11

264 18 3
                                    

At canteen

'မိုင်.... အကိုထယ်ယောင်းကလေ မနေ့ကလဲစကားလာပြောတယ်သိလား'

'ဟင် ကိုကိုကလား'

'အွန်း....'

'ဘာတွေလာပြောတာလဲ'

အာ....အဲ့တာတော့နင်ကြည့်ချင်ရင်ပြမယ်လေ

ဂျီအွန်းက အခုတလောပိုသွက်လာကာ မိုင့်နားမှာပဲကပ်နေတတ်သည်
တစ်ခါတစ်လေ ထယ်ယောင်းအကြောင်းတွေပြောတတ်သလို တစ်ခါတစ်လေသူလိုချင်တာတွေလဲ မိုင့်ကို မသိမသာပူဆာတတ်သေးသည်

မိုင်က ရိုးလွန်းသူပီပီ သူငယ်ချင်းဟုဆိုကာ ဝယ်ပေးတတ်သည်

ဘာလို့သူလိုသမျှနင်ကပဲဝယ်ပေးနေတာလဲဟုမေးရင် ဂျီအွန်းကငါတို့လိုမဟုတ်ဘူး သူ့မှာအခက်အခဲတွေနဲ့မို့ ပျော်စေချင်တယ်ဟုဖြေတတ်သည်

ထိုသို့ဖြေတိုင်း နာနာတို့ကမကြည်ကြည့် ကြည့်တတ်သေးသည်

အခုတလော နာနာတို့ကဂျီအွန်းကိုမကြည်ပါ
အရင်အပတ်က ဂျီအွန်းအပြောတွေကြောင့်လဲပါမည်ထင်သည်

နင်အရမ်းအလွန်းရင် ဟိုကနင့်ကိုခေါင်းပေါ်တက်နင်းသွားမယ်ဟုပြောတတ်သေးသည်

အတွေးတွေကို ရပ်ပြီး ဂျီအွန်းပြတဲ့ conversation ကို ကြည့်လိုက်သည် 

ထို့နောက် မိုင့် လက်တွေတုန်လာကာ မျက်ရည်တွေလဲ ၀ဲလာသည် 

ဟင့်အင်း သူတို့က.....

ကိုကိုက လဲ အဲ့လို မဟုတ်ပါဘူး သူ....သူ သဘောကျရင် ငါ့ကိုပြောမယ် ပြောထားတာပဲလေ 

အခုက ဘာမှ မဟုတ်သေးပါဘူး စကားအသွားအလာအရ သဘောကျနေတဲ့ အယောင်ရှိပေမဲ့ မဟုတ်လောက်ပါဘူး...

'မိုင်...'

'ဟင် ..'

'ဘာတွေတွေးနေတာလဲ မဟုတ်မှ... ငါ့ကို စိတ်ခုနေတာလား'

'အာ...မဟုတ်တာ..ဒါနဲ့ ကိုကိုနဲ့ ခင်တာ ဘယ်လောက်ကြာပြီလဲ'

'၂ လလောက်ရှိပြီ အကိုက မပြောပြဘူးလား'

'ဟင်... အင်းး မသိလိုက်ဘူး'

'အော်... အကိုထယ်ယောင်းက ‌မသိစေချင်တာထင်တယ်'

One Side Love (528 to 1500)Where stories live. Discover now