မိုင်းတို့ ကန်တင်းတွင် ဖြစ်သည်
မနေ့က ဂျီအွန်း ကိစ္စနဲ့ ပတ်သက်ပြီး သူတို့အကုန်လုံးစကားမဟပေ
အကြောင်းမှာ ဂျီအွန်းအနေခက်မှာစိုး၍ဖြစ်သည်
လူတစ်ယောက်ကို ကူညီရာတွင် တိုးတိုးတိတ်သာကူသင့်ပါသည်
နင့်ကိုငါတို့ ကူထားတာဆိုပြီး ပြောကာကူညီရင် ကာယကံရှင် အနေနဲ့ ရှက်သွားလိမ့်မည်ဟု မိုင်းတို့ ခံယူပါသည်
အများကြီး မဟုတ်သော်ငြား ဂျီအွန်းပိုက်ဆံစုရာတွင် အဆင်ပြေနိုင်ရန် ပိစိလေးကနေစပြီး မသိမသာကူမည် ဖြစ်သည်
အခုလဲ ကန်တင်းတွင် မုန့်စားကြမည်ဖြစ်သည်
ခနနေတော့ ဂျီအွန်းရောက်လာသည်
'မိုင် ငါနည်းနည်းနောက်ကျသွားတယ် နာနာတို့ဘာမှာထားလဲ မှာကြမယ်လေ'
'မှာထားပြီးပြီ နင်ကြိုက်တဲ့ bibimbap လဲ မှာထားတယ်'
'ကျေးဇူးပါနော် ငါပြန်ပေးမယ်လေ'
'ရတယ် နာနာဝယ်ကျွေးတာတဲ့ သူဒီနေ့ မုန့်ဖိုးရလာတယ်လေ'
'အာာ... ဟုတ်လား'
'သူကဘောစိလေ နာနာက အပတ်တိုင်းဝယ်ကျွေးနေကြ စိတ်ထဲမထားနဲ့'
'အင်းပါ...'
ခနနေတော့ မှာထားတာတွေရောက်လာကာ စားသောက်ကြသည် ပြီးနောက် အတန်းတက်ကြသည်
ကျောင်းဆင်းချိန်ရောက်တော့ ဂျီအွန်းက အသည်းအသန် အရင်ပြန်ရန်ပြင်သည် မို့ မိုင်းတို့ ကြောင်သွားရသည်
ထို့နောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တစ်ခုခုကိုသိသွားဟန်နှင့် အနောက်ကလိုက်ရန်ပြင်သည်
မိုင်းတို့ တိတ်တဆိတ်လိုက်သွားကြရာ ဂျီအွန်းက ကျောင်းနောက်ပေါက်က လမ်းကြားတစ်ခုထဲဝင်သွားသည်
ထို့နောက် လူသံကြားရတာကြောင့် မိုင်းတို့ အခြေအနေ ကြည့်ကာ နေလိုက်သည်
'ဘယ်မလဲ ပိုက်ဆံ ကလေးမ'
ဂျီအွန်းတစ်ယောက် အချိန်ပိုင်းကနေ လစာကြိုထုတ်ရန် ပြောကြည့်သော်လည်း သူဌေးက လက်မခံပေ
YOU ARE READING
One Side Love (528 to 1500)
Romanceကိုကို့ကို ချစ်တယ် ညီမလေးကိုပြန်ချစ်နိုင်မလားဟင် sry ကလေးလေး ကိုကိုက ညီမလေးလိုပဲချစ်တာပါ