"ချစ်တယ်"
"ဟမ်!"
ရိပေါ်ကြမ်းပြင်ပေါ်မှာခြေဆင်းထိုင်နေရင်းနဲ့ကိုကို့ဆီကစကားသံကြောင့်သူမော့ကြည့်လိုက်သည်။ကိုကိုကသူ့ကိုငုံ့ကြည့်လာပြီး
"ချစ်တယ် ငါမင်းကိုချစ်တာ ကြာခဲ့ပြီ မင်းနဲ့ထပ်တူပဲ''
"တ တကယ်လား ကို ကိုကို"
ရိပေါ်မျက်ဝန်း၌မျက်ရည်များအိုင်လာသည်။ကိုယ်ခ်ျတဲ့သူကနဂိုတည်းကကိုယ်နဲ့ခံစားချက်ထပ်တူဆိုတာဘယ်လောက်တောင်ကောင်းလိုက်တဲ့အလုပ်လဲ ဟမ် ခင်ဗျားတို့ဆိုကျွန်တော်နေရာအဲ့လိုပဲဖြစ်မှာမို့လား။
ရှောင်ကျန့်ကထိုင်ချလိုက်ပြီး
"ငါကြောက်နေခဲ့တာ ရိပေါ်ရဲ့ မင်းသိလား မင်းကိုတစ်ခြားတစ်ယောက်လက်ထဲကိုထည့်ပေးလိုက်ရမယ်ဆိုတဲ့အသိစိတ်ကြီးက မင်းအသက်ကြီးလာလေ ငါကြောက်လေပဲ တစ်ခြားတစ်ယောက်ကိုရင်ခွင်ထဲမှာ ထည့်ပြီးပြောနေတဲ့မင်းကိုစိတ်ကူးကြည့်ရုံနဲ့တင်ငါ့မှာရူးမတက်ပဲ "
"ကိုကို"
"ဟုတ်တယ် ငါလည်းမင်းကိုချစ်တယ် ဒါကြောင့်ငါ့နားမှာတစ်သက်လုံးနေပေးမလား မင်းမရှိရင် ငါရှင်သန်ဖို့ခက်တယ်ရိပေါ်ငါ့မှာမိသားစုဆိုလို့ မင်းနဲ့ဟိုနှစ်ကောင်ပဲရှိတော့တာ မင်းတို့ကပါပစ်ထားရင် ငါအဲ့ဒဏ်ကိုခံနိုင်ဖို့အရည်ချင်းမရှိသေးဘူး "
"ချစ်တယ် ကိုကို မောင် ကိုကို့ကိုသိပ်ချစ်ဝာယ် ကိုကို့နားမှာကိုယ်စောင့်နတ်လေးအဖြစ်အမြဲနေပေးမယ် "
"အင်း မောင့်ကိုယုံလိုက်မယ်''
ရိပေါ်ရှောင်ကျန့်ကိုဖက်လိုက်သည်။မျက်ရည်တွေဟာပါးပြင်ထက်မှာစီးကျလာပြီးဝမ်းသာလွန်းလို့ထခုန်မတက်ဖြစ်ရသည်။
"ရိပေါ် ငါက အရမ်းကိုလွယ်သွားလားဟင်"
"ကိုကို အဲ့တာဘာကိုပြောတာလဲ"
ဖြူစင်တဲ့ငလက်မလေးဟာ ဒီစကားလုံးတွေသိပ်မသိရှာပါဘူး။သူကကိုကို့ကို ဖလစ်ဖို့လောက်သာတတ်တာ တစ်ချို့စကားလုံးအဓိပ္ပာယ်တွေသူသိပ်နားလည်တာမဟုတ်ပါ။
YOU ARE READING
ငလက်မလေးဝမ်ရိပေါ်
Randomကျွန်တော့်ရဲ့ဒုတိယမြောက်fic,လေးပါ မတူညီတဲ့ပုစံလေးtryကြည့်မလို့။ဇာတ်လမ်းကကျွန်တော့စိကူးအတိုင်းပဲရေးမှာပါနော်။ဇာတ်ကားကိုမှီငြမ်းထားတာတွေမရှိလို့တူညီခဲ့ရင်တိုက်ဆိုင်မှုသာဖြစ်ပါတယ် ငလက်မပုံပြင်လေးပဲနားထောင်ဖူးတာပါ ငယ်ငယ်ကကျွန်တော်ိတို့ လေးတန်း ငါးတန်းလေ...