စာဖတ်ခန်းတွင် ရှိနေသော ဦးခွန်းသာတစ်ယောက် ခေါင်းပူနေအောင် တစ်ခုခုကို အသည်းအသန် စဥ်းစားနေသည် ။ သူ့ကို နောက်ယောင်ခံလိုက်ကာ ခြိမ်းခြောက်နေသော သူသည် ဘယ်သူဖြစ်နိုင်မလဲဆိုသော အဖြေကို တွေးမရ ။ ဘာအတွက်မှန်းပင် မသိပေမယ့် နောက်ကြောင်းပြန်ကြည့်လျှင် သူသည် အခြားသူများအပေါ် မတရားသဖြင့် အနိုင်ကျင့်ခဲ့တာတွေချည်းဆိုတော့ ရတက်မအေးမိတာ မစမ်းပေ ။စားပွဲခုံကို လက်ညှိုးဖြင့် တတောက်တောက်ခေါက်ကာနေရာမှ ရုတ်တရက် ရပ်လိုက်သည် ။ စားပွဲပေါ်ရှိ ဓါတ်ပုံလေးကို ကိုင်ကာ ဘောင်ကို ဖြုတ်လိုက်သည် ။ ထိုသို့ လုပ်နေချိန်တွင် တံခါးမှ တစ်ယောက်ယောက် ဝင်လာမည်ကို စိုးဟန်ဖြင့် မျက်လုံးများသည် ဂနာမငြိမ် ။ ဓါတ်ပုံ၏ အနောက်ဘက် ဘောင်ထဲမှ သော့တစ်ချောင်း ထွက်ကျလာသည် ။ ထိုသော့ကို ယူကာ စာကြည့်ခန်း၏ တံခါးပေါက်ဆီသွားသည် ။ ထို့နောက် တံခါးကို လော့ခ်ချလိုက်သည် ။
ပြီးနောက် စားပွဲဆီပြန်လာကာ စားပွဲ၏ အောက်ဆုံးထပ်ကို အစောက သော့ဖြင့် ဖွင့်သည် ။ အထဲ၌ ဖုန်တက်နေသော အိတ်တစ်ခုသာ ။ ဦးခွန်းသာသည် ထိုအိတ်ကို ထုတ်ယူ၍ ဖုန်များခါသည် ။ အထဲမှ စာရွက်စာတမ်းများကို ကြည့်သည် ။ စာရွက်တွေထဲမှ " မျိုးဗီဇစစ်ဆေးခြင်း ( DNA ) " ဟူသော စာရွက်၂ရွက်ကို ယူကာ အသေးစိတ်ကြည့်သည် ။
" ဒါက နောက်ဆုံးလက်နက်ပဲ " ဟု ရေရွတ်ကာ အားလုံးကို ခြေရာလက်ရာ မပြတ် ထားခဲ့၍ စာကြည့်ခန်းအတွင်းမှ ထွက်ခဲ့ပါတော့သည် ။
.....
" ဟယ်လို ဆရာ ...ဆရာလား "
တစ်ဖက်မှ အသည်းအသန် အကူအညီလိုဟန်ဖြင့် ခေါ်သောအသံ ။ ဒီဘက်မှ ဖုန်းကိုင်ထားသူသည် ပါးစပ်ကို ရွဲ့၍ ခေါင်းရမ်းသည် ။ ပြန်တော့ မဖြေသေး ။
" ဆရာ ..ကူပါဦးနော် မဟုတ်ရင်
ကျွန်တော် ထောင်ကျတော့မှာ ...
ကျွန်တော့်မှာ ...ကျွန်တော့်မှာ သားလေးလည်း ရှိ ... "ပြောရင်း တိတ်ဆိတ်သွားသည် ။ အကြောင်းမှာ ဒီဘက်ကလူက စကားပြန်လိုက်သောကြောင့် ။
YOU ARE READING
ကောင်းကင်မှာ ကြယ်တွေပဲ ကြွေတတ်သလား ( Ongoing )
RomanceBL own story par ပြည့်စုံတဲ့ မိသားစုက ဆင်းသက်လာပေမယ့် မိသားစုတွင်း ပြဿနာများကြောင့် စိတ်ကျရောဂါကို ခံစားခဲ့ဖူးသော ခွန်းယိမ်းသွန် ရန်ငြိုးတစ်ခုကို ကလဲ့စားချေဖို့အတွက်နဲ့ တစ်ဘဝလုံးကို ပုံအပ်ထားခဲ့တဲ့ နေသစ်ချို သူတို့နှစ်ဦးတွေ့ဆုံမှုဟာ ရန်ငြ...