Chapter - 5

159 13 3
                                    

နောက်‌တစ်နေ့ မိုးမလင်းခင်တွင် မိန်းလင် ကန်ကျောက်၍ အနှိုးခံရသည်။ မုရုံကျင်းဟယ်က သူ့အစေခံများကို အဝတ်အစားများ ပြင်‌ဆင်ဆင်ခိုင်းရင်း သူမအား သူ့ခြေထောက်ဖြင့် ကန်နေကာ သူမ မျက်လုံးမဖွင့်မချင်း မရပ်တန့်ပေ။

" ‌ထ‌တော့၊ မင်း ဒီနေ့ ငါနဲ့ အမဲလိုက်သွားရမယ် "

သူက ထိုကဲ့သို့ပြောလာသည့်အခါ တစ်စုံတစ်ယောက်ကို လက်ဆောင်ကြီးကြီးမားမား ပေးသကဲ့သို့ ဖြစ်နေသည်။

မိန်းလင်၏မျက်လုံးများသည် နာကျင်နေပြီး ထိုစကားများကို ကြားရသည့်အခါ အနည်းငယ် ခေါင်းရှုပ်နေဆဲဖြစ်သည်။ စောင်အောက်တွင် ကွယ်ဝှက်ထားသော သူမ၏ကိုယ်လုံးတီး ခန္ဓာကိုယ်က လှုပ်ခါသွားကာ နာကျင်မှုက သူမ အား ချက်ချင်းပင် ပင့်သက်ရှိုက်စေကာ မျက်နှာသွင်ပြင်ကို ရှုံ့မဲ့သွားလေသည်။ သို့သော် နောက်တစ်ကြိမ် မုရုံကျင်းဟယ်မှ သူမအား ကြည့်လာသည့်အခါ  အရည်ပျော်တော့မည်ဟုပင် ထင်ရသည့် နာကျင်နေသောခါးဖြင့် ထထိုင်ကာ စောင်နောက်ကွယ်တွင် ပုန်းကွယ်ရင်း အဝတ်အစားများ ၀တ်လိုက်သည်။

သူမက ဒဏ်ရာများနှင့် လေ့ကျင့်ရေးကို အသားကျနေခဲ့ခြင်းကြောင့် ဖြစ်နိုင်စွာဖြင့် ယခုလိုအခြေအနေမျိုးမှာတောင် မသွားရရန်အတွက် ဆင်ခြေရှာကြည့်ရန်ကိုပင် မတွေးမိပေ။

သူတို့ထွက်သွားသောအခါတွင် မုရုံကျင်းဟယ်သည် နောက်ဆုံးတွင် သူနှင့် အတူရှိသွားသည့်အားသိုက်က သပ်ရပ်စွာဝတ်စားထားကာ တဲတံခါးဝတွင် ရပ်လျက် ခေါင်းအနည်းငယ်ငုံ့ထားရင်း လေးစားစွာဖြင့် ရှိနေသည်ကို တွေ့လိုက်သည်။ သို့သော် မိန်းလင် သူမအနားကို ဖြတ်ကျော်သည့်အခါတွင်မူ ခေါင်းမော့လာပြီး မျက်လုံးများတွင် မိန်းလင်၏ မိမိကိုယ်မိမိ သိက္ခာချမှုအပေါ် ရှုတ်ချမှုနှင့် ရွံရှာမှုများကို ဖုံးကွယ်ထားခြင်း မရှိဘဲ အထင်သေးစွာ ကြည့်လာသည်။

မိန်းလင်က ပြုံးကာ လျစ်လျူရှုလိုက်သည်။

မုရုံကျင်းဟယ်က မည်သူ့ကိုမှ မြင်းအပိုမပြင်ဆင်ခိုင်းထားဘဲ မိန်းလင်ကို သူနှင့်အတူ စီးစေသည်။ မိန်းလင်မှာ သူ့ရည်ရွယ်ချက်ကို နားမလည်နိုင်ဘဲ ဧကရာဇ်အိုကြီးကို အမျက်ထွက်စေရန်ဆိုလျှင်တောင်မှ တစ်ညတာအတူကုန်ဆုံးပြီး‌နောက် သူမကို ချစ်သွားလိမ့်မည်ဟုလည်း စိတ်ကြီး၀င်စွာ မတွေးပေ။

Spring Blooms [MM Translation]Where stories live. Discover now