ထယ်ယောင်းတစ်ယောက် မိုင်းကို စောင့်နေခြင်းဖြစ်သည်
မနေ့ညက ice skate လေ့ကျင့်မလို့ လိုက်ပို့ပါဟုပြောထားတာကြောင့် မိုင်းအိမ်ကို ရောက်လာခြင်းဖြစ်သည်။
'ကိုကို ရောက်နေတာကြာပြီလား'
'ကြာပြီပေါ့ မင်းသမီးလေးကို စောင့်နေတာ'
'ဟီး ..... မင်းသမီးလေးကို အခြားသူတွေထက် ဦးစားပေးရမှာသိတယ်မလား'
မိုင်းက ထယ်ယောင်းကို စမ်းသပ်သလိုနှင့် မေးနေခြင်းဖြစ် သည်
ထယ်ယောင်းကတော့ မိုင်း အပြောကို သဘောတကျရယ် ကာ ပြန်ဖြေသည်
'ဒါပေါ့ဗျ.... ဘယ်သူ့ကို ဦးစားပေးစရာရှိလို့လဲ အဲ ဒါပေမဲ့ .....'
'ဒါပေမဲ့ ဘာလဲဆက်ပြောလေကိုကို'
မိုင်းက သိချင်လွန်းပုံ ပေါ်နေတာမို့ ထယ်ယောင်းတမင်မဖြေပဲ ရှေ့က ထွက်သွားသည်
မိုင်းရင်ထဲ ပူလာရသည် ..
ရေဆာသလိုလို နဲ့ ရင်ထဲကအတော်ကိုပူနေတာဖြစ်သည်။
ကိုကိုက စနောက်သွားပေမဲ့ မိုင်းကတော့ အတော်လေးရင်ထဲပူလောင်သွားသည်
မိုင်း ကိုယ်ပိုင်ခံစားချက်တွေကိုလဲ ညက သေချာစဥ်းစားပြီးဖြစ်သည်
ကိုကို့ကို ဘယ်သူ့ကိုမှ မပေးချင်ပါ မိုင်း ကိုကို့အပေါ် ခံစားချက်တွေရှိလာပြီဖြစ်သည်
ထိုသည်ကိုလဲ ကိုကို့ ကို ပေးသိဖို့ အစီအစဥ်ရှိသည် အချိန်တန်ရင်ပေါ့...
အခုနေပြောလိုက်လို့ ကိုကိုငြင်းမှာ ဆိုးပါသည်....
တဖြည်းဖြည်းချင်း ကိုကို့ရင်ထဲရောက်အောင်သာ ကြိုးစားလိုပါသည်။ ကိုကိုသာ....
'ကိုကို ခုနကဟာ ဖြေအုံးဆို'
'ဟက် ... ဘာလို့ အရမ်းသိချင်နေတာတုန်း'
'မရဘူးကွာ... သိရမှကိုဖြစ်မယ်'
'ဟာ... ဒီကောင်မလေးအတင်း ဘာလဲ ကိုကို့ ကို ကြိုက်နေတာလား'
ထယ်ယောင်းက စလိုက်တာကြောင့် မိုင်းမျက်နှာလေး ရဲခနဲ ဖြစ်သွားသည်
YOU ARE READING
One Side Love (528 to 1500)
Romanceကိုကို့ကို ချစ်တယ် ညီမလေးကိုပြန်ချစ်နိုင်မလားဟင် sry ကလေးလေး ကိုကိုက ညီမလေးလိုပဲချစ်တာပါ