မိုင်မိုင်း အိမ်ပြန်ရောက်တော့ အမေက ဆူသည်
အကြောင်းမှာ ကိုကိုက မိုင်မိုင်း ကျောင်းကအပြန်မှာချော်လဲလာသည်ဟူ၍ပြောလိုက်ခြင်းကြောင့်ဖြစ်သည်ကလေးမဟုတ် သူငယ်မဟုတ် လမ်းကိုကြည့်မသွားရလား ဟုဆိုကာ ဆူတာဖြစ်သည်
မိုင်မိုင်းလဲ ဆူတော့ဆူခံရပေမဲ့ ဘူလီလုပ်ခံရလို့အမေစိတ်ပူမှာထက်စာရင် တော်ပါသေးသည်.....
...................
ထယ်ယောင်းတစ်ယောက် မိုင်းကိုလိုက်ပို့ပြီးပြန်လာတော့ ရေချိုးကာ အိပ်ရာပေါ်ပစ်လှဲချလိုက်သည်
ထို့နောက်........
ဟိုကောင်မလေးရောအဆင်ပြေရဲ့လားမသိဘူး.....
အမြဲအခုလိုပဲကျောင်းကိုလိုက်လာပြီးပြဿနာရှာခံနေကြလားမသိပါဘူး ......အဆင်ပြေလားလို့သွားမေးရင်ကောင်းမလား......
ထယ်ယောင်းတစ်ယောက်ဖုန်းကိုကောက်ကိုင်လိုက်ကာ ဂျီအွန်း acc ထဲဝင်လိုက်သည်
ထို့နောက် ပြန်ချကာ.....
အာညီး မေးလ်ိုက်ရင်တစ်မျိုးဖြစ်သွားမလား
ဒါမဲ့ မေးသင့်တယ်မဟုတ်ဘူးလား
လူမှုရေးအရလေထို့နောက်ဖုန်းကိုတစ်ဖန်ပြန်ကိုင်ကာ messenger ထဲဝင်ပြီး hi လိုက်သည်
ပြီးတော့....
'အဆင်ပြေရဲ့လားဒီနေ့' ဆိုတဲ့စာကိုပါထပ်ပို့လိုက်သည်ထို့နောက်တည်တည်ငြိမ်ငြိမ်ဖြင့် ဖုန်းကိုချကာ အလုပ်ပြန်လုပ်နေလိုက်သည်
Tong........
Messenger က noti တက်သံကြားသည်နှင့်ထယ်ယောင်း laptop ကိုခနပိတ်ကာ ဖုန်းကိုကိုင်လိုက်သည်
'ဟုတ်ပြေပါတယ် မိုင် ရောအဆင်ပြေရဲ့လား'
'အင်း မိုင်းကနည်းနည်းထိသွားတယ်'
'အားနာပါတယ် ညီမကြောင့်'
'ဒါပေါ့ မင်းမှာအကြွေးတွေအများကြီးတင်နေပြီနော်'
'ဟုတ် ညီမသိပါတယ် ဒီနေ့ကူညီပေးတာလဲကျေးဇူးတင်ပါတယ်'
ထယ်ယောင်း ဟက်ခနဲရီမိသွားသည်
မိုင်းကိုတော့အားနာပေမဲ့ သူကနာမည်ကောင်းဝင်ယူသလိုဖြစ်နေမလား
အမှန်ဆို မိုင်းသာဝင်မကာခဲ့ရင် အခုလောက်ထိအေးချမ်းနေမှာမဟုတ်ဘူးမလား
YOU ARE READING
One Side Love (528 to 1500)
Romanceကိုကို့ကို ချစ်တယ် ညီမလေးကိုပြန်ချစ်နိုင်မလားဟင် sry ကလေးလေး ကိုကိုက ညီမလေးလိုပဲချစ်တာပါ