မိုင်း က ထယ်ယောင်းအိမ်ရောက်တော့ တီတီယောင်း ကို ပြသနာရှာပါတော့သည်
'တီတီယောင်း မုန့်ဟင်းခါး ချက်တာကို မိုင်းကိုမခေါ်ဘူး .... သိပါတယ် မိုင်းကို မချစ်တော့တာမလား'
'မဟုတ်တာကွယ် .... မိုင်း မနိုးသေးဘူးထင်လို့ အရင်ပို့ခိုင်းလိုက်တာကွယ် ... မိုင်း နိုးရင် ခေါ်လာခဲ့လို့ ထယ်ယောင်း ကိုမှာလိုက်တယ်လေကွယ်..'
မိုင်းက ထယ်ယောင်းကို မျက်စောင်းထိုးကြည့်သည် မို့ ထယ်ယောင်းလဲ မသိချင်ယောင်ဆောင်ကာ ပခုံးတွန့်ပြသည်.....
'ကိုကို!'
'ဗျာ......'
'ကိုကို မခေါ်တာမိုင်းကို'
'ကိုကို ခေါ်မလို့ကို မိုင်းက ဖြတ်ပြောတာကို ကွာ....'
'ရှိစေတော့.... ကိုကိုနော်'
'ဟောဗျာ.... အဆိုးလေး'
မိုင်းက မျက်နှာလေးငယ်သွားကာ ငိုမဲ့မဲ့လေးဖြစ်နေသည်
အမှန်စင်စစ် မိုင်းက ကိုကို့အတွက်အဆိုးလေး မဖြစ်ချင်ပါ...
သူဆိုးလို့ ကိုကို၀န်လေးမှာ စိုးရိမ်ပါသည်
မိုင်းသည် ကိုကိုပြောသမျှကို sensitive ဖြစ်လွန်းသည်
ထယ်ယောင်းက မိုင်းကို တစ်ချက်ကြည့်ကာ မျက်နှာလေးငယ်နေတာမို့ သူစကားမှားသွားတာကို သိသည်
'မိုင်း....'
'ဟင်'
'shopping သွားမလား ကိုကိုနဲ့'
shopping ဟူသောစကားကြောင့် မိုင်း မျက်နှာလေး လက်သွားကာ ခေါင်းကို ဆက်တိုက် ပုတ်သင်ညိုလေးလို ငြိမ့်ပြသည်....
ထယ်ယောင်းလဲ ထိုမှ အပူလုံးကြီး ကျသွားတော့သည်
shopping ထွက်ရတာကို အဲ့လောက်ပျော်ရလား .....
'ကိုကို' နဲ့ ဟူသော စကားကြောင့် မိုင်းပျော် သွားတာကိုတော့ မိုင်းကလွဲ မည်သူမှ မသိပါချေ
ကိုကိုကလေ အရမ်းချောလာတာ...
ကိုကိုက ပြုံးလိုက်ရင်အရမ်းလှတာ ....
YOU ARE READING
One Side Love (528 to 1500)
Romanceကိုကို့ကို ချစ်တယ် ညီမလေးကိုပြန်ချစ်နိုင်မလားဟင် sry ကလေးလေး ကိုကိုက ညီမလေးလိုပဲချစ်တာပါ