ဒီလိုနဲ့ ကျွန်တော့်မှာ ညီ့ရဲ့ကျေးဇူးတွေကြောင့် ဘုရားများဖူးမျှော်ခဲ့ရပါသည်။
ထိုင်တော်မူ၊ ကျိုက်ထီးစောင်း၊ ဘာအံမြို့ကဘုရားပေါင်းစုံကိုလည်းဖူးမျှော်ခဲ့ရသည်။ ထို့နောက် ညီက
ဇုတ်သုတ်ကျေးရွာတွင်
အသိရှိလို့ ကျွန်တော့်ကိုအလည်ခေါ်ရင်းက ဇုတ်သုတ်ကဘုရားများကိုလည်း ကျွန်တော်ဖူးခဲ့ရပါသည်။
ထို့နောက် လူသိများတဲ့မဲလံဆံတော်ရှင်ကိုလည်းအရောက်ဖူးမျှော်ခဲ့ရပါသေးသည်။
ွ
ကျွန်တော်မရောက်ဖူးသေးသည့်နေရာဒေသနှင့်၊ ဘုရားများလည်းဖူးမျှော်ခဲ့ရလို့ အတော်လေးကျေနပ်ပျော်ရွှင်မိ၏။
ဒီထပ်ပိုပျော်ရွှင်မိတာကတော့ ညီနဲ့အတူတူဘုရားတွေဖူးခဲ့ရလို့အတိုင်းထက်အလွန်ပါပဲ။
သူ့ဆီရောက်လာသည့် ဧည့်သည်ကို ညီကဧည့်ဝတ်ကျေလွန်းပါသည်။
စကားနည်းလွန်းသည့်ကောင်လေးက သူ့ဧည့်သည်လေးပျော်ရွှင်ဖို့
မပျင်းသွားအောင်စကားများပြောပေးတက်ပါသည်။
ညီသာမက ညီရဲ့မိသားစုတွေကပါ ကျွန်တော့်ကိုဖော်ရွေပေးကြလို့လည်း ညီဆီအလည်သဘောဖြင့်ရောက်လာခဲ့သည့်ကျွန်တော်တောင်မှ အိမ်ကိုမပြန်ချင်စိတ် ဖြစ်မိလာ၏။
ပြီးတော့ ညီနဲ့လည်းမခွဲချင်တော့ဘူး။အဲ့ဒီနောက် ဝေယံပိုင်ရဲ့ကျေးဇူးကြောင့် ကျွန်တော်ညီ့ကောင်မလေးကိုတွေ့ဖူးခဲ့ပါသည်။
ဒါကလည်းမမျှော်လင့်ပဲတွေ့ခဲ့ရချင်းပါ။ ဝေယံပိုင်နဲ့အတူအပြင်သွားတုန်းက ဆိုင်တွင်စျေးလာဝယ်သည့်မိန်းခလေးကို ဝေယံပိုင်က
ကျွန်တော့်အနားကပ်၍ အဲ့ဒါ ခွန်းရဲ့ကောင်မလေးဆိုပြီးကပ်ပြောလို့
ကျွန်တော်သိခဲ့ရချင်းဖြစ်ပါသည်။ကောင်မလေးက ညီနဲ့ဆိုရင်တော့ရွယ်တူလောက်ပဲရှိမှာပါ။
ကျွန်တော်တို့နှစ်ယောက်ကိုတွေ့မည့်ပုံမပေါ်ပဲ စျေးဝယ်ပြီးသည်နှင့်
သူမကပြန်ထွက်သွားပါသည်ကောငျမလေးက အရပ်ခလေးနည်းနည်းပုသည်။
အသားလေးလည်းညိုပါသည်။ ဆံပင်တွေမှာဖျောင့်ထားလို့ခါးမရောက်တရောက်ရှိ၏။ ထိုနေ့ကကျွန်တော်တွေ့လိုက်ရသည်က
သူမဝတ်ထားသည့်အင်းကျီမှာ စပန့်ဘောင်ဘီရှည်ဝမ်းဆက် အစိမ်းရောင်းလေးကိုဝတ်ဆင်ပြီး ဆံပင်တွေကိုခပ်မြင့်မြင့်လေးထုံးထားပါသည်။
ပျော့ပျောင်းနူးညံ့လွန်းသည့်ဆံပင်လေးတွေက လေထဲမှာယိမ်းနွဲ့နေသည်။
မျက်နှာလေးမှာ ရှင်းလင်းသန့်ရပ်၍ ချစ်ဖို့သာကောင်းပါသည်။
သူမကလေးရဲ့ရုပ်ရည်မှာ အရမ်းကြီးချောမွေ့နေတာမျိုးမဟုတ်ပဲ
အနေအထိုင်သန့်ရပ်တာကတစ်ကြောင်း၊ အဝတ်အစားဆင်ယှဥ်မှု
တွေကြောင့်သာ သူမကအတင်တင့်လှပနေခြင်းဖြစ်သည်။