ရိပေါ်လေးအရမ်းပ်ျောပါသည်။ကိုကို့တီရှပ်လည်ပင်းကနေစက်ဘီးဆိုတဲ့ဟာကြီးစီးတော့လေတွေကရိပေါ်မျက်နှာကိုလာတိုက်တာကြောင့်ရိပေါ်မှာအလွန်သဘောခွေ့နေသည်။
"ကိုကို"
"ဟင် ပြောရိပေါ်"
"ပျော်ဖို့ကောင်းတယ်နော် လေတွေကသားမျက်နှာကိုလာတိုက်တယ်သိလား"
"ဟုတ်လား ငါတော့ပျင်းတယ်ကွ တစ်ယောက်တည်းစီးနေရတာဆိုတော့"
"သားသီချင်းဆိုပြမယ်လေ ဘယ်လိုလဲ နားထောင်မလား"
"ဆိုကြည့်လေ"
"ဟုတ်''
ရိပေါ်ကသီချင်းတွေနားထောင်ဖူးတာမရှိတော့ကဗျာတစ်ပုဒ်ကိုသီချင်းလိုဆိုသည်။အဲ့တာကြောင့်ရှောင်ကဖန့်ရယ်လိုက်တော့
"ဘာလို့ရယ်တာလဲကိုကို"
"မဟုတ်ပါဘူး ငါကမင်းဆိုပြတာနားထောင်ပြီးရယ်ချင်လာလို့"
"ဟမ်"
ရိပေါ်ဆူပုတ်သွားသည်။သူကသီချင်းဆိုပြနေတာကို ဟွန့်။
"ငါတို့ပန်းခင်းထဲသွားကြမလားရိပေါ်''
"အဲ့လိုရလားဟင်"
"ရတယ်လေ တူတူသွားကြမယ်"
"သွားမယ်သွားမယ် ကိုကိုနဲ့တူတူပန်းခင်းထဲသွားမယ်ရို့ရို့"
"ရောက်တော့မယ်"
"ဟုတ် ဟုတ်"
ရှောင်ကျန့်တို့နင်းပြီးဘယ်လောကိမှမကြာလိုက် ။ပန်းခင်းကြီးကိုတွေ့ရပြီဖြစ်သည်။ကျူးလစ်ရောင်စုံတွေကြားထဲမှာကာနိုလာပန်းခင်းကြီးကဝင့်ထယ်စွာတည်ရှိနေသည်။(သွားချင်တဲ့နေရာပြောတာ တကယ်ရှိမရှိတော့မသိ။)
"ဝါးးးးးး လှလိုက်တာ"
"အရင်ထဲကငါအပန်းဖြေတဲ့နေရာလေ ပြီးရင်တစ်ရေးတစ်မောအိပ်ပြီးမှပြန်တာ ဟဟ"
"အခုရောအိပ်သွားမှာလားဟင်"
"အင်း "
ရှောင်ကျန့်စက်ဘီးထောင့်ထောက်ရင်းရိပေါ်ကိုပြောတာကြောင့်
"သားလည်းအိပ်မယ်"
"အင်း"
ရှောင်ကျန့်ဖြည်းဖြည်းချင်းနဲ့သွားလိုရ်တာအခုဆိုပန်းခင်စအလယ်ရောက်နေပြီဖြစ်သည်။
YOU ARE READING
ငလက်မလေးဝမ်ရိပေါ်
Randomကျွန်တော့်ရဲ့ဒုတိယမြောက်fic,လေးပါ မတူညီတဲ့ပုစံလေးtryကြည့်မလို့။ဇာတ်လမ်းကကျွန်တော့စိကူးအတိုင်းပဲရေးမှာပါနော်။ဇာတ်ကားကိုမှီငြမ်းထားတာတွေမရှိလို့တူညီခဲ့ရင်တိုက်ဆိုင်မှုသာဖြစ်ပါတယ် ငလက်မပုံပြင်လေးပဲနားထောင်ဖူးတာပါ ငယ်ငယ်ကကျွန်တော်ိတို့ လေးတန်း ငါးတန်းလေ...