!! 5 !!

42 1 0
                                    

ကလဲ့စား​ချေမှု စတင်ခြင်း ...နှစ်

​နေသစ်တစ်​ယောက် သူ့၏ လျှို့ဝှက် အပန်း​ဖြေ စံအိမ်တွင် ရှိ​နေသည် ။ ထို​နေရာသည် ဘယ်သူမှ မသိ​သော သူ၏ ကိုယ်ပိုင်​နေရာဖြစ်သည် ။ ခြံကြီးထဲတွင် အလုပ်လုပ်ကိုင်ရန်အတွက် ရိုးသား​ယုံကြည်ရသော ဦးကြီးထွန်းမြိုင်တို့ မိသားစုသာ ရှိ​လေသည် ။ အခု ဦးကြီးထွန်းမြိုင်သည်လည်း ဘုန်းခံ့ညား၏ အိမ်တွင် ဒရိုင်ဘာအ​နေဖြင့် ရှိ​နေ​လေပြီ ။ ခြံထဲတွင် ဦးကြီးထွန်းမြိုင်၏ ဇနီးနှင့် သားဖြစ်သူ နှစ်​ယောက်သာ ​ကျန်နေသည် ။

ခြံအ​နောက်ဘက်က သန့်ရှင်းကြည်လင်​သော ​ရေကူးကန်တွင် စိတ်လက် အပန်း​ဖြေရန် ​ရေကူး​နေမိသည် ။ ​ရေကူးရခြင်းကို ​နေသစ် မနှစ်သက်​သော်လည်း ချစ်ရသူ​လေး ခွန်းယိမ်း၏ အကြိုက်ဆုံး အားကစားတစ်မျိုး ဖြစ်​နေခြင်း​ကြောင့် ​နေသစ်လည်း ပြုလုပ်မိ​နေခြင်း ။

စိတ်ပင်ပန်း မွန်းကြပ်လာပြီး ခွန်းယိမ်းကို သိပ်သတိရလျှင် ​နေသစ်တတ်နိုင်တာဆိုလို့ ဒီ​နေရာကိုလာပြီး ​ရေကူး​နေခြင်းပင် ။ တစ်​နေ့​နေ့မှာ ဖြစ်နိုင်မယ်ဆိုရင်​တော့
ခွန်းယိမ်းသွန်နှင့်အတူ ဒီ​နေရာ​လေးကို ​ပျော်စရာ ကမ္ဘာ​လေးအဖြစ် တည်​ဆောက်နိုင်ချင်သည် ။

ထိုအချိန်တွင် ဝိုင်ခွက်​လေးကို ကိုင်ကာ ​ရေကူး​ဘောင်းဘီကိုသာ ဝတ်ထား​သော လူတစ်​ယောက်သည် ​နေသစ် ရှိ​နေရာဆီ ကူးခတ်၍ လာ​နေသည် ။ ဒီ​နေရာမှာ ရှိ​နေနိုင်တာ ဘယ်သူဖြစ်မလဲ စိတ်ဝင်စား​နေခိုက် ထိုလူက ​နေသစ် ​​ရှေ့တူရူတွင် ရှိ​နေ​ပေပြီ ။ ထိုသူ၏ ဆံနွယ်​ကောက်​ကောက်​လေးများသည် ​ရေစို​နေ​သော​ကြောင့် လိမ်ကာ ဝင်းဝါ​သော ပါးပြင်တွင် ကပ်၍ ​နေသည် ။ နှုတ်ခမ်းများသည် ရဲစို​နေကာ ရွှန်းလဲ့​နေသည် ။ ​ရေစက်က​လေးများက ဆံပင်ထိပ်များဆီမှ ပခုံးထက်သို့ ကျ​နေပုံမှာ နှင်းဆီပန်း ပန်းချီကားချပ်​လေး ​ရေ​လောင်းခံရသည်နှယ် ။ ထိုသူ၏ လက်တစ်ဖက်သည် ဖြည်းဖြည်းချင်း ​မြောက်တက်လာပြီး ​နေသစ်ရင်ဘတ်ကို ပွတ်သပ်​နေသည် ။ အာ​စေးမိ​နေသလို ​နေသစ် ဘာမှမ​ပြောနိုင်ခင်

​ကောင်းကင်မှာ ကြယ်​​တွေပဲ ​ကြွေတတ်သလား ( Ongoing ) Where stories live. Discover now