Chapter - 3

106 11 0
                                    

မုရုံကျင်းဟယ်နှင့် မုရုံရွှမ်လျဲ့တို့သည် နေရာ၌ ထိုင်လိုက်ကြပြီး သူတို့လက်‌ မောင်းထဲရှိ အလှလေးများနှင့် ကစားနေကြရင်း သူ၏ပေါ်ထွက်လာမှုကြောင့် အမျိုး‌မျိုးသောမျက်နှာအမူအရာများရှိနေသည့် ပတ်၀န်းကျင်မှလူများကို လျစ်လျူရှုထားသည်။ ဝိုင်နှစ်ခွက်လောင်းငှဲ့ထည့်ပေးပြီးသည့်နောက် မိန်းလင်က ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

ထိုလူသည် ဧကရာဇ်အိုကြီးနှင့် တစ်ထေရာတည်းမတူညီသော်ငြား သူ့မျက်လုံးများကမူ တစ်ထပ်တည်းကျလုနီးပါးပင်။ မျက်၀န်းများက ရှည်လျားကျဉ်းမြောင်းပြီး  အမြဲတစေပင်ပန်းနွမ်းနယ်၍ အိပ်မပျော်သည့်သယောင်ဖြစ်ကာ အသက်၀င်မှုကင်းမဲ့နေသည်။ သူ့တွင် ဖြောင့်စင်းသည့်နှာတံ၊ နှုတ်ခမ်းဖူးဖူးလေးဖြင့် ထင်ရှားသည့် မျက်နှာသွင်ပြင်လက္ခဏာရှိကာ အမှန်တကယ် ခန့်ညားချောမောသည်။ သို့သော် အသားအရောင်ကမူ ဖြူဖျောကာ အနည်းငယ်မျှ နီမြန်းနေပြီး သူ၏မျက်နှာအမူအရာက ပေါ့ပြက်ပြက်နိုင်၍ အကျင့်စာရိတ္တပျက်ပြားသည့်ပုံပေါက်နေပြီး အလွန်အမင်းဇိမ်ခံကာနေတတ်သည့်  အမြင်မျိုးပေးနေလေသည်။

ထိုကဲ့သို့လူမျိုးကို စောင့်ကြည့်ရခြင်းမှာ မခဲယဉ်းလှဟု မိန်းလင် တွေးလိုက်ပြီး သူမ၏စိတ်ထဲ၌ အထုံးတစ်ခုခံစားလိုက်ရသည်။ မခဲယဉ်းမည်ကို သူမ သိရှိပါသော်လည်း  ထိုသည်က ဤလူထံမှ အရေးပါသည့်အချက်အလက်များ ရရှိရန် မျှော်လင့်ချက်မရှိဟူ၍လည်း အဓိပ္ပာယ်ရမှန်း သူမ နားလည်သည်။

ယခုအကြိမ် သူမတို့ မင်္ဂလာခန်း၀င်အစေခံများထဲသို့ ထည့်သွင်းခံခြင်းမှာ တယန်၏ မျိုးရိုးမြင့်လူတန်းစားများ၊အရေးပါအရာရောက်သော မှူးမတ်မျာနှင့် စစ်ဗိုလ်ချုပ်များထံမှ သတင်းအချက်အလက်ရယူရန်အတွက်ဖြစ်ပေသည်။ ပွင့်ပွင်းလင်းလင်းပြောရပါလျှင် သူမတို့က သူလျှိုများအဖြစ် လုပ်ဆောင်နေကြခြင်းဖြစ်ကြသည်။ မိန်းလင်သည် အထူးတလှယ် ညွှန်ကြားချက်များ မရရှိခဲ့သော်လည်း သူမ စုဆောင်းနိုင်သည့် အချက်အလက်သည် ပို၍တန်ဖိုးရှိသရွေ့ သူမရရှိမည့် ဖြေဆေးသည်လည်း ပို၍ကောင်းမွန်မည်မှာ သိသာထင်ရှားသည်။

Spring Blooms [MM Translation]Where stories live. Discover now