မုန့်စားဆင်းချိန်ရောက်နေတာမို့ မိုင်းလဲ စာအုပ်တွေသိမ်းကာ မုန့်စျေးတန်းကိုသွားမည် အလုပ် ဘေးကတစ်ယောက်ကို ကြည့်မိတော့ စာအုပ်ထုတ်ကာ စာလုပ်နေတာကြောင့်
အော် စကော်လာရ ကျောင်းသူဆိုတော့လဲ .....
နေပါအုံး မုန့်စားမဆင်းဘူးလားသူက......
'ဂျီအွန်းရှီး.......မသွားဘူးလား'
'အာ......မသွားတော့ပါဘူး သွားရင်မုန့်ဖိုးကုန်တယ်'
'ဟင်.......လာပါ အတူသွားမယ်လေ'
'အာညီး.......အချိန်ပိုင်းအလုပ်ကရတဲ့စရိတ်နဲ့က အသုံးစရိတ်မကာမိဘူးမို့ချွေတာရမယ်'
အော်......စကော်လာရတဲ့ကျောင်းသူကိုးးးး ဒါ့အပြင်အချိန်ပိုင်းလဲလုပ်သေးတာလား ဂျီအွန်းကအများကြီးပင်ပန်းမှာပဲ......
'လာလေ အတူသွားကြတာပေါ့ အတူမျှစားကြမယ်လေ ဂျီအွန်းကိုသူငယ်ချင်းလုပ်တဲ့အနေနဲ့ ဒကာခံမယ်'
'အာ.....အားနာစရာ'
'လာပါ ကဲ.......'
ဂျီအွန်းလဲ မိုင်းဆွဲရာနောက်သို့ပါသွားရသည်
'မိုင် ရေ ငါတို့ ဒီမှာ....'
canteen မှာ ရယ်နာတို့က ရောက်နှင့်နေတာကြောင့် လှမ်းခေါ်ကြသည်
'ဂျီအွန်း လာ ဟိုမှာ ရယ်နာတို့ ရောက်နေပြီ အဲ့မှာထိုင်ကြတာပေ့ါ'
'အာ.... ဟုတ်'
'ရယ်နာ .... ဒါက ဂျီအွန်းတဲ့'
'အာ.... ကျောင်းသူသစ်'
'ဂျီအွန်းကိုလဲ ငါတို့နဲ့ သူငယ်ချင်းလုပ်ခိုင်းမယ်နော်'
'အာညော် .... ငါက nana မိုင့် သူငယ်ချင်းဆိုတော့ ငါတို့ သူငယ်ချင်းပဲပေါ့'
'ရယ်နာပါ ရှေ့လျှောက် ခင်ကြတာပေါ့'
'ဂျီအွန်းပါ ခင်ပေးကြလို့ ကျေးဇူးတင်ပါတယ်နော်'
'ဂျီအွန်း သူတို့နဲ့က အေးဆေးပေါ့ပေ့ါပါးပါးပဲ'
'ဟုတ်'
'ဘာမှာကြမလဲ'
'ငါတော့ပိုကီ မှာထားတယ်'
ဟု နာနာ က ပြောသည်
YOU ARE READING
One Side Love (528 to 1500)
Romanceကိုကို့ကို ချစ်တယ် ညီမလေးကိုပြန်ချစ်နိုင်မလားဟင် sry ကလေးလေး ကိုကိုက ညီမလေးလိုပဲချစ်တာပါ