ဝတ္ထုတို- ၁

30 3 0
                                    

ကျွန်တော်နာမည် ဖြိုးဇော်အောင်ပါ ကျွန်တော်နေတာကတော့ မန္တလေးမှာပါ လက်ရှိကျွန်တော်ကဆေးဝန်တန်းတစ်ယောက်ဖြစ်နေလို့ ကိုယ့်ဇာတိကိုယ်မွေးရပ်မြေကိုတော့မပြန်ရတာကြာခဲ့ပါပြီ။
ကျွန်တော့်မှာ မိဘတွေမရှိတော့ပါဘူး အဒေါ်နဲ့အတူနေထိုင်လေ၏။
ကျွန်တော်အသက်က ၂၅ နှစ်ပါ အိမ်ထောင်မကျသေးရုံကလွဲ၍
ကျွန်တော့်မှာလက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့ ချစ်သူကောင်မလေးရှိပါသည်။

ကျွန်တော့်ကောင်မလေးနာမည်ကတော့ ဟေမာန်နွယ်ပါ သူမကတော့ ကျောင်းဆရာမလေးတစ်ဦးဖြစ်ပါသည်။
တစ်ယောက်နဲ့တစ်ယောက်က နေတာချင်းမတူကြသလို အနေကလည်းဝေးနေတာဖြစ်လို့ ကြားထဲမှာ ဆက်သွယ်ဖို့တစ်ခုတည်းသောအရာက လူအများအသုံးပြုနေကြသည့် အင်တာနက်ပဲဖြစ်သည်။

ကျွန်တော်အချိန်ရတိုင်းမှာ ဟေမာန်ဆီစာပို့ဖြစ်သည်။ ညတိုင်းလည်းဟေမာန်နဲ့ဗီဒီယိုကောပြောဖြစ်ပါသည်။
တစ်ခါတလေ ကျွန်တော်အချိန်မရလို့ လိုင်းမတက်ဖြစ်ရင်တောင်မှ
ဖုန်းမက်ဆေ့တော့ပို့တက်ပါသည်။
တစ်ခုခုဆို စိတ်ဆိုးစိတ်ကောက်လွယ်သည့် ကျွန်တော့်ကောင်မလေးအကြောင်းကိုသိလို့ သူမကိုသာဦးစားပေးပြီး အရင်ဆုံးအသိပေးရပါသည်။
မဟုတ်ရင် သူမစိတ်ဆိုးတဲ့အခါ ကျွန်တော်ကလည်း အချိန်မပေးနိုင်တဲ့ရက်တွေရှိသဖြင့် ကိုယ့်ချစ်သူလေးစိတ်ဆိုးပြေအောင် မချော့နိုင်မှာစိုးရိမ်မိပါသည်။
ဟေမာန်က ကျောင်းဆရာမလေးဆိုပေမယ့် စိတ်ရှည်တက်မယ်လို့တော့ မထင်လိုက်နဲ့ဗျ ကျွန်တော့်အပေါ်မှာ သူမအရမ်းပဲစိတ်ကောက်လွယ်ပါသည်။

ထိုနေ့က ကျွန်တော်နားနေသည့်အချိန်မို့ တစ်ယောက်တည်းပျင်းနေတာနှင့် အွန်လိုင်းပေါ်ကိုတက် ဇာတ်ကားရှာနှင့် အချိန်ကုန်နေပါသည်။
မြန်မာဇာတ်လမ်းတွဲတွေရော တခြားနိုင်ငံချားဇာတ်လမ်းတွေကိုပါကြည့်သည့်အတွက် ယခုဆိုလျှင် တစ်နိုင်ငံလုံးခေတ်စားနေတဲ့
blကားတော်တော်များများကိုလည်း ကျွန်တော်ကြည့်ဖြစ်ပါသည်။
blဆိုတာကို ကျွန်တော်လက်ခံထားသည်။

အင်တာနက်ကြည့်နေရင်းမှ ရုတ်တရက်ပေါ်လာသည့်
'' ခွန်း ''
လို့ခေါ်သည့်အကောင့်ကို တွေ့လိုက်ရလို့ ကျွန်တော်စိတ်ထဲမှာ
ထိုအကောင့်ကိုအတော်လေးသဘောကျသွားမိလေသည်။
အကောင့်နည်မည်က '' ခွန်း ''
ကျွန်တော်သဘောကျမိတာကတော့ သူ့အကောင့်ပရိုဖိုင်မှာတင်ထားသည့် မင်းသားတစ်ယောက်ရဲ့ဓာတ်ပုံလေးပဲဖြစ်သည်။
တွေ့ဖူးသမျှ နိုင်ငံချားရုပ်ရှင်မင်းသားတွေကို များစွာကျွန်တော်တွေ့ဖူးခဲ့သည်ဆိုသော်လည်း ထိုမင်းသားကိုတော့တစ်ခါမှမတွေ့မမြင်ဖူးပါချေ။
ကျွန်တော့်အထင်တော့ အဆိုတော်၊အကဖွဲ့တွေထဲကတစ်ယောက်၊
မော်ဒယ်တစ်ယောက်သာဖြစ်လိမ့်မည်ဟုထင်သည်။
ဘယ်လိုဖြစ်နေပါစေဦးတော့ ထိုမင်းသားရဲ့ အပုံလေးကိုကျွန်တော်သဘောကျနေမိသည်။
ထိုသို့ မင်းသားတစ်ယောက်ရဲ့ဓာက်ပုံလေးကိုစိတ်ဝင်စားရာကနေ
ထိုအကောင့်ပိုင်ရှင်ကိုပါ စိတ်ဝင်စားလာခဲ့ပြီမို့ ထိုအကောင်ဝေါထဲကို ကျွန်တော်ဝင်ကြည့်လိုက်ပါသေးသည်။

ညီWhere stories live. Discover now