မိုင်း ဒီနေ့ ကျောင်းပိတ်ရက် မို့ အိမ်မှာပဲ သူငယ်ချင်းတွေနဲ့ chill ရန် စီစဥ်ထားသည်
ဂျီအွန်းကိုလဲ ခေါ်ထားသည်
ဂျီအွန်းက အခုမှ စခင်တာဆိုပေမဲ့ မိုင်းက အမြဲ အပေါင်းအသင်းဆို စိတ်ရင်းနဲ့ ကောင်းပေးတတ်သည်
တီ....တောင်
ဘဲလ်တီးသံကြားသည်မို့ မိုင်းအမြန်လှေကားပေါ်ကဆင်းကာ တံခါးဖွင့်လိုက်သည်
'နာနာ နဲ့ ရယ်နာပဲ ဝင်လေ ဒါနဲ့ ဂျီအွန်းရော'
'အချိန်ပိုင်းရှိလို့ ခနနေမှ လာမယ်လို့ စာပို့ထားတယ်လေ'
'အယ် ဟုတ်လား ဝင်မကြည့်မိဘူး လာလာ ဝင် ကြ'
'မိုင် .. ငါတို့ ဂျီအွန်းလာမှ စားကြမလား'
'အွန်း ကောင်းတာပေါ့ ခနနေရောက်လောက်ပါပြီ'
မိုင်းတို့လဲ စကားပြောကြ ဖုန်းသုံးရင်း အတင်းပြောကြနဲ့ အချိန်ကား နေ့လည် ၁၂ ရှိသည်
ထယ်ယောင်းတစ်ယောက်မကြာခင်ဘွဲ့ရတော့မှာမို့ ဖေဖေတို့ဖြစ်စေချင်တဲ့အတိုင်းစီးပွားရေးဘက်ကိုသာအခြေချဖြစ်မည်
ထို့ကြောင့်သူကစီးပွားရေးမေဂျာကိုယူခဲ့တာဖြစ်သလို ကိုယ်တိုင်လဲစိတ်ဝင်စားပါသည်အခုတော့ ထယ်ယောင်းတစ်ယောက် ဘွဲ့ယူရန် assignment ရေးရင်း ဖေဖေ့ company ကိုမကြာမကြာလိုက်သွားကာ လေ့လာဖြစ်သည်
ဒါက သူ့ရဲ့ဘွဲ့ယူ assignment အတွက်အထောက်အကူဖြစ်စေသလို သူ့အတွက်လဲအကျိုးမယုတ်ပဲ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲမလားဒီနေ့တော့ထယ်ယောင်းတစ်ယောက်က ဖေဖေနဲ့အလုပ်လိုက်သွားပြီး လေ့လာစရာရှိတာတွေမှတ်လာကာ အိမ်ကိုပြန်ပြီး assignment တွင်ထည့်ရေးမည်ဖြစ်သည်
ဒါကြောင့်နေ့ဝက်နှင့်ပြန်လာကာ လမ်းတွေကလဲဒီနေ့မှပိတ်နေရသည်လို့....စက်ဘီးတွေ ဆိုင်ကယ်တွေက ကြားထဲကဖြတ်ဖြတ်ဝင်တာမို့ ထယ်ယောင်းသတိထားကာ ကားမောင်းရသည်
သတိထားရင်ပိုဖြစ်တယ် ရှောင်ရင်ထိပ်တိုက်တွေ့တယ်ဆိုတာ ဖြစ်ဖူးကြတယ်မလား
ထယ်ယောင်းလဲ ထိုသို့ပင် သတိထားနေရင်းကြားကမှ စက်ဘီးကဖြတ်ဝင်လာတာမို့ လမ်းဘေးကိုအမြန်ဆွဲချလိုက်ကာ.......
YOU ARE READING
One Side Love (528 to 1500)
Romanceကိုကို့ကို ချစ်တယ် ညီမလေးကိုပြန်ချစ်နိုင်မလားဟင် sry ကလေးလေး ကိုကိုက ညီမလေးလိုပဲချစ်တာပါ