" ကိုယ်က စတာပါ "
" မနှောက်နဲ့ "
" ညီရယ် တကယ်ဆိုလေ ကိုယ်နဲ့ညီနဲ့က ဟို့အစကတည်းကတွေ့ခဲ့ရမှာသိလား အခုတော့အရမ်းနောက်ကျသွားတယ် ကိုယ်တကယ်
ညီတို့ဆီမှာပဲနေချင်တော့တယ် ညီကိုယ့်ကို ဘယ်လိုလုပ်ပေးမှာလဲ
ဟင်း "" ဘယ်လိုလုပ်ပေးရမှာလဲ ကျွန်တော်က "
" ညီ ကိုယ့်ကို အပြီးတိုင် မခေါ်ထားချင်ဘူးလား ဟင်း "
" ဟာ. . .ဒုက္ခပါပဲ
နေချင်ရင်လည်း မြန်မြန်အိမ်ထောင်ပြုလိုက်လေဗျာ "" ညီ ရှာပေးလေ "
" ဖြစ်ရတယ်
မန္တလေးမှာ ဒီလောက်အချောအလှတွေပေါတာ "" ကိုယ်က ဘီးလင်းကလူကိုပဲလိုချင်တာ ဒါမှ ညီနဲ့နီးမှာလေ "
" ဒါဆိုလည်း ဘီးလင်းသူကိုရှာဗျာ "
" ကိုယ်တွေ့ထားပြီးပါပြီ "
" ကောင်လေးလား "
" ဟုတ်တယ် ညီမကြိုက်လည်း ကိုယ်ကတော့အရမ်းကြိုက်တယ်
ကိုယ်ချစ်နေရုံလေးပဲလေ ဒီလောက်လေးတော့ ညီကိုယ့်ကိုနားလည်ပေးလေနော် "" အဲ့ဒါ သူ့ကိုသွားပြောပေါ့ ကျွန်တော်က သူမှမဟုတ်တာ "
" ညီ ကိုယ့်ကို နားလည်တယ်မို့လားလို့ စိတ်ထဲမှာ ကိုယ့်ကို
အထင်သေးနေမလားလို့ပါ
ညီကိုယ့်ကို နားလည်တယ်ဆိုရင် ရပါပြီ "" အာ ဟုတ်ပါပြီ နားလည်တယ် နားလည်တယ်
အထင်လည်းမသေးဘူး ပြောပြီးသား သဘောပါဆို "" ဒါဆို ကိုယ်သူ့ကို ချစ်မယ်နော် "
" အင်
ချစ် ချစ် "" ကိုယ်က သူ့ကိုဖွင့်မပြောပါဘူးညီရယ် "
" ပြောလိုက်ပါ ဒါမှသူလည်းသိမှာပေါ့ "
" မပြောတော့ပါဘူး သူက ကိုယ့်ကိုလက်မှမခံနိုင်တာပဲ
ကိုယ်ဖွင့်ပြောတဲ့အခါ အငြင်းခံရမှာသိမ့်ကြောက်တယ်
ကိုယ်ဒီအတိုင်းပဲ တိတ်တိတ်လေးချစ်နေတော့မယ်လေ "" အစ်ကိုက တစ်ဖက်သက်ကြီးခံစားနေရမှာပေါ့ "
" ငြင်းလိုက်မှာထပ်စာရင် ကိုယ်ကျေနပ်ပါတယ် ညီ "