18 3 0
                                    

ညီကို အရမ်းတွေ့ချင်သည့်စိတ်က ပျင်းပြနေတာမို့ ကျွန်တော်အရမ်းစိတ်လောနေပါသည်။
လကုန်ရင် ခွင့်ရပြီမို့ လတောင်အမြန်ကုန်ဆုံးလိုက်ချင်တော့သည်။
ကျွန်တော် ညီရဲ့ဖုန်းနာမ်ဘက်လေးကို ခေါ်ဖို့ တွေဝေနေသည်။
လကုန်လျှင်ပဲ ညီဆီကိုသွားလည်ကြည့်ဖို့ကဆုံးဖြတ်ထားပြီးပြီမို့
ညီနဲ့ကျွန်တော့်ကြားမှာ ဖုန်းလေးတော့ပြောဖူးမှဖြစ်မည်။
အသံလေးတော့လည္း ​ကြားဖူးမှပေါ့။
ကျွန်တော်ရဲ့လက်တွေက ညီရဲ့ဖုန်းနာမ်ဘက်လေးကိုထိမိလိုက်သည့်အချိန်မှာပဲ ဖုန်းက တန်းဝင်သွားခဲ့သည်။

တူး. . . . .။

တစ်ဖက်တွင်ကြားနေရသည့် ဖုန်းဝင်သွားသည့်အသံက ကျွန်တော့်ကိုရင်ခုန်မှု၊ ရင်တုန်မှုတို့ဖြင့် စိုးရိမ်ထိန့်လန့်ခြင်းများကို ဖြစ်ပေါ်စေသည်။
ညီနဲ့ပထမဦးဆုံး ဖုန်းပြောရတဲ့နေ့တစ်နေ့ပင်။
ညီရဲ့အသံလေးကို စကြားရမည့်နေတစ်နေ့ဖြစ်ခဲ့ပါသည်။

" ဟယ်လို "

အသံလေးစကြားလိုက်ရသည်နှင့် ကျွန်တော်တစ်ချက်လန့်သွားသည်။
ကြည်ကြည်လင်လင်ကြားလိုက်ရသည့် ခပ်အေးအေးအသံပိုင်ရှင်က ညီများလား။

" ညီ
ညီလားဟင် "

" ဖုန်းမှားနေပြီထင်တယ် ကျွန်တော် ညီမဟုတ်ပါဘူးဗျ "

" အခုဖုန်းကိုင်တဲ့သူက ခွန်းအနှောင်
မဟုတ်ဘူးလား "

" ဟုတ်ပါတယ် "

" ညီ ခဏလေး
ဖုန်းမချပါနဲ့ဦး
ကိုယ့်ကိုမသိဘူးလား "

" ဘယ်သူလဲ မသိဘူး "

" ညီရယ်
ကိုယ်ဖြိုးဇော်အောင်လေ
ညီလို့ခေါ်ဖူးတာ တခြားဘယ်သူရှိသေးလို့လဲ "

ညီ့ဘက်က အသံလေးတိတ်သွားခဲ့သည်။
ညီစဥ်းစားနေမယ်ထင်၏။
အင်ပေါ့လေ ရုတ်တရက်ဆိုတော့ ဘယ်မှတ်မိပါ့မလဲ။

" အော် ကျွန်တော်သိပြီ
မန္တလေးက အစ်ကိုမို့လား "

" တော်သေးတယ် ညီမှတ်မိသေးလို့ "

" စိတ်မရှိပါနဲ့ဗျာ
ကျွန်တော်က အစ်ကိုမှန်းမသိလို့ပါ "

" ကိုယ်ကလည်း ညီမမှတ်မိဘူးလားလို့ လန့်သွားတာ "

ညီWhere stories live. Discover now