!! 15 !!

11 1 0
                                    


​နေသစ်ကို နှုတ်ဆက်ကာ အိမ်အတွင်းသို့ ​ခြေလှမ်းချခဲ့​တော့သည် ။ အိမ်ဟုသာ ဆိုနိုင်သည် ။ တကယ်က ခွန်းအတွက်က အိမ်လား ငရဲလား မကွဲ​သော ​နေရာဖြစ်သည် ။ ​နေသစ်ကို တစ်ဖန်ပြန်လှည့်ကြည့်လိုက်​တော့ ကား​ပေါ်က​နေ ပြုံးပြ​နေသည် ။ ကျွန်​တော့်​ရှေ့တွင် ငရဲကြီးတစ်ခု ရှိ​နေသည်ဆို​တောင် ကျွန်​တော့်​နောက်တွင် သတိရ​ပေး​နေမည့် ​နေသစ်ရှိ​နေသည်ဖြစ်​ကြောင်း သက်​သေပြ​နေသ​ယောင် ။

​နေသစ်ကို ပြန်လည် ပြုံးပြကာ လူ​ခေါ်ဘဲလ်ကို နှိပ်လိုက်ပါသည် ။ ခဏအကြာ အိမ်အတွင်းမှ ကြီးမြ​ရောက်လာကာ အိမ်တံခါးကို ဖွင့်​ပေး၍ ကြိုဆိုသည် ။ အစစ်အမှန်ကြိုဆိုခြင်း မဟုတ်တာကို သိ​ပေမယ့်လည်း​ပေါ့ ။ ကျွန်​တော် အိမ်အတွင်း ​ခြေလှမ်းချသည်နှင့် စိတ်ချစွာ ​နေသစ်က ကားကို​မောင်းထွက်သွားပါ​တော့သည် ။

" လူ​လေး ပြန်လာတာ အိတ်​တွေလည်း မပါဘူး "

" ကျွန်​တော် ခဏပဲ ​နေမှာပါ "

" .... "

" ကြီးမြ ဝင်နှင့်ပါ "

​ပြောလိုက်သည်နှင့် အလျင်အမြန်ပင် အိမ်ရှိရာဘက် အ​ပြေးသွား​တော့သည် ။ ​သေချာ​ပေါက် ​ဒေါ်ခွန်းလရိပ်သွန်ကို သတင်း​ပေးဖို့​ပေါ့ ။ ခွန်းသည် အ​စောက အားနာတတ်သည့် ပုံစံနှင့် ဆန့်ကျင်စွာ အညို​ရောင်မျက်စံများကို စူး​နေ​သည်အထိ အိမ်ကို ​ငေးကြည့်သည် ။ " ဒီအိမ်ကို အ​ပေါ်ကစ မီးရှို့ရင် ​ကောင်းမလား ၊ ​အောက်​ခြေကစ မီးရှို့ရင် ​ကောင်းမလား " ဟု ​တွေးလိုက်​သောအခါ နှုတ်ခမ်းတစ်ဖက်က အလိုလို ​ကော့ညွတ်၍ ခနဲ့ပြုံး ပြုံးလိုက်​တော့သည် ။

ခွန်း အိမ်ကို ပြန်လာချိန်က မနက် ၁၀နာရီ ။ အိမ်မှာ ဘယ်သူမှ မရှိနိုင်​သောအချိန် ။ သို့ဖြစ်၍ ခြံဝန်းထဲက​နေ အိမ်ကို တစ်ဝကြီး​ငေးပြီး အိမ်အထဲသို့ ဝင်ခဲ့​တော့သည် ။ ထိုအခါ ခွန်း၏ မျက်နှာထားသည် အားနာစိုးရိမ်တတ်လွန်း​သော ပုံစံသို့ ​ပြောင်းလဲ၍ သွားပေသည် ။

အိမ်အထဲဝင်သည်နှင့် တံခါး​ပေါက်နားက လက်သည်းရာ အ​သေးစား​လေးကို လက်ညှိုးသွယ်သွယ်ဖြင့် ကပ်၍ ကြည့်သည် ။ ဒါ သူ့ကို စိတ်ကျန်းမာ​ရေး ​ဆေးရုံပို့စဥ်က ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သူဇွတ်အတင်း ဆွဲထားမိသည့် ​နေရာ ။ လက်သည်းက သစ်သားစထဲ တိုးဝင်​နေ​လောက်​အောင်အထိ သူ ဒီအိမ်ကို သံ​ယောဇဥ် ရှိခဲ့​လေသလား ။ သို့မဟုတ် သူမရူး​ကြောင်း သက်​သေပြချင်ခဲ့၍လား ။ မသိ​တော့ ။

​ကောင်းကင်မှာ ကြယ်​​တွေပဲ ​ကြွေတတ်သလား ( Ongoing ) Where stories live. Discover now