အခုဆိုရိပေါ်ဟာအချိန်ပိုင်းအလုပ်များစွာကိုဝင်လုပ်နေပြီဖြစ်သည်။ကိုကို့ကိုတင့်တယ်စွာထားနိုင်ဖို့အတွက်လေ။ရသမျှပိုက်ဆံတွေကိုခြစ်ကုပ်ပြီးစုထားသည်။သူနဲ့ကိုကိုအတွက်နောင်ရေးအဆင်ပြေစေဖို့ပေါ့။ရိပေါ်အများဆုံးဝင်လုပ်ဖြစ်တဲ့အလုပ်ကဘားတွေ ကလပိ်တွေမှာwaiterအလုပ်ပင်သာဖြစ်သည်။ပိုက်ဆံများများရတာကြောင့်ပိုက်ဆံနောက်လိုက်နေတဲ့ငလက်မလေးဝမ်ရိပေါ်အရမ်းကိုမှစိတ်ထားဖြူစင်လွန်းတာကြောင့်အလုပ်ရှင်တိုက်း မန်နေဂျာတွေကအစသူ့ကိုချစ်ကြသည်။ရိပေါ်ဟာအလုပ်မှာခပ်တည်တည်နေပေမယ့် လိုအပ်ရင်တော့သူပြုံးသည်။မလိုအပ်လျှင်ခပ်တည်တည်သာနေတတ်သည့်အတွက်ဝန်ထမ်းတွေကသိပ်အပေါင်းသင်းမလုပ်ကြ။ချေတယ်လို့သာယူဆထားကြသည်။
ရှောင်ကျန့်ကရိပေါ်အဲ့လိုတွေဘာလို့လုပ်မှန်းသိတာကြောင့်အသည်းသန်တားသည်။သို့ပေသိဝမ်ရိပေါ်ဆိုသည်မှာခေါင်းမာတဲ့အမျိုးစားထဲကပင်မဟုတ်လော။နောက်ဆုံးတော့ရှောင်ကျန့်သာအရုံးပေးလိုက်ရသည်။အဲ့တာကြောင့်ပြောပါတယ် ဝမ်ရိပေါ်ရဲ့တော်ကီတွေကရှောင်ကျန့်ကိုရောင်းစားလို့ရလောက်တယ် တော်သေးတာကသကောင့်သားကလူကုန်ကူးတဲ့လူမဟုတ်နေလို့။
"ရိပေါ် !"
"ဟုတ် "
"စားပွဲ16;28;108ကို သွားချပေးပါအုံး "
"ဟုတ်ကဲ့ "
တွေ့လား။စကားကိုတစ်နေကုန်လုံးနေတာတောင်ပြောတဲ့စာလုံးရေက၁၀လုံးပင်မပြည့်။ဒါပေမယ့်ဒီကောင်လေးဟာယဉ်ကျေးတယ်ဆိုတာတော့အကုန်သိကြသည်။
ရိပေါ်ဗန်းထဲကကော့တေးခွက်တွေကိုပြောတဲ့အတိုင်းလိုက်ချပေးလိုက်သည်။နာရီကိုငုံ့ကြည့်တော့ရိပေါ်စိတ်လိုလက်ရပြုံးလိုက်မိသည်။သူကိုကို့ကိုသွားကြိုရတော့မည်မဟုတ်လော။ထိုစဉ်
"ဟိတ် မင်းကဒီရဲ့waiterလား"
"ဟုတ်ပါတယ်"
"တို့ကိုမန်နေဂျာခေါ်ပေး"
"ဟုတ်ကဲ့"
ရိပေါ်ကအရှေ့ကနေထွက်သွားတော့ထို့ကောင်မလေးကရိပေါ်ကျောပြင်ကိုမြင်ကွင်းကနေပျောက်ကွယ်သည်အထိငေးမိသည်။ထိုသူမသည်ဝန်ကြီးချုပ်ရဲ့မြေးနှစ်သည်ချာ ချင်းလီခေါ်ကျိုးချင်းလီပင်ဖြစ်သည်။
YOU ARE READING
ငလက်မလေးဝမ်ရိပေါ်
Randomကျွန်တော့်ရဲ့ဒုတိယမြောက်fic,လေးပါ မတူညီတဲ့ပုစံလေးtryကြည့်မလို့။ဇာတ်လမ်းကကျွန်တော့စိကူးအတိုင်းပဲရေးမှာပါနော်။ဇာတ်ကားကိုမှီငြမ်းထားတာတွေမရှိလို့တူညီခဲ့ရင်တိုက်ဆိုင်မှုသာဖြစ်ပါတယ် ငလက်မပုံပြင်လေးပဲနားထောင်ဖူးတာပါ ငယ်ငယ်ကကျွန်တော်ိတို့ လေးတန်း ငါးတန်းလေ...