ရိပေါ်တို့ကြည့်တော့cctvကအဲ့နားချိန်လေးကိုပျက်လိ့နေခဲ့သည်။
"ဟာ လူလေးတို့ရေ တောင်းပန်ပါတယ်ကွယ်ကြည့်ရတာ စက်ရုပ်errorတက်ပြီးအဲ့နားကအချိန်တွေကိုမရိုက်ထားလိုက်မိဘူးကွဲ့"
"ဟာဗျာ"
"ရိပေါ်ရယ် ထားလိုက်ပါတော့ကွာ မင်းမဟုတ်ရင်ပြီးတာပဲမို့လား''
"ကိုကို ကျွန်တော့်ကိုမယုံမှာကြောက်လို့လေ"
မျက်နှာငယ်လေးနဲ့လက်လေးကိုရှေ့ယှက်ပြီးပြောနေပုံကခုဏကကောင်မလေးကိုစွာလ်ုက်သူမဟုတ်သလိုပဲ။
"ငါမင်းကိုယုံပါတယ်ကွာ ပြန်ကြရအောင်ကွာ ငါထမင်းတစ်နေကုန်မစားရသေးဘူးဟ "
'ဟုတ် ဟုတ် ကိုကို ထမင်းစားဖို့ကအရေးကြီးတယ် တောင်းပန်ါတယ်ဗျာ့ဦးလေးကြီးအနှောက်ယှက်ဖြစ်သွားရင်''
ရိပေါ်မှာကိုကို့လက်ကိုဆွဲပြီးထွက်လာရပြန်သည်။ရှောင်ကျန့်လည်းဦးလေးကြီးကိုအရိုသေပြုပြီးထွက်လာခဲ့လိုက်တော့သည်။
___________
"ကိုကို''
"အေး "
"ကျက်ပြီလား ကျွန်တော်ဗိုက်ဆာပြီ"
"ဟ ဗိုက်ဆာလိုအိမ်ကိုအတင်းပြန်လာတာငါလေ ငါကရော ငါကပိုတောင်ဆာသေးဟ ချက်ရပြုတ်ရတာဘယ်လောက်ပင်ပန်းတယ်မှတ်လဲ''
တစ်ချက်မှမပြတ်ပဲပြောနိုင်လွန်းသူယုန်ဆိုးကြီးကြောင့်ရိပေါ်ခုံးပေါ်လက်တင်မေးထောက်ရာကနေအေပရွန်အပြာနုလေးဝတ်ပြီးအလုပ်ရှုပ်နေတဲ့သူ့ကိုကိုနားသွားပြီးအနောက်ကနေအသာလေးခါးကိုလှမ်းဖက်လိုက်သည်။
ရှောင်ကျန့်သူ့ဆီရုတ်တရက်ရောက်လာတဲ့အေးစက်မာကြောနေတဲ့လက်တစ်ဖက်ကြောင့်ပခုံးလေးကိုကျုံ့လိုက်မိသည်။ကျက်သီးမွှေးညင်းလေးတွေပါထလာတော့တဲ့အထိကိုရင်ထဲမှာကလိကလိနဲ့ဖြစ်လို့နေသည်။ရိပေါ်ကိုကျောပေးထားလို့သာကံကောင်းတယ်ပြောရမည်။ူရှက်လွန်းလို့ မျက်နှာရဲတက်ေိလောက်သည်။
"ဝမ် ဝမ်ရိပေါ်"
"အင်း ကိုကို"
ပြန်ထူးတာတောင်ရိုးရိုးပြန်မထူးတဲ့သကောင့်သားကအတတ်ဆန်းပြီးသူ့မေးကိုရှောင်ကျန့်ပခုံးပေါ်တင်ပြီးယဉ်ယဉ်ကျေးကျေးလေးဖြေပါသည်။ဘာတဲ့ အင်း တဲ့ သေနာလေး။
YOU ARE READING
ငလက်မလေးဝမ်ရိပေါ်
Randomကျွန်တော့်ရဲ့ဒုတိယမြောက်fic,လေးပါ မတူညီတဲ့ပုစံလေးtryကြည့်မလို့။ဇာတ်လမ်းကကျွန်တော့စိကူးအတိုင်းပဲရေးမှာပါနော်။ဇာတ်ကားကိုမှီငြမ်းထားတာတွေမရှိလို့တူညီခဲ့ရင်တိုက်ဆိုင်မှုသာဖြစ်ပါတယ် ငလက်မပုံပြင်လေးပဲနားထောင်ဖူးတာပါ ငယ်ငယ်ကကျွန်တော်ိတို့ လေးတန်း ငါးတန်းလေ...