမ်အနောက်ဖက်ခြံစည်းရိုးမှာချည်ထားပေးတဲ့ အဝါရောင်ဘောလုံးသုံးလုံးဟာ လေတိုက်ရာကို လွင့်မျောလိုက် လှုပ်ရှားလိုက်ဖြင့် ယမ်းခါလို့။အကယ်၍  ကြိုးနဲ့သာချည်မထားပေးရင် မိုးပျံပူဖောင်းဝါဝါလေးတွေက လေထဲလွင့်သွားလောက်မှာ။

ယူဂျင်းဟာ ၉ နှစ်ကလေးမဟုတ်တဲ့ ၁၉ နှစ်အရွယ်ပါ။ ဒါကို ကိုကိုက ပူဖောင်းတွေဝယ်လာပေးသည်တဲ့လေ။

"တခုခုတိုင်ပြောစရာရှိလို့လား နိုအာ..."

အကြည့်တွေကိုပဲ ဖောက်မြင်နေရသလား ၊ ယူဂျင်းစိတ်ကိုပဲ အလွတ်ရမတတ် ကိုကိုဖတ်တတ်နေသလား။ စသဖြင့် သိချင်စိတ်ကလေးဟာ ဟိုဟိုဒီဒီအနှံ့အပြား။

အကြည့်တချက်နဲ့တင် သူစကားပြောထွက်ဖို့ရာ အစဆွဲထုတ်နေတတ်တဲ့ကိုကိုဟာ ဘယ်လိုတောင်တော်တဲ့လူပါလိမ့်။

"နို..အာလေ "

"အွန်း ကိုကိုနားထောင်နေတယ် "

ယူဂျင်းဟာမိသားစုအတွင်းမှာ နားထောင်သူဆိုရင် ကိုကိုက ယူဂျင်းအတွက်တော့ နားထောင်သူပါပဲ။ လေးပင်ကြာရှည်မယ့် စကားတွေကို မညိုမညင်နဲ့စောင့်ဆိုင်းလိမ့်မယ်။ ပြီးကျ သူမပြုံးပြုံးအောင် ကြိုးပန်းပါလိမ့်မယ်။ 

အိမ်နေရင်းစီးထားတဲ့ ဖိနပ်အစွပ်လေးကိုချွတ်လိုက်ရင်း ခြေအိတ်မပါတဲ့ယူဂျင်းရဲ့ ခြေဖဝါးတွေဟာ မြက်ခင်းပြင်ပေါ်ဖွဖွဖိနင်းပြစ်တယ်။ ဒီရက်တွေထဲ မိုးခဏခဏရွာတယ်။ မိုးတိတ်သွားပြီးရင် ခြံထဲဆင်းဖို့အဖော်ခေါ်သူဟာ ကိုကိုပါပဲ။

ℙ𝕠𝕝𝕪𝕖𝕤𝕥𝕖𝕣Where stories live. Discover now