Part-9

53 8 0
                                    

   အခုရိပေါ်ဟာ ချက်တတ်ပြုတ်နေပြီဖြစ်သည်။ရှောင်ကျန့်ကကျောင်းသွားလျှင်ရိပေါ်ကအိမ်မှာချက်ပြုတ်ပြီးကျန်နေခဲ့သည်။ရှောင်ကျန့်အိမ်ပြန်လာလျှင် ရိပေါ်ကဆီးကြိုတတ်သလို တဆက်တညး်လက်ဆောင်ပေါင်းများစွာကိုပါလက်ခံရရှိသည်။ကျောင်းကကောင်မလေးတွေကရိပေါ်ကိုပေးပေးပါဆိုပြီးတောင်းဆိုလာတာကြောင့်ပင်။ရှောင်ကျန့်ခင်ဗျာ တစ်နေ့တစ်နေ့သယ်လိုက်ရတဲ့ပစ္စည်းဆိုတာ ။သူ့ကိုပေးတဲ့လက်ဆောင်တွေရောထပ်ဆောင်းအနေနဲ့ ရိပေါ်ကိုပေးလိုက်တဲ့လက်ဆောင်တွေပါယူလာရသည်။

"ဝမ်ရိပေါ် ဝမ်ရိပေါ် !!!"

"ဗျာ့ ‌ဗျာ လာပြီကိုကို ဒီမှာဟင်းချက်နေလို့ကျွန်တော်လာပြီ"

   ရိပေါ်အေပရွန်တောင်မချွတ်နိုင်ဘဲရှောင်ကျန့်ကိုဆီးကြိုရပြန်သည်။

"ရော့ ဒီမှာမင်းကိုကောင်မလေးတွေပေးခိုင်းတာ ယူ"

"ဟမ်!"

"ငါသယ်ရတာမောတယ် ဟူးး ရေးလေးတစ်ခွက်လောက်ခပ်တိုက်ပါလားကွာ ငါတော်တ်ောမောလာလို့"

"ဟုတ် ဟုတ် ကိုကို"

   ရိပေါ်ကလက်ဆောင်ထုပ်တွေကိုချက်ချင်းပစ်ချပြီးရေကိုကပြာကယာသွားခပ်ပေးတာကြောင့်ရှောင်ကျန့်ပြုံးလိုက်သည်။ဒီကောင်လေးကအခုထိအဖြူစင်လေး။

"ရပြီကိုကို"

"မင်းထိုင်အုံး"

"ဟုတ်''

"ငါနားမလည်တာတစ်ခုရှိတယ်သိလား "

"ဟုတ်''

"မင်းကငါ့ထက်ပိုချောလို့လား ပြောကြည့် မင်းမျက်လုံးထဲမှာမင်းကချောလားငါကပိုချောလား"

   ရိပေါ်ကရှောင်ကျန့်ကိုမှုန်သုန်သုန်စိုက်ကြည့်ပြီး

"ကိုကိုကပိုချောတယ် ကျွန်တော်ကလည်းချောတယ်"

"မင်းတော်တယ် ဟဲဟဲ"

"ဒါပေမယ့် "

"ဘာဒါပေမယ့်လဲ"

"ကိုကိုက ပန်းလေးတစ်ပွင့်လိုကာကွယ်ချင်စရာကောင်းလှအောင်လှတာ ချောတာထက်လှတယ်ဆိုတဲ့စကားကကိုကိုနဲ့ပိုလိုက်တယ် သိလား ကျွန်တော်ကယောကျာ်းဆန်ဆန်ချောတာ "

ငလက်မလေးဝမ်ရိပေါ်Where stories live. Discover now