18 3 0
                                    

" ညီ "

ညီဆီက ကျွန်တော့်ကိုစာမပြန်သေးပါဘူး။

" ညီ
ကိုယ်မျှော်နေတာ
ပျောက်သွားတယ်နော် "

ညီ ကျွန်တော့်ဆီစကားပြန်မပြောသေးပါဘူး။
ကျွန်တော်စိတ်ထဲတစ်မျိုးတောင်မှဖြစ်လာလေသည်။
စာဝင်သွားရဲ့သားနဲ့ ညီမကြည့်ဘူး။

" ညီ
ညီ
ညီ ကိုယ့်ကို
စကားမပြောတော့ဘူးလား "

ဒီတော့မှ ညီက ကျွန်တော့်ကို စာရေးပါသည်။

" အစ်ကို
စိတ်မရှိပါနဲ့ဗျ
ကျွန်တော်အပြင်ခဏထွက်သွားလို့
ဖုန်းကိုမေ့သွားတာပါ "

" အော်
ဟုတ်လားညီ
ကိုယ်က
ညီကိုယ့်ကိုစကားမပြောချင်တော့ဘူးလားလို့ပါ "

" အဲ့လိုမဟုတ်ပါဘူးဗျ "

" ညီ "

" ဗျာ "

" ဟိုတလောကပျောက်သွားတယ်နော်
ဘာလို့လဲ
ကိုယ်က ညီကိုမျှော်နေတာ "

" ကျွန်တော် စိတ်မပါလို့ပါ
ကျွန်တော်ကအဲ့လိုပဲ အစ်ကို "

" ညီ သူငယ်ချင်းဝေယံပိုင်နဲ့ စကားပြောရသေးတယ် "

" ဟုတ်
သူကျွန်တော့်ကိုပြောပြပါတယ် "

" ညီဘာလို့ လိုင်းမတက်လာတာလဲ "

" ကျွန်တော် စိတ်မပါသေးလို့ပါ
အစ်ကိုမသိလို့ အခုရက်ပိုင်း လူကနည်းနည်းညစ်နေတယ် အရမ်း "

" ညီ
ဘာတွေစိတ်ညစ်နေတာလဲ
ကောင်မလေးကြောင့်လား "

" ဟုတ်တယ် "

" ပြောတော့ ကောင်မလေးမရှိဘူးဆို "

" မရှိဘူးလေ
အရင်ကပြောတာ "

" အော်
ညီက
သူ့ကိုအခုထိချစ်နေတုန်းလား ညီ "

" အစ်ကိုကဘာလဲ
ကျွန်တော့်စိတ်ကိုသိတာပဲလားဗျ
တစ်ခါမှလည်းမပြောဖူးဘူး "

" ကိုယ်ခန့်မှန်းလို့ရနေတာပဲလေ "

" ကျွန်တော့်မှာ ရင်ဖွင့်စရာလူမရှိဘူး
အခုအရမ်းမွန်းကျက်နေတယ် "

ညီ တကယ်ပဲခံစားနေရတာလား။
ကျွန်တော်တောင်စိတ်မကောင်းဖြစ်လာရသည်။
ညီက တကယ်တော့ သူ့အရင်ကောင်မလေးကိုချစ်နေသေးတာကို
ကျွန်တော်တကယ်မသိခဲ့တာပါ။

ညီWhere stories live. Discover now