ကျွန်တော်က ကိုခွန်ကျော်ဇင်ကို ကြည့်ပြီးရယ်ပြလိုက်တာကြောင့်
ကိုခွန်ကျော်ဇင်က ပြုံးပြလာပါတယ်။" သားအလက်ကတော့ အရမ်းအစသန်တယ် မင်းနည်းနည်းတော့စိတ်ညစ်ရမယ် "
" မဟုတ်တာ ကျွန်တော်လည်း တခြားလူကိုစတက်တာပဲ ရပါတယ်ဗျ စိတ်မညစ်ပါဘူး "
" သားလက်က အစသန်ပေမယ့် ခပ်တည်တည်တံ့တံ့ပဲနေတက်သူ
သူနဲ့မရင်းနီးတဲ့လူတွေကတော့ နည်းနည်းရှိန်ကြတယ် သူနဲ့ရင်းနီးကျွမ်းဝင်သွားပြီဆိုရင်တော့ နေမတက်အောင်စတော့တာပဲ မောင်ဖြိုးဇော်အောင်ရေ သဘောကတော့ အလွန်ကောင်းသလားမမေးနဲ့
မင်းသူနဲ့ရင်းနီးသွားရင် သိလိမ့်မယ် "" ဟုတ်ကဲ့ "
ကျွန်တော်က ကိုသူရိန်ထက်ဆီကြည့်တော့ ကိုသူရိန်ထက်က ကျွန်တော့်ကိုရယ်ပြလာပါတယ်။
" သားငယ်ကတော့ ပြောမနေတော့နဲ့ ဘယ်သူနဲ့မှကိုမတူတာ
အငယ်ဆုံးမို့ ခပ်ပေါပေါမထင်လိုက်နဲ့ မင်းတွေ့တဲ့အတိုင်းပဲ
မျက်နှာအသွင်အပြင်က သူ့အကိုတော်တွေထက် ပိုတည်ငြိမ်နေတာ
စကားလည်းပြောချင်မှပြောတဲ့သူ အရယ်အပြုံးကလည်းမရှိတော့
တခြားသူတွေဆို သူ့ကိုမခေါ်မပြောရဲကြဘူးလေ
မေးတစ်ခွန်း၊ ပြောတစ်ခွန်းပဲနေတက်တာ သူနဲ့သိတဲ့သူပဲဖြစ်ဖြစ်
မသိတဲ့သူပဲဖြစ်ဖြစ် အဲ့လိုပဲဆက်ဆံတယ်မောင်ဖြိုးဇော်အောင်ရေ
ဘယ်လိုသင်သင်မရဘူး ဒီလိုပဲ
သူ့သူငယ်ချင်းတွေကအသိဆုံး ဟိုမှာ ဝေယံပိုင်ကိုသာမေးကြည့်တော့ အဲ့ဒါငယ်ငယ်လေးထဲကပေါင်းလာတဲ့သူငယ်ချင်းတွေ
ဘယ်နှစ်ခါ သူအရင်စခေါ်ပြီးစကားကိုများများပြောဖူးသလဲလို့ "" ဒေါ်လေးကလည်း တခြားအရာတွေမှာသာ သူမပြောလိုတာပါ
သူအသည်းကွဲလာပြီဆိုရင်တော့ ကျွန်တော့်ကိုအများကြီးရင်ဖွင့်တက်ပါတယ်ဗျ "ဝေယံပိုင်က ဘာရယ်မဟုတ်ပဲဝင်ပြောလိုက်ပေမယ့် ညီရဲ့ပုံစံက
ယခုလိုပြောတာကိုမကြိုက်သလိုရှိနေသည်။
သူ့မိသားစုရှေ့မှာ ထိုစကားမျိုးပြောတာကိုမကြိုက်တာပဲဖြစ်လောက်မှာပါ။ ကျွန်တော်ကရယ်၍။" ညီက လိမ္မာပါတယ် အဒေါ် ကျွန်တော်ကြည့်ရသလောက်တော့
ညီကမဆိုးပါဘူး "