!! 10 !!

48 0 2
                                    


ခွန်း​ရှေ့မှ ထွက်လာခဲ့ပြီး​နောက် ​နေသစ်သည် ​ဆေးရုံ၏ ဒုတိယ​ဆောင် ​ဆေးခန်းတွင် ​ဆေးဝယ်သည် ။ အရက်ပြန်နှင့် လိုအပ်​သော ​ဆေးအချို့ဝယ်ပြီး​​နောက် ​ဘေလ်ရှင်းရန် ​စောင့်​နေချိန်တွင် ​နေသစ်သည် ​သူလွှတ်ထား​သော လူထံ ဖုန်းဆက်သွယ်သည် ။

" ဟုတ် ဆရာ "

တစ်ဖက်က ဖုန်းချက်ချင်း​ဖြေသည် ။

" ဦးခံ့ညားရဲ့သား လှုပ်ရှား​တော့မယ်

  အလျင်လို​နေတာမလို့ တစ်ခုခု ဟာကွက်ရှိလာနိုင်တယ်

  ​သေချာ ​စောင့်ကြည့်ထား "

​ပြောပြီးပြီးချင်း ဖုန်းကို ချလိုက်သည် ။ ရည်မွန်စွာ ပြုံးပြ​နေ​သော ​အ​ရောင်းဝန်ထမ်းမ​လေးကို ကျသင့်​ငွေ ရှင်းကာ ခွန်းရှိရာဆီ ပြန်ခဲ့သည် ။

.....

စိတ်ငြိမ်​ဆေး အရှိန်​ကြောင့် အိပ်​ပျော်​နေ​သော ​နေရဲထိုက်သည် ​အေး​ဆေးစွာဖြင့် ။ အရမ်း တွတ်ထိုးကာ စကား​ပြောတတ်​သည်ကသာ ထိုက်ထိုက်ပုံစံ အမှန်မလို့ ဒီလိုဖြစ်​နေရခြင်းကို ခွန်း စိတ်မ​ကောင်းလှ​ပေ ။

ထိုက်ထိုက်၏ လက်ကို ဆုပ်ကိုင်ထားကာ ဒီ​နေ့အတွင်း နိုးထလာ​စေဖို့ ဆု​တောင်း​နေမိသည် ။ မဟုတ်ပါဘူး ။ ဒီ​နေ့ နိုးလာမှ ဖြစ်မယ်​နော် ထိုက်ထိုက် ။

" နိုးလာမှာပါ "

​နောက်က​နေ ထွက်လာ​သော စကားသံ​ကြောင့် ခွန်း လန့်သွားသည် ။ ​​နောက်ကို တစ်ချက်ပြန်ကြည့်၍ ​နေသစ်မှန်း သိမှသာ အလန့်​ပြေသည် ။ ခွန်း စိတ်ပူ​နေသည်ကို သိဟန် ​နေသစ်က ​ဖေးမစွာ ပြုံးပြသည် ။

" လက်​ပေး "

​ပြော​ပြောဆိုဆို ခွန်း၏ လက်ကို ဆွဲယူ၍ ဒဏ်ရာကို အရက်ပြန်ဆွတ်​ပေးသည် ။

" ကျစ် ... ! "

အရက်ပြန်​ကြောင့် အနည်းငယ် စပ်သွား၍ ခွန်း အသံထွက်သွားမိခြင်း ။

" နာတာလား "

ဒဏ်ရာကိုသာ အာရုံစိုက်​နေ​သော ​နေသစ်သည် သူ့မျက်နှာအား ရှူစား​နေ​သော ခွန်းပုံစံကို မသိ ။ မနာ​စေရန်သာ ​လေ​အေးဖြင့် တဖူးဖူးမှုတ်၍ ဂွမ်းစဖြင့် အသာအယာ ထိ​တွေ့​နေသည် ။ ဘယ်လိုပဲဆိုဆို ​နေသစ်က ခွန်းထက် အရပ်ပု​နေသည်ဖြစ်၍ ခုံ​ပေါ်အတူ ထိုင်​နေတာ​တောင် အ​ပေါ်စီး မြင်ကွင်းကို ခွန်းကပဲ မြင်ရသည် ။

​ကောင်းကင်မှာ ကြယ်​​တွေပဲ ​ကြွေတတ်သလား ( Ongoing ) Where stories live. Discover now