မနက်မိုးလင်းတော့ရှောင်ကျန့်ခင်ဗျာ မျက်လုံးမဖွင့်ရသေး တစ်ခုခုကသူ့ကိုယ်ပေါ်မှာ တက်ဖိထားသလိုလေးနေတာကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တော့
"အားးးးး!!!"
လူတစ်ယောက်ဟာသူ့ကိုယ်ပေါ်မှာထပ်လျက်အိပ်နေသည်။သူ့ထက်ခန္ဓာကိုယ်ကကြီးပြီး အဝတ်စားမပါဘဲ ကိုယ်လုံးတီးကြီးနဲ့မို့ရှောင်ကျန့်အော်လိုက်သည်။
ရိပေါ်ကိုကို့အော်သံကြားတာကြောင့်မျက်လုံးဖွင့်လိုက်သည်။
''ဟမ် ကိုကို ကလည်းအစောကြီးရှိသေးတယ် ကျွန်တော်အိပ်ချင်သေးတယ်ဗျာ့"
"ဟျောင့် မင်းရိပေါ်ယောင်လာမဆောငိနဲ့ ရိပေါ်ကသေးသေးလေး"
"ဟမ်!!"
ရိပေါ်ကိုကို့ပေါ်ကဆင်းလိုက်တော့ကုတင်ပေါ်ကအသာလေးဆင်းလို့ရတာကြောင့်
"ကို ကိုကို"
"အား!!!!''
ရိပေါ်ပျော်သွားသည်။အခုသူကကိုကိုတို့လိုလူတစ်ယောက်ဖြစ်နေသည်။
"ကိုကို ကျွန်တော် ကိုကိုတို့လိုလူဖြစ်သွားပြီ!!''
ရိပေါ်မှာပျော်နေတာကြောင့်သူကိုယ်လုံးတီးဖြစ်နေတာကိုသတိမထားမိ။သတိထားမိတဲ့ရှောင်ကျန့်ကတော့တအားအားနဲ့အော်နေသည်။
ရှောင်ကျန့်ကရိပေါ်အောက်ကဟာလေးကိုမတော်မဆကြည့်မိသွားတာကြောင့်ပင် လန့်မိသွားသည်။အဲ့ အဲ့လောက်ကြီးစရာလိုလို့လား။ယောကျာ်းလေးအဂ်ါက ချီးပဲ။
"မင်း မင်းဘယ်သူလဲ"
"ကိုကို ကိုကို ကျွန်တော်ဝမ်ရိပေါ်လေ သေချာကြည်ပါအုံး"
"အမ်"
ရှောင်ကျန့်အခုမှသေချာကြည့်မိသည်။ဒါရိပေါ်ပဲ ။၁၉နှစ်ပဲရှိသေးတဲ့ကောင်လေးရဲ့ရတနာကကြောက်စရာကောင်းလိုက်တာ။ငါကျတော့သူ့လောက်မကြီးရတာလဲ။ပြီးတော့လည်းsixpackတွေနဲ့ ဟွန့်။"တောင်းစားအကျီမြန်မြန်သွားဝတ်ချေ မင်း မင်း!ကိုယ်လုံးတီးကြီးမနေနဲ့လေ ဝမ်ရိပေါ်''
ရှောင်ကျန့်ကအောက်ကိုလက်ညို့ထိုးပြီးပြောတာကြောင့်ရိပေါ်အောက်ကိုကြည့်ပြီးသူ့ဟာကိုလက်နဲ့ဖုံးလိုက်သည်။
YOU ARE READING
ငလက်မလေးဝမ်ရိပေါ်
Randomကျွန်တော့်ရဲ့ဒုတိယမြောက်fic,လေးပါ မတူညီတဲ့ပုစံလေးtryကြည့်မလို့။ဇာတ်လမ်းကကျွန်တော့စိကူးအတိုင်းပဲရေးမှာပါနော်။ဇာတ်ကားကိုမှီငြမ်းထားတာတွေမရှိလို့တူညီခဲ့ရင်တိုက်ဆိုင်မှုသာဖြစ်ပါတယ် ငလက်မပုံပြင်လေးပဲနားထောင်ဖူးတာပါ ငယ်ငယ်ကကျွန်တော်ိတို့ လေးတန်း ငါးတန်းလေ...