ချစ်ခြင်းတရားသာ အရာရာ

42 1 0
                                    


မနက်​စော​စော အချိန်တွင် ​ရှေး​ဟောင်းပုံစံ အိမ်ကြီး၏ ဒုတိယထပ်ရှိ နှစ်​ယောက်အိပ်ကုတင်ကြီး​ပေါ်၌ ​နေသစ်ချိုတစ်​ယောက် အိပ်​ပျော်​နေသည် ။ ​မည်သူမျှ မသိ​သော ​နေသစ်ချို၏ လျှို့ဝှက်​နေရာဖြစ်သဖြင့် အိမ်ကြီးသည် အပ်ကျသံမှအစ မကြားရ ။ တိတ်ဆိတ်မှုသာအတိ ။ ထိုအချိန်တွင် ​လှေကားမှ ဖြည်းညင်းစွာ တက်လာ​သော ​ခြေသံတစ်ခု ထွက်​ပေါ်လာသည် ။ ​ခြေသံသည် ​နေသစ်ချိုရှိရာ အခန်း​ရှေ့တွင် ရပ်တန့်သွားကာ ​ရှေ့တိုး​နောက်ဆုတ် ​တွေ​ဝေ​နေပုံရသည် ။ ပြီး​နောက် လက်တစ်ဖက်ကို ​မြှောက်၍ တံခါးကို ​ခေါက်ဟန်ပြင်သည် ။ ပြီး​နောက် ပြန်ချသည် ။

​နောက်ဆုံး ထိုလူသည် ဆုံးဖြတ်ချက်ချလိုက်သည့်ပုံ ။ တံခါးလက်ကိုင်ကို တိတ်တိတ်​လေး အသံမထွက်​အောင် ဖွင့်သည် ။ အခန်းအတွင်းကို တစ်ချက်မျှ ​ချောင်းကြည့်ကာ အိမ်ကြီးပိုင်ရှင် အိပ်​နေမှန်း​သေချာ​တော့မှ နှုတ်ခမ်းကို ဖိပိတ်၍ အခန်းတွင်း ​ခြေချသည် ။ တံခါးကို ပြန်ပိတ်ကာ ကုတင်​ခြေရင်းသို့ တ​ရွေ့​ရွေ့ တိုးကပ်သွား​လေသည် ။

" သူ​ဌေးက အိပ်​နေလည်း ဆွဲ​ဆောင်မှု ရှိတာပဲ " ဟု ထိုလူ​တွေးလိုက်မိသည် ။ ​စောင်အဖြူ​ရောင်​လေးကို ဝမ်းဗိုက်အထက်နားထိသာ ခြုံထားပြီး မျက်နှာရှင်းရှင်းနှင့် ရင်အုပ်ကျယ်ကျယ်ကို မြင်​နေရသည် ။ အသက်ရှူလိုက်​သောအချိန် ရင်အုပ်ဟာ မြင့်တက်သွားပြီး ရှူထုတ်လိုက်ချိန် ​အောက်ဘက်သို့ ပြန်ကျသွားသည် ။ ထိုလူသည် တစိမ့်စိမ့် ကြည့်​နေရင်း ကြည့်​နေရင်းဖြင့် ​နောက်ဆုံး မ​နေနိုင်စွာ အိပ်​နေသူ၏ မျက်နှာကို ထိကိုင်ကြည့်ရန် လုပ်လိုက်သည် ။ တုန်ရီစွာ ထွက်​ပေါ်လာ​သော ထိုလူ၏ လက်​ချောင်းများသည် ​နေသစ်၏ မျက်နှာနား တစစ နီးကပ်လာ​နေပြီ ။ လက်​ချောင်းများနှင့် မျက်နှာ ထိကပ်ခါနီးတွင် ​နောက်ပြန်ဆုတ်လိုက်သည် ။ ပြီး​နောက် ထိုလူက သူ့လက်ဖြင့် သူ့ပါးသူ ပြန်ရိုက်၍ သတိ​ပေးစကား​ပြော​နေသည် ။

" အသိစိတ်ကပ်စမ်း ထွန်းစံပိုင် !! "

ထိုအချိန်တွင် အိပ်ရာ​ပေါ်မှ လူကလည်း နိုးထ,လာသည် ။ ​ဘေးမှာ ရပ်​နေ​သော အရိပ်တစ်ခုကို ဖမ်းမိချိန်တွင် ​နေသစ်ချိုသည် ​ခေါင်းအုံး​အောက်မှ ​သေနတ်ကို လက်လှမ်းလိုက်သည် ။ ပြီး အရိပ်ရှိရာ မျက်နှာမူလိုက်​သောအခါ

​ကောင်းကင်မှာ ကြယ်​​တွေပဲ ​ကြွေတတ်သလား ( Ongoing ) Where stories live. Discover now