အချစ်ကြီးရင် အမျက်ကြီးတယ်

39 1 0
                                    


BMWကားကို အိမ်​ရှေ့ စင်ဝင်​အောက် ထိုးရပ်လိုက်​သောအသံသည် တစ်အိမ်လုံးကို သတိ​ပေးသည့်နှယ် ။ ထိုကား​မောင်းသံ​ကြောင့် အိမ်ရှိ အလုပ်သမားအများစုသည် ခပ်ကုပ်ကုပ်ဖြင့် ​နောက်​ဖေးတန်းလျားသို့ ထွက်သွားကြသည် ။

ကား​ပေါ်မှ အမျိုးသမီးသည် ပန်းနု​ရောင်​ဒေါက်ကို အမြန်ချွတ်ကာ အိမ်စီးဖိနပ်ကို ​ပြောင်းစီးသည် ။ ဧည့်ခန်းကို ​ကျော်၍ ​လှေကားတက်ခါနီးတွင်

" လရိပ် ... ဒီမှာ လာထိုင်ဦး "

ထိုအမိန့်​ကြောင့် ထိုအမျိုးသမီးအတွက် သံပုရာရည်​ဖျော်​နေ​သော အိမ်​တော်ထိန်း ကြီးကြီးလှပင် မီးဖိုခန်းအတွင်း ပြန်ဝင်၍ သွားသည် ။

" အ​ဖေ သမီးကို ဘာ​ပြော... "

" ဖြန်း !! "

ဖခင်ဖြစ်သူ၏ ရိုက်နှက်မှု​ကြောင့် ခွန်းလရိပ်သွန်တစ်​ယောက် ဆိုဖာ​ပေါ်သို့ လဲကျသွားသည် ။ အရင်အချိန်​တွေဆို ​ဘေးမှာ တား​ပေးတတ်သည့် မိခင်ရှိ​နေ​ပေမယ့် အခုချိန်က ​​နေ့လယ်ခင်းအချိန် ။ မိခင်ဖြစ်သူက သူ့ရတနာဆိုင်တွင်သာ ရှိ​နေ​ပေလိမ့်မည် ။

နာကျင်သွား​သော ပါးတစ်ဖက်ကို ကိုင်ရင်း ခွန်းလရိပ်သွန်က ဦးခွန်းသာကို စူးစူးစိုက်စိုက်ကြည့်သည် ။ လဲကျရာက​တော့ မထ ။ ပူထူသွား​သော ပါးကို အသာပွတ်ရင်း ပါး​စောင်အတွင်းသို့ လျှာထိုးကာ မထိသလို ပြုမူသည် ။

" သိသွားတာလား ဟာ...
အ​ဖေတို့က သတင်းမြန်ချက် "

" ​တော်စမ်း... လရိပ်

နင်ခိုင်းထားတဲ့ ကိစ္စကို ရပ်မလား

ငါ နင့်ကို အ​မွေဖြတ်ရမလား "

​ရှေ့တည့်တည့်တွင် ခါး​ထောက်ကာ ​မေး​​နေ​သော သူသည် ခွန်းလရိပ်သွန်၏ ဖခင်အရင်းမှ ဟုတ်ပ​လေစွ ။ အို..အဲ့ဒါက အ​ရေးမကြီးပါဘူး​လေ ။

" ​ရွေးချယ်ရမှာက သမီး မဟုတ်ဘူး အ​ဖေ

အ​ဖေရဲ့ စီးပွား​ရေးလှည့်ကွက်ကြီးကို လူထုကို ချပြရမလား

မဟုတ်ရင် သမီးဆီကို ဒီတိုင်း​လေး ​ပေးလိုက်မလား

တစ်ခု​တော့ ရှိတယ် အ​ဖေ့ရဲ့ အသုံးမကျတဲ့ သားကို
​ပေးဖို့​တော့ ​​ယောင်လို့​တောင် မ​တွေးနဲ့

​ကောင်းကင်မှာ ကြယ်​​တွေပဲ ​ကြွေတတ်သလား ( Ongoing ) Where stories live. Discover now