Chapter - 6

159 10 4
                                    

မိန်းလင်က ထွေထွေထူးထူးမစဉ်းစားတော့ဘဲ သစ်ရွက်များနှင့်  ပျော့ပျောင်းနေသည့်နေရာကို ရှာတွေ့ပြီးနောက် ဖြေဖြန့်ကာ ထိုင်ချလိုက်ပြီး သူမ ဘေးနားရှိ ကျောက်ရိုင်းအတုံးများ၌ မှီကာ တစ်ရေးတစ်မော လှဲအိပ်လိုက်သည်။  ဤကဲ့သို့ ချန်ရစ်ခံခဲ့ရသော်ငြား တစ်ချိန်လုံး ပင်ပန်းနွမ်းနယ် နာကျင်နေခဲ့သည့် သူမ ခန္ဓာကိုယ်သည် နောက်ဆုံးတွင်  အနားယူနိုင်သည်ဖြစ်ရာ  မဆိုးရွားဟု ဆိုရပေမည်။

မုရုံကျင်းဟယ်၏ သူမအား အပြင်သို့ ခေါ်ထုတ်လာသည့်ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်သည်ကို သူမ စိတ်ထဲတွင် သိနေမိသည်။ မူယဲ့လော့မေ၏တုံ့ပြန်မှုသည်  သူမ သူ့ကိုမည်မျှနှစ်သက်သည်ကို သက်သေမပြနိုင်သော်လည်း အနည်းဆုံးတော့ သူမသည် သူမ ရရှိသည့် သူ၏အာရုံစိုက်မှုကို  အခြားအမျိုးသမီးတစ်ဦးမှ ခွဲယူသွားသည်အား ဂရုစိုက်သည်ကို ပြသနေလေ၏။  မဟုတ်ပါက သူမက လှည့်ကြည့်ကာ တရားမျှတသည့်ကစားပွဲဟူသည့်အမည်နှင့် မျက်စိစပါးမွေးစူးစရာကို ချန်ထားခဲ့ရန် တောင်းဆိုမည်မဟုတ်ချေ။ မှန်‌သည်။ ထိုမျက်သီစပါးမွေးစူးစရာသည်က ကျိန်းသေ မိန်းလင်ပင် ဖြစ်လေ၏။

ပထမတော့ မိန်းလင်း ၎င်းတို့နှစ်ယောက် မကြာခင် ပြန်လာကြလိမ့်မည်ဟု ထင်ထား‌သဖြင့် အိပ်မပျော်ဝံ့ခဲ့ပေ။ သို့သော် နေမြင့်သထက် မြင့်လာသည်ကိုကြည့်ရင်း သူမ ၀မ်းဗိုက်က စတင်အော်မြည်လာကာ မည်သူကိုမျှ မတွေ့ရသေးသဖြင့် သူမအား မေ့ ပျောက်သွားခဲ့ပြီဖြစ်‌ကြောင်း နားလည်လိုက်တော့သည်။

ယင်းကို နားလည်သွားပြီးသည့်နောက် နွေးထွေးသည့်နေရောင်ခြည်ကို အသုံးချကာ မြက်ခင်းပြင်ထဲ၌ လဲလျောင်းလိုက်ပြီး အန္တရာယ်တစ်စုံတစ်ရာ ရှိ၊မရှိကို မစဉ်းစားတော့ဘဲ အေးချမ်းစွာ အိပ်ပျော်သွားတော့သည်။

အနောက်အရပ်သို့ နေဝင်သွားကာ ဆောင်းဦး အအေးဓာတ် ဝင်လာသည်အထိ သူမ အိပ်ပျော်သွားခဲ့၏။

တစ်နေ့လုံး အစာမစားရသေးသည့်၀မ်းဗိုက်ကို ပွတ်သပ်ရင်း မိန်းလင် ထထိုင်လိုက်ကာ သူမ ဦးခေါင်းထက်ရှိ သစ်ကိုင်းများ၊သစ်ရွက်များကြားမှ ပြာလဲ့နေသောကောင်းကင်ပြာကြီးနှင့် အဝေးက နေ၀င်ချိန် အနီရောင် ခြယ်သခံရထားသောတိမ်လွှာလေးများကို  မော့ကြည့်ရင်း သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်သည်။

Spring Blooms [MM Translation]Where stories live. Discover now