" အခုတော့ အဒေါ်ဆီကိုမပြန်ဖြစ်တာ ကြာပြီ "
" ဒါဆို အစ်ကိုလွမ်းနေရောပေါ့ "
" လွမ်းပေမယ့် ကိုယ်မပြန်ပါဘူး "
" ဘာလို့လဲ "
" ကိုယ်မရှိတာက ကောင်းပါတယ်
မဟုတ်ရင်အဒေါ်ကစိတ်ညစ်ရမှာ
အဒေါ်ရဲ့ယောက်ျားနဲ့ကိုယ်က မတည့်ဘူး "" အော် "
" သူက အရက်အရမ်းသောက်တာ
ပြီးရင် စကားအရမ်းများလို့ ကိုယ်နဲ့နည်းနည်းလေးမှမရဘူး "" အစ်ကိုကရော
အရက်ကမသောက်လို့လား "" မသောက်တာတော့မဟုတ်ဘူးလေ
အနည်းနဲ့အများတော့သောက်ပါတယ်
ဒါပေမယ့် ညီမသိပါဘူး
ကိုယ်က အဲ့လိုမူးပြီးလိုက်သောင်းကျမ်းတာကိုမကြိုက်တာ
စိတ်နဲ့လည်းမရဘူး "" အဲ့လိုက ဖြစ်နေကြပါ
ကျွန်တော်တို့လည်း ကိုယ့်ရပ်ကွက်ထဲမှာ တွေ့နေမြင်နေရတာပဲ "" အာ့ကြောင့်
ကိုယ်မပြန်တာ
ကြာပြီ ညီ "" အဒေါ်က သတိရနေမှာပေါ့ "
" ဖုန်းနဲ့တော့ အမြဲစကားပြောဖြစ်ပါတယ်
လတိုင်းလည်း အဒေါ်ဆီပိုက်ဆံပို့ပေးဖြစ်တယ်
လူကိုယ်တိုင်မပြန်ရုံကလွဲလို့ပေါ့
ကိုယ်မပြန်ချင်ဘူး "" ဟုတ်ပါပြီ "
" ညီရော
အရက်သောက်တက်လား "" သောက်တာပေါ့
ယောက်ျားပဲ "" ဘယ်လိုအချိန်တွေမှာ သောက်တာလဲ အရက်ကို "
" ကျွန်တော်က ဘီယာကို
အရမ်းစိတ်ညစ်တဲ့အခါမျိုးမှာသောက်တယ်
ကျွန်တော်ကသောက်ပြီဆိုရင် မူးသွားအောင်ကိုသောက်တက်တာ
အရမ်းကြိုက်တဲ့အထဲတော့ မပါဘူး "" ညီမှာ မောင်နှမတွေရောရှိလား "
" ရှိတယ်
အစ်ကို ၂ယောက် "" မိန်းခလေးမပါဘူးလား "
" ဟင်အင်း "
" ညီက အငယ်ဆုံးပေါ့ "
" ဟုတ် "
" ညီက မိသားစုစုံစုံနဲ့နေရတာ ပျော်စရာကြီးနော် "
" ဟုတ်ကဲ့ "
" အစ်ကိုတွေကရော အိမ်ထောင်ကျကုန်ပြီလား "