ဘုန်းခံ့ညားနှင့်နေရဲထိုက်တို့ နှစ်ယောက် မနက်စာ စားသောက်ပြီးနောက် နေရဲထိုက်၏ ပန်းဆိုင်ကလေးသို့ သွားရန် ပြင်ဆင်ကြသည် ။အပေါ်က ရှပ်အင်္ကျီက အဖြူအစင်းကို တံတောင်ဆစ်ထိ ခေါက်ထားပြီး အောက်ဘက်ကလည်း အညိုရောင် စတိုင်ပန့်ဖြင့် ခန့်ညားလွန်းလှသော ဘုန်းခံ့ညားကို ငေးနေရင်းဖြင့်
" ကိုကိုတို့များနော် မပြင်မဆင်ဘဲနေတာတောင်
ချောမော သန့်နေတာပဲ
ရည်းစားဟောင်းတွေ တွေ့ရင် ငိုကုန်ဦးမယ် "အမူပိုပိုပြောလိုက်ပုံလေးက တကယ် ချစ်စရာလေးပါ ။ ကျွန်တော့်ကိုသာ ပြောနေတာ သူကကျ စပို့ရှပ်အဝါရောင်လေးကို နေကြာပန်းစတစ်ကာလေးနှင့် အသားအရည်ဖြူဖြူလေးက ပို၍ ဝင်းနေပေသည် ။
" မနက်စောစော အရင်က ဟာတွေ မပြောတော့နဲ့ "
" တစ်ပတ်တစ်ယောက်တွဲတဲ့ စံနှုန်းကိုတော့ တကယ် လေးစား .... "
ကလေးက ပြောနေချိန် ဖုန်းဝင်လာသောကြောင့် ဘယ်သူခေါ်လဲ မသိပေမယ့် ကျေးဇူးတွေ အကြီးကြီး တင်တယ် ။ အရင်က အကြောင်းတွေများ ပြောမယ်ဆို မပြီးနိုင်အောင် ပြောတတ်တာ ။ ပြီးရင် တစ်ညလုံး ရစ်တော့မှာ ။
ဟူး ... ။ကလေးက ဖုန်းကိုင်လိုက်သည် ။ ပြီးနောက် ကျွန်တော်ရှိရာဘက် အပြုံးလေးနဲ့ ပြေးလာသည် ။ ကမူးရှုးထိုး ပြေးလာသော ပုံကြောင့် လဲမှာ ကြောက်သဖြင့် လက်နှစ်ဖက်ကို လေထဲတွင် တဆန့်ဆန့်ဖြင့် ရှိနေသည်က ကျွန်တော် ။
အသည်းတုံးလေး လဲလိုက်မှ ကျွန်တော် ရင်ကျိုးရချည့် ။သူကလည်း ကျွန်တော့်လက်နှစ်ဖက်အတွင်း အံဝင်ခွင်ကျ ဝင်ခိုကာ
" ကိုကို ..ခွန်းယိမ်း ဆက်တာ ခွန်းယိမ်း "
ခေါင်းငြိမ့်ကာ သိပြီဟူသော သဘောလုပ်ပြလိုက်မှ ဖုန်းကို နား,နားလေး ပြန်ကပ်ကာ
" ခွန်းယိမ်း .. နေကောင်းလား
အဆင်ပြေလား ... ဘာလိုလို့လဲ "သူငယ်ချင်းတွေအပေါ် အထိမခံလောက်အောင် ခင်တတ်တဲ့ ကလေးကို ပြပါဆို ကျွန်တော့်ကလေးလေးပင် ဖြစ်လိမ့်မည် ။ ဟိုဘက်က ဘာပြန်ပြောမလဲတော့မသိဘူး ။ သူက ဆက်တိုက်ပင် စကားတွေ ပြောနေတတ်သည် ။
YOU ARE READING
ကောင်းကင်မှာ ကြယ်တွေပဲ ကြွေတတ်သလား ( Ongoing )
DragosteBL own story par ပြည့်စုံတဲ့ မိသားစုက ဆင်းသက်လာပေမယ့် မိသားစုတွင်း ပြဿနာများကြောင့် စိတ်ကျရောဂါကို ခံစားခဲ့ဖူးသော ခွန်းယိမ်းသွန် ရန်ငြိုးတစ်ခုကို ကလဲ့စားချေဖို့အတွက်နဲ့ တစ်ဘဝလုံးကို ပုံအပ်ထားခဲ့တဲ့ နေသစ်ချို သူတို့နှစ်ဦးတွေ့ဆုံမှုဟာ ရန်ငြ...