19 3 0
                                    

" စိတ်ထဲကနေပဲ လာခဲ့ပေါ့ဗျာ ခွန်းက အစ်ကို့ကိုဖိတ်မှာပါ "

" ခွန်းက ဘာမှမပြောဘူးညီ မွေးနေ့ရှိတယ်ဆိုတာ မင်းပြောမှကိုယ်သိရတာ "

" မွေးနေ့က တစ်ဘက်ခါမှလေ မနက်ဖြန်တော့သူအစ်ကို့ကိုပြောမှာပေါ့ "

" ညီ ဝေယံ ကိုယ်တစ်ခုလောက်တောင်းဆိုမယ် ရမလား "

" ပြောကြည့်လေ "

" ခွန်းရဲ့မွေးနေ့ကြရင် ကိုယ့်ကို ဓာတ်ပုံလေးပို့ပေးလို့ရမလားလို့ပါ
ခွန်းပါတဲ့ဓာတ်ပုံလေ "

" ဟုတ် ကျွန်တော်ရိုက်ပြီးပို့ပေးလိုက္မယ် "

" နောက်တစ်ခုကလေ ညီ
ပြောမယ်ရလား "

" ရပါတယ် ပြောပါ "

" ကိုယ် ခွန်းကိုတွေ့ချင်တယ် သူပျော်နေတာကိုမြင်ချင်တယ်
သူဘယ်လိုနေလဲဆိုတာကိုလည်း သိချင်တယ်
သူ့မိသားစုတွေနဲ့ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ရင်လေ ကိုယ့်ကို
ဖုန်းနဲ့ ဗီဒီယိုလေးရိုက်ပြီး ပို့ပေးပါလား "

" အော်
ရပါတယ် "

" ကူညီပါညီရာ ကိုယ်လေ ခွန်းကိုအရမ်းတွေ့ချင်နေလို့ပါ "

" ကျွန်တော်သာ အဲ့လိုရိုက်ပြီးပို့ပေးနေတာကိုသူသိရင် ကျွန်တော့်ကို
အတော်လေးစိတ်ဆိုးတော့မှာပဲ ဒါပေမယ့် အစ်ကိုလည်းခွန်းကို
အရမ်းခင်နေတာဆိုတော့ ကျွန်တော်သူမသိအောင် တခြားသူကို
ရိုက်ခိုင်းပြီး ပို့ပေးလိုက်မယ်လေ အစ်ကိုသူ့ကိုတော့ပြန်မပြနဲ့ပေါ့ "

" ရတယ်ညီ ကိုယ်တကယ်ခွန်းကိုအရမ်းတွေ့ချင်လို့ပါ ကူညီပါနော်
မင်းကိုတောင်းဆိုပါတယ် "

" စိတ်ချပါ ကျွန်တော်နောက်ကြရင် ပို့မယ် "

" ကျေးဇူးပါ ညီ "

" ရပါတယ်ဗျာ "

" ညီ ကိုယ်ဆင်းတော့မယ်နော် အချိန်မရတော့လို့ ခွန်းကို ဂရုစိုက်ပေးပါဦးနော် "

" ဟုတ်ကဲ့ "

" ကိုယ်နောက်မှ ဖုန်းထပ်ခေါ်လိုက္မယ်သိလား "

" ဟုတ် ဒါဆို ကျွန်တော်လည်းဖုန်းချလိုက်တော့မယ်နော်အစ်ကို "

ညီWhere stories live. Discover now