ရှောင်ကျန့်ဒီနေ့ကစေနနေ့မို့ကျောင်းပိတ်တာကြောင့်ငယ်ရွယ်သူပီပီ အပေါင်းသင်းတွေနဲ့စက်ဘီစီးဖို့ကြံလိုက်ပေမယ့်
"ကိုကို ကိုကို"
ကြားရတဲ့အသံသေးသေးလေးကြောင့်ရှောင်ကျန့်အတွေးတွေမဖြစ်နိုင်တော့ဘူးဆိုတာသိလိုက်သည်။ဒီငလက်မသေးသေးလေးကသူနဲ့ခင်ပြီးနောက်ပိုင်းသူ့ဆီကိုနေတိုင်းလာသည်။အဲ့ဟာလေးကစကားလည်းသွက်သလားမမေးနဲ့။လူသာသေးတာ လည်ချက်ကတော့ရှောင်ကျန့်တို့လိုလူသာဆိုရှောင်ကျန့်ကိုရောင်းစားမှာသေချာသလောက်ရှိသည်။
ရိပေါ်လေးကပျော်တာပေါ့။ကိုကိုကသူ့ကိုသကြားလုံးကျွေးသည်။ပြီးတော့သူမမြင်ဖူးတဲ့ဟာတွေလည်းကိုကို့မှာရှိသည်။အရုပ်တွေ ပြီးတော့ခြစ်လိုက်ရင်ပုံစံမျိုးစုံပေါ်တဲ့အချောင်းတွေ ကိုကိုကပြောတယ်အဲ့တာကဖောင်တိန်လို့ခေါ်တယ်တဲ့။ပြီးတော့ကိုကိုကညဖက်ဆိုစာတွေကျက်လို့ရိပေါ်လေးကနားပိတ်ထားရသည်။ကိုကိုစာကျက်ပြီးမှသာရိပေါ်ပြန်သည်။ကိုကို့အခန်းအောက်မှာသူတို့အိမ်လေးဆိုတော့ရိပေါ်ကိုဖေဖေလာပြန်ခေါ်သည်။ဒါကြောင့်ရိပေါ်လေးကကိုကိုစာလုပ်နေရင်သူကကိုကို့ဖောင်တိန်နဲ့အရုပ်တွေဆွဲသည်။ဖောင်တိန်ချောင်းကရိပေါ်တစ်ရပ်ကိုကျော်တာကြောင့်ရိပေါ်မှာမနိုက်တစ်နိုင်နဲ့ဆွဲရင်းတစ်ခါတစ်လေကိုကို့စာအုပ်ပေါ် ပစ်ပစ်လဲတတ်ပါသေးတယ်။
"ကိုကို ကိုကို"
"အမ် ဟမ်"
"ဘယ်သွားမို့လဲဟင် "
"ဘယ်မှမဟုတ်တော့ပါဘူး မင်းလာတယ်ဆိုတော့သွားလို့ရတော့မှာမှမဟုတ်တာ!"
ရှောင်ကျန့်နည်းနည်းလေးအသံမာသွားတာကြောင့်ရ်ိပေါ်လေးခေါင်းငုံ့ကျသွားသည်။
"ကိုကိုက သားကိုမလာစေချင်လို့လားဟင် "
အသံသေးသေးလေးနဲ့ဝမ်းနည်းသံတွေပြည့်နှက်နေတဲ့ကလေးကသူ့ကိုမေးတော့ရှောင်ကျန့်လွန်သွားပြီဆိုတာသိလိုက်သည်။
"ဟေး ရိပေါ် ငါ ငါတောင်းပန်ပါတယ် "
"ရပါတယ် နောက်နေ့သားကိုကို့ဆီမလာတော့ပါဘူးကိုကိုမှာသားကိုမခင်ချင်တာ"
YOU ARE READING
ငလက်မလေးဝမ်ရိပေါ်
Randomကျွန်တော့်ရဲ့ဒုတိယမြောက်fic,လေးပါ မတူညီတဲ့ပုစံလေးtryကြည့်မလို့။ဇာတ်လမ်းကကျွန်တော့စိကူးအတိုင်းပဲရေးမှာပါနော်။ဇာတ်ကားကိုမှီငြမ်းထားတာတွေမရှိလို့တူညီခဲ့ရင်တိုက်ဆိုင်မှုသာဖြစ်ပါတယ် ငလက်မပုံပြင်လေးပဲနားထောင်ဖူးတာပါ ငယ်ငယ်ကကျွန်တော်ိတို့ လေးတန်း ငါးတန်းလေ...